နိုင်ငံခြားသားများ ငှားရမ်းမှုကြောင့် ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်းများ အငှားသွက်ပြီး ဈေးမြင့်လျက်ရှိနေ

နိုင်ငံခြားသားများ ငှားရမ်းမှုကြောင့် ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်းများ အငှားသွက်ပြီး ဈေးမြင့်လျက်ရှိနေ

ရန်ကုန်မြို့တွင်းရှိ ကွန်ဒိုတိုက်ခန်းများ ငှားရမ်းမှုမှာ ယခုနှစ်ပိုင်းအတွင်း သိသိသာသာ မြင့်တက်
လာခဲ့ပြီး ဈေးနှုန်း များမှာလည်း မြင့်မားလျက်ရှိသည့်အပြင် အဆိုပါ ကွန်ဒိုတိုက်ခန်းများ အား
ပြည်ပနိုင်ငံများမှရောက်ရှိလာ သည့် နိုင်ငံခြားသားများ၏ ငှားရမ်းမှုမှာ ပိုများကြောင်း အိမ်ခြံမြေ
အကျိုး ဆောင်လုပ်ငန်းများက ပြောသည်။

"ဟိုတယ်တွေမှာ ရုံးခန်းတွေ ဖွင့်ခွင့် မပေးတော့ဘူးဆိုကတည်းက နိုင်ငံခြားသားတွေက ကွန်ဒို
တိုက်ခန်းတွေကို ငှားလာကြတယ်။ အထူးသဖြင့် ရုံးခန်းဖွင့်ဖို့အတွက် အဆင်ပြေဆုံးဖြစ် တဲ့ ကွန်
ဒိုတွေကပိုပြီးအငှားသွက်လာ တယ်။ ကွန်ဒိုတွေက ဟိုတယ်နီးပါးလောက် ၀န်ဆောင်မှုတွေ
ရှိတယ်။ နောက်ပြီး မြန်မာနိုင်ငံကို စီးပွားရေးလုပ်ဖို့ ရောက်လာကြတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ
ကလည်း ဒီနောက်ပိုင်းများလာတော့ ကွန်ဒိုငှားရမ်းမှုက များများလာတယ်။ ရန်ကုန်မြို့မှာ ကွန်ဒို
တွေက ကုန်သလောက်ကို ဖြစ်နေပြီ" ဟု ၀င်းရွှေဝါ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိ
သူတစ်ဦးဖြစ်သူ ဒေါ်မို့မို့အောင်က ပြောသည်။

ထို့ပြင် ရန်ကုန်မြို့တွင်းရှိ ကွန်ဒို တိုက်ခန်းငှားရမ်းမှုတွင် ၈၀ ရာခိုင် နှုန်းခန့်မှာ ပြည်ပမှရောက်ရှိ
လာသည့်နိုင်ငံခြားသားများဖြစ်ပြီး ၂၀ ရာခိုင်နှုန်းခန့်မှာ ပြည်တွင်းငှားရမ်းမှုဖြစ်ကြောင်း ဖီးနစ်
အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ကိုထွန်းထွန်းက ပြောသည်။

"ကွန်ဒိုတိုက်ခန်းအရောင်းနဲ့အငှား ဆိုရင် အငှားက ပိုပြီးသွက်တယ်။ ပြည်ပ က ၀င်လာတဲ့သူတွေ
က အရမ်းကိုငှားကြတယ်။ နိုင်ငံခြားသားတွေရဲ့ ငှားနှုန်းက တော်တော်မြင့်လာတယ်။ အရင်နှစ်
တွေထက် ဒီနှစ်ကပိုများလာ တယ်။ မြန်မာတွေငှားတာတောင် သိပ် မရှိဘူး။ အငှားများလာတော့
ဈေးတွေ ကလည်း မြင့်လာတယ်"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ကွန်ဒိုများ၏ ဈေးနှုန်းများမှာလည်း အရင်နှစ်များနှစ်များထက် သုံးဆခန့် မြင့်တက်ခဲ့ပြီး ကွန်ဒိုတိုက်
ခန်းပေါ်မှုတည်ကာ ဈေးနှုန်းမှာ ပြောင်းလဲကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ
အထွေထွေအတွင်း ရေးမှူးဖြစ်သူ ဒေါ်မို့မို့အောင် က ပြောသည်။

"အရင်တုန်းက ကွန်ဒိုတစ်ခန်းကို ပျှမ်းမျှ ငါးသိန်းပတ်လည်လောက်ပဲ ရှိတာ အခုတစ်ခန်းကို ခုနစ်
သိန်းကနေ ၁၅ သိန်းလောက်ထိ တက်သွားတယ်။ နိုင်ငံခြားသားတွေ အနေနဲ့ကလည်း သူတို့က
ငှားလို့ပဲရတော့ သူတို့တွေများများဝင်လာတာနဲ့အမျှ ကွန်ဒိုငှားရမ်းမှုကလည်း မြင့်လာမှာပဲ။ အဲဒါ
ကြောင့် အစိုးရအနေနဲ့ အိမ်ရာအသစ်တွေ၊ ကွန်ဒိုအသစ်တွေ များများ ဆောက်ပေးမယ်ဆိုရင်
ကွန်ဒိုဈေးနှုန်း တွေ အရမ်းဈေးမြင့်တာမျိုးတွေနဲ့ ကြံုရ မှာမဟုတ်ပါဘူး။ နောက်ပြီး ကွန်ဒို မီနီယံ
ဥပေဒ ထွက်လာလို့ နိုင်ငံခြား သားတွေ ၀ယ်ယူနိုင်တဲ့ အခြေအနေ ဖြစ်လာခဲ့ရင်လည်း သူတို့တွေ
၀ယ်ကြမှာပါ"ဟု ၎င်းကပြောသည်။

ထို့ပြင် ကွန်ဒိုတိုက်ခန်းများ၏ ဈေးနှုန်းများ မြင့်တက်ရခြင်း၏ အကြောင်းအရင်းမှာ ငှားရမ်းမှုထက်
ကွန်ဒိုခန်းနည်းခြင်းဖြစ်သည့်အတွက် ကွန်ဒိုတည်ဆောက်သည့် ကန်ထရိုက်ဈေးခေါ်မှု များမှာလည်း
မြင့်တက်ခဲ့ကြောင်း ကိုထွန်းထွန်းက ပြောသည်။

"ကွန်ဒိုရဲ့ အငှားဈေးမြင့်သလို ကွန်ဒိုဆောက်တဲ့ ကန်ထရိုက်တွေရဲ့ ဈေးခေါ်နှုန်းကလည်း အရမ်းမြင့်
တယ်။ သူတို့တွေက ဈေးအမြင့်ခေါ်တော့ အရင်ရှိပြီးသားသူတွေက ဈေး တက်ပြီးရောင်းမှ
နောက်ပြန်ဝယ်နိုင် မယ့် အနေအထားမျိုးဖြစ်နေတယ်။ အခု နောက်ပိုင်းအသစ်ဆောက်တဲ့ တချို့
ကွန်ဒိုတွေဆိုရင် တစ်ခန်းကို သိန်း ငါးထောင်ကျော်လောက် ဈေးခေါ် တယ်။ အရင်က အဲဒီလောက်
ဈေးမခေါ် ဘူး။ မနှစ်ကဆိုရင် ကွန်ဒိုအရောင်း ဈေးက တစ်စတုရန်းပေကို တစ်သိန်း၊ တစ်သိန်းခွဲ ၀န်း
ကျင်ပဲရှိတာ ဒီနှစ် ပိုင်းလောက်ကစပြီး တစ်စတုရန်းပေ ကို တစ်သိန်းခွဲကနေ နှစ်သိန်းထိ ဈေး
ပေါက်ကုန်တယ်"ဟု ၎င်းကပြောသည်။

နိုင်ငံခြားသားများ၏ လုံးချင်း အိမ်ငှားရမ်းမှုမှာ မနှစ်ကထက်နည်းပါးလာပြီး ကွန်ဒိုငှားရမ်းမှုအပေါ်
ပိုမိုစိတ်ဝင်စားကာ ကွန်ဒိုအငှားဈေး နှုန်းမှာ လုံးချင်းအိမ်ငှားဈေးထက်ပို၍သက်သာသည့်အတွက်
ကွန်ဒိုငှားရမ်းနှုန်းမြင့်တက်လာရခြင်းဖြစ်ကြောင်း မိုးမြင့်သော်တာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း
မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အရင်တုန်းက နိုင်ငံခြားသားတွေ က လုံးချင်းအိမ်တွေကိုငှားကြတယ်။ ဒါပေမဲ့ သူတို့က ဒီမှာ
စီးပွားရေး လာလုပ်တာဆိုတော့ လုံးချင်းအိမ် အငှားဈေးက အရမ်းမြင့်လို့ နောက်ပိုင်း ကွန်ဒိုတွေရဲ့
ဈေးနှုန်းနဲ့ ၀န်ဆောင်မှု တွေကြောင့် ကွန်ဒိုဘက်ကိုပြောင်းလာ ကြတယ်။ ဒီနှစ်ပိုင်းထဲမှာ ကွန်ဒိုငှား
ရမ်းမှုက ထက်ဝက်နီးပါးလောက် ကို မြင့်လာတယ်။ အဲဒီလိုမြင့်လာတဲ့ နောက်ပိုင်းမှာ ဈေးတွေက
လည်း ဆက်တိုက် လိုက်တက်လာတယ်။ မနှစ် က ပရိဘောဂအစုံအလင်နဲ့ ၀န်ဆောင် မှု အပြီး
အစီးပါတယ်၊ ကားပါကင်ပါတဲ့ ကွန်ဒိုကောင်းကောင်းတစ်ခန်း ကို ကျပ် ၁၈ သိန်းလောက်ရှိတာ
အခု လက်ရှိပေါက်ဈေးက ကျပ် ၃၇ သိန်း လောက်ထိဖြစ်သွားတယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် ရန်ကုန်မြို့၌ ယခုထက်ပို၍ ကွန်ဒိုတိုက်ခန်းများအား တိုးချဲ့ ဆောက်လုပ်သင့်ကြောင်းနှင့်
ကွန်ဒိုများ ဆောက်လုပ်ပါကလည်း ကွန်ဒိုအဆင့်မီ ဆောက်လုပ်သင့်ကြောင်း အိမ်ခြံမြေဝန်ဆောင်
မှု အသင်း အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဒေါ်မို့မို့အောင်က ပြောသည်။

"ရန်ကုန်မြို့မှာ ကွန်ဒိုတွေဒီထက် မက လိုအပ်နေပါတယ်။ အခုနိုင်ငံ တကာက ၀င်ရောက်
လာတယ်ဆိုတာ က ၂၀၁၅ ခုနှစ်အတွက် လာလေ့လာ တဲ့သူတွေ အကောင်အထည် ဖော်ချင်
တဲ့သူတွေကပဲ လာကြတာဆိုတော့ ဒါဟာ တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်။ တကယ်လို့များ
၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံက အများကြီး တိုးတက်လာမယ်ဆိုရင် ၀င်လာမယ့် နိုင်ငံခြားသား
တွေက အများကြီးဖြစ်လာမှာပါ။ အဲကျရင် ဒီထက်မက နေဖို့ နေရာတွေ လိုအပ်လာမှာပါ။ အဲ့
ဒါကြောင့် နိုင်ငံတော်ရဲ့ အိမ်ရာတွေ ဘယ်လောက် တိုးချဲ့တည်ဆောက်ပေးမှုပေါ်လည်း မူတည်
နေပါတယ်။ များများ ဆောက်ပေးမယ်ဆိုရင်တော့ ကွန်ဒိုဈေးနှုန်းကြီးမြင့်မှုတွေနဲ့ ကြံုတွေ့ရမှာ
မဟုတ်ပါဘူး" ဟု ဒေါ်မို့မို့ အောင်က ပြောသည်။

"နောက်ပြီး ကွန်ဒိုတွေဆောက်မယ်ဆိုရင်လည်း ကွန်ဒိုအဆင့်မီဆောက် စေချင်ပါတယ်။ ဓာတ်
လှေကား ပါ တိုင်း ကွန်ဒိုမဟုတ်ပါဘူး။ ကွန်ဒိုတစ်ခု က ဈေးဝယ်စင်တာ ပါရမယ်။ ကား ပါကင်
ပါရမယ်။ အားကစားခန်းတွေ နားနေခန်းတွေပါရမယ်။ အဲဒီလို ပြည့်ပြည့်စုံစုံလေးဆိုရင် နိုင်ငံခြား
သားတွေလည်း အကြိုက်တွေ့မယ်၊ ကိုယ့် ပြည်တွင်းကလူတွေလည်း အကြိုက်တွေ့မှာပါ။ ဒါပေ
မဲ့လည်း ဒီမှာက မြေနေရာ အကျပ်အတည်းတွေရှိတဲ့ အတွက် အဆင့်မီကွန်ဒိုတွေက နည်းသေး
တာကို တွေ့ရတယ်။ ဒါပေမဲ့လည်း အတတ်နိုင်ဆုံး အဆင့်မြင့်ကွန်ဒိုတွေကို ဆောက်စေချင်ပါ
တယ်" ဟု ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်