| တည်နေရာ | - မိုးစန္ဒာလမ်း၊ ကမာရွတ်မြို့နယ်။ |
| ဈေးနှုန်း | - ကျပ် ၁၅ သိန်း(အငှား)။ |
| ဖုန်း | - ၀၉ ၄၃၁၂၇၂၈၈။ |
| ဆက်သွယ်ရန် | - (မြ)ပန်းသခင် အိမ်၊ ခြံ၊ ဗမြ အကျိုးဆောင်လုပ်ငန်း။ |
ဒီတစ်ပတ်အတွက် စိတ်ကြိုက်အိမ်ကတော့ လှည်းတန်း၊ စံရိမ်ငြိမ်နားမှာ ရှိတဲ့ ကွန်ဒိုလေးကို
မိတ်ဆက်ပေးချင်ပါတယ်။
ဒီကွန်ဒိုလေးက လှည်းတန်း မှာတည်ရှိပြီး သွားရေးလာရေး လွယ်ကူတဲ့ နေရာမှာရှိနေတဲ့အတွက်
စိတ်ကြိုက်တွေ့ကြမယ့် နေရာလို့ ထင်ပါတယ်။ ဒီကွန်ဒိုရှိတဲ့ မိုးစန္ဒာလမ်းမှာ ကွန်ဒို နဲ့ လုံးချင်းခြံ
လေးတွေပဲ ရှိလို့ ပတ်ဝန်း ကျင်က တိတ်တိတ်ဆိတ်ဆိတ်နဲ့ ရှိနေ တာကိုတွေ့ခဲ့ရပါတယ်။
ပြီးတော့ ဒီ ကွန်ဒိုတိုက်ခန်းလေးက အငှားသီးသန့် ဈေး ဖွင့်လှစ်ပေးထားပြီး အသင့်ပြင် ထားတဲ့
အိမ်ခန်းအသစ်ဖြစ်တဲ့ အတွက် ငှားနေမယ့်သူတွေအတွက် တော့ ချက်ချင်းတက်နေရင်လည်း
အဆင်ပြေမှာဖြစ်လို့ နှစ်သက်သဘော ကျကြမယ့်အိမ်လို့ ထင်ပါတယ်။ အိမ်ရဲ့ အကျယ်အဝန်းက
စတုရန်း ပေ ၁,၆၅၀ ကျယ်ဝန်းတဲ့အတွက် မိသားစုတွေအတွက်တော့ အတော်အသင့်ကျယ်ဝန်း
တယ်လို့ ထင်ပါတယ်။ ကွန်ဒို ဖြစ်လို့ လုံခြုံရေးနဲ့ ဓာတ်လှေကား နှစ်စင်းရှိတဲ့အတွက် အတက်အ
ဆင်း အဆင်ပြေစေမယ့် ကွန်ဒိုလေးပါ။
အိမ် ရဲ့ တံခါးမကို သံပန်းတစ်ထပ်နဲ့ သစ်သား တံခါးနဲ့ တစ်ထပ် ပြုလုပ်ပေးထားပါ တယ်။ အိမ်ရဲ့
၀င်ဝင်ချင်းမှာတော့ ဧည့်ခန်းကိုတန်းတွေ့ရမှာဖြစ်ပါတယ်။ ဧည့်ခန်းရဲ့ နောက်ကိုလိုက်ဝင်သွားရင်
ရေချိုးခန်းနဲ့ အိမ်သာတွဲလျက်ပါတဲ့ အခန်းကျယ်ကိုတွေ့ရမှာဖြစ်ပါတယ်။ ဆက်လျှောက်သွား မယ်
ဆိုရင်တော့ ရိုးရိုးအိပ်ခန်းလေးကိုနောက်ထပ်တွေ့ရမှာဖြစ်ပါတယ်။ ပြီးရင် အိမ်နောက်ဖေးကို တွေ့
ရမှာ ဖြစ်ပြီး အိမ်နောက်ဖေးရဲ့ ဘေးဘက်မှာတော့ ရေချိုးခန်းနဲ့ အိမ်သာတွဲလျက်ပါတဲ့ အိပ်ခန်း
ကျယ်ကိုထပ်ပြီး ဖွဲ့ပေးထားတဲ့အတွက် ဒီအိမ်မှာ အိပ်ခန်းစုစုပေါင်း သုံးခန်းပါ၀င်ပါတယ်။
မီးဖိုချောင်က အနည်းငယ်ကျဉ်းတဲ့အတွက် ပစ္စည်းများများ ထားဖို့အတွက်တော့ အဆင်မပြေနိုင်
ပါဘူး။ ပြီးတော့ ထမင်းစားခန်းက အပြင်ဘက်မှာ သတ်သတ်ခွဲပေးထား တာကို သတိထားမိခဲ့ပါ
တယ်။ အပြင်ဘက်မှာလည်း ရေချိုးခန်းအိမ်သာ သီးသန့် တစ်လုံးထပ်ပါတာကိုလည်း တွေ့ခဲ့ရပါ
သေးတယ်။
ကွန်ဒိုခန်းက အလယ်ခန်းဖြစ်နေတဲ့ အတွက် အိမ်ရှေ့ဝရန်တာ သီးသန့် မပါပေမယ့် နောက်ဖေး
မီးဖိုချောင်ရဲ့ ဘေးဘက်ကပ်လျက်မှာတော့ ၀ရန်တာ လေးတစ်ခုပါတာကို တွေ့ခဲ့ရပါတယ်။ နောက်
ပြီး ဒီအိမ်ကလေးကို ပြတင်း ပေါက်များများနဲ့ ဖွဲ့ထားတာကို တွေ့ခဲ့ ရပါသေးတယ်။ ပြတင်းပေါက်
များများ နဲ့ ဖွဲ့ပေးထားတဲ့အတွက် သဘာဝ အလင်းရောင်နဲ့ လေကောင်းကောင်း ရနိုင်မယ်လို့ ထင်
ပါတယ်။ နောက်ပြီး အိမ်ရဲ့ အတွင်းပိုင်းမှာလည်း လိုအပ်တဲ့ ပရိဘောဂတွေ ပါ၀င်ပြီးသား ဖြစ်တဲ့
အတွက် အဆင်သင့်နေနိုင်မယ့်အိမ် လေးပါ။ ဒီအိမ်မှာ လေအေးပေးစက် စုစုပေါင်း လေးလုံးပါ၀င်
ပြီးတော့ ရေမီး အပြည့်အစုံ ပါ၀င်ပါတယ်။
















