ကျယ်ကျယ်ဝန်းဝန်းနဲ့ လှပတဲ့ မရမ်းကုန်း မြို့နယ်က လုံးချင်းတိုက်အိမ်သစ်

ကျယ်ကျယ်ဝန်းဝန်းနဲ့ လှပတဲ့ မရမ်းကုန်း မြို့နယ်က လုံးချင်းတိုက်အိမ်သစ်
တည်နေရာ - ကျောက်ရေတွင်း၊ မရမ်းကုန်းမြို့နယ်။
ဈေးနှုန်း - ကျပ်သိန်း ၅,၅၀၀ (အရောင်း)။
ဖုန်း - ၀၉ ၈၆၁၃၃၈၈။
ဆက်သွယ်ရန် - ဖီးနစ် အိမ်၊ ခြံ၊ ဗမြ၊ ့ားနျင့် အထွေထွေဝန်ဆောင်မှုလုပ်ငန်း။

ဒီတစ်ပတ်အတွက်တော့ မရမ်းကုန်း မြို့နယ်မှာရှိတဲ့ ခြံလုံးချင်းကျယ်ကျယ် လေးနဲ့ မိတ်ဆက်ပေး
လိုက်ပါတယ်။ ခြံကလေးက ကျယ်ကျယ်လေးနဲ့ အခုမှ ပြင်ဆင်ပြီးတိုက်သစ်ဖြစ်တဲ့အတွက် လုံး
ချင်းခြံကျယ် ကြိုက်တတ်တဲ့ သူတွေ တော့ မရိုးနိုင်တဲ့အပြင် စိတ်ကြိုက် တွေ့စေပြီး သဘောကျ
မှာပါ။

ဒီခြံကလေးက အရောင်းသီးသန်း ဈေးဖွင့်ထားပြီးတော့ ခြံရဲ့ အကျယ် အဝန်းကတော့ စတုရန်းပေ
၅,၀၀၀ အကျယ်အဝန်းရှိတဲ့အတွက် ခြံကျယ် ကျယ်ကြိုက်နှစ်သက်တဲ့သူတွေ အတွက်တော့ စိတ်
ကြိုက်တွေ့စေမှာ ပါ။

ခြံရဲ့ထောင့်ဘက်မှာ လုံခြံုရေး ဒါမှမဟုတ် ခြံစောင့်တွေနေဖို့ အိမ် ကလေး သေးသေးလေး ရှိတာ
ကိုလည်း တွေ့ခဲ့ရပါတယ်။ ခြံရဲ့ ကြမ်းခင်းကိုတော့ အောက်ခင်း ကျောက်ပြားတွေ ခင်းပေးထားပြီး
ခြံရဲ့ ထောင့်ဘက်နားမှာ စကျင် ကျောက်တွေနဲ့ အလှဆင်ထားတဲ့ ရေတံခွန်ကလေးကို တွေ့ခဲ့ရပါ
တယ်။

ခြံထဲမှာက အလှဆင်ပေးထားတဲ့ သစ်ပင်မရှိတဲ့အတွက် ကိုယ့်စိတ်ကြိုက် အပင်တွေကို ရွေးချယ်ပြီး
စိုက်နိုင်မယ် လို့ ထင်ပါတယ်။ အိမ်ကိုတော့ ခြံနဲ့ လိုက်ဖက်မယ့် အတော်အသင့် ကျယ်လှတဲ့ နှစ်
ထပ် အိမ်ကလေးကို ဆောက်ထားပေးပါ တယ်။

အိမ်ကိုတော့ အမြဲတမ်းသုတ် နေကျ အရောင်ဖြစ်တဲ့ မရိုးနိုင်တဲ့ အဖြူရောင်ကလေးကို သုတ်ပေး
ထား ပါတယ်။ အိမ်ရဲ့ အဝမှာ တိုင်နှစ်ချောင်း နဲ့ ဆင်ဝင်ကို အရင်ဆုံးတွေ့ရမှာ ဖြစ်ပါတယ်။ ဆင်
၀င်ကနေ အိမ်ထဲကို၀င်မယ် ဆိုရင် ဧည့်ခန်းကို တွေ့ရမှာဖြစ်ပါ တယ်။ အိမ်ရဲ့အောက်ထပ်မှာတော့
အိပ်ခန်း နှစ်ခန်းရှိပါတယ်။

ပြီးတော့ ပြင်ပြီးသားဖြစ်တဲ့ နောက်ဖေးမီးဖို ချောင်ကို တွေ့ရမှာဖြစ်ပါတယ်။ ထမင်း စားခန်းနဲ့ မီးဖို
ခန်းကို သတ်သတ်ခွဲပေး ထားတဲ့အတွက် ကျယ်ကျယ်ဝန်းဝန်း နဲ့ မီးဖိုခန်းကိုအသုံးပြုနိုင်မှာ ဖြစ်
လို့ နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါ တယ်။ အိမ်ရဲ့ အပေါ်ထပ်မှာဆိုရင်လည်း အိပ်ခန်းသုံးခန်း ဖွဲ့
ပေးထားပါတယ်။

ပြီးတော့ ဘုရားခန်းကို သတ်သတ်ခွဲပေး ထားပါတယ်။ အပေါ်ထပ်မှာ လသာ ဆောင် ကျယ်ကျယ်
ရှိတဲ့အတွက် မိသားစုတွေ ညဘက်အေးအေး ဆေးဆေးနဲ့ နားနားနေနေ နေလို့ ရမယ့်အပြင် သစ်
ပင်လေးတွေစိုက်လို့ လည်း အဆင်ပြေမယ်လို့ ထင်ပါ တယ်။

ပြီးတော့ နောက်ထပ်ဝရန်တာ လေးတစ်ခုလည်း ရှိတဲ့အတွက် အပြင်ဘက် ထွက်နားချင်တဲ့သူတွေ
တော့ အကြိုက်တွေ့စေမှာပါ။ ဒီအိမ်ကလေးရဲ့ ထူးခြားချက် ကလေးတစ်ခုကတော့ အိမ်ကလေး
မှာ စုစုပေါင်း အခန်းငါးခန်း ပါ၀င်ပြီး တော့ အခန်းတိုင်းက ရေချိုးခန်းနဲ့ အိမ်သာတွဲဖက် ပါ၀င်ပြီး
သား အခန်း တွေပါပဲ။ ပြီးတော့ဒီအိမ်ကလေးမှာ စုစုပေါင်းလေအေးပေးစက်က ခုနစ် လုံး ပါ၀င်
ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်