အိုလံပစ်နေ့အထိမ်းအမှတ် ကျွမ်းဘားပြိုင်ပွဲကျင်းပ

အိုလံပစ်နေ့အထိမ်းအမှတ် ကျွမ်းဘားပြိုင်ပွဲကျင်းပ

မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်က ကြီးမှူး ကျင်းပသော အိုလံပစ်နေ့အထိမ်း အမှတ် ကျွမ်းဘားပြိုင်
ပွဲကို ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့က ကျိုက္ကဆံအားကစား ကွင်း၌ ကျွမ်းဘားအားကစားရုံသစ်
ဖွင့်ပွဲနှင့်အတူ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးအလွတ်တန်းပြိုင်ပွဲ၊ အမျိုးသား အမျိုးသမီးမျိုးဆက်သစ်
ပြိုင်ပွဲ၊ အမျိုးသား အမျိုးသမီး လူငယ် သွေးသစ်ပြိုင်ပွဲနှင့် အမျိုးသား အမျိုး သမီး နွေရာသီအခြေ
ခံတန်းပြိုင်ပွဲများ ပါ၀င်ပြီး အမျိုးသား အမျိုးသမီး ကျွမ်းဘားအားကစားသမား စုစုပေါင်း ၈၅ ဦး ၀င်
ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲအမျိုးအစားအားလုံးအတွက် ဆုတံဆိပ်ပေါင်း ရ၂ ခုချီးမြှင့်ခဲ့ပြီး အဆိုပါပြိုင်ပွဲကို ကျပ်သိန်း
၅၀ ခန့် အကုန်အကျခံ၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းသိရသည်။ အမျိုးသားအလွတ်တန်းပြိုင်
ပွဲတွင် အောင်ခန့်ဇော်က ပထမရရှိခဲ့ပြီး ဒုတိယဆုကို ဇင်လင်းဦး၊ တတိယဆုကို မျိုးဇော်ဦးတို့က
ရရှိခဲ့ကြသည်။

မြန်မာ့ ကျွမ်းဘားအားကစားတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်နှင့် တောင်ကိုရီး
ယားနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်တို့ နှစ်နိုင်ငံသဘောတူ ပူးပေါင်းစာချုပ် ချုပ်ဆိုခဲ့ကြသည်။ မြန်မာ့
လက်ရွေးစင် ကျွမ်းဘား အားကစားများအား တောင်ကိုရီးယား နိုင်ငံသို့စေလွှတ်၍ ပူးပေါင်းလေ့
ကျင့် စေခြင်း၊ မြန်မာနိုင်ငံတွင် လိုအပ်လျက် ရှိသော ကျွမ်းဘားအားကစား အထောက် အကူပြု
ပစ္စည်းများကို ထောက်ပံ့ကူညီ ပေးခြင်းတို့ကို တောင်ကိုးရီးယား ကျွမ်းဘားအဖွဲ့ချုပ်အနေဖြင့်
ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်