မြန်မာမြို့ကြီးများ၏ အနာဂတ်

မြန်မာမြို့ကြီးများ၏ အနာဂတ်

ယနေ့ မြန်မာနိုင်ငံရင်ဆိုင်နေရသော အရေးကြီးပြဿနာများ - (ပြည်တွင်း ငြိမ်းချမ်ရေး
လုပ်ငန်းစဉ်မှအစ ဆက်သွယ် ရေးလုပ်ငန်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြု ရေးနှင့် လျှပ်စစ်ဓာတ်အား
လုံလောက် ရေး အဆုံး) တွင် အရေးကြီးပြဿနာတစ်ခု ကို အာရုံထားစဉ်းစားလုပ်ဆောင်မှု မတွေ့
မြင်ရသေးချေ။

ထိုပြဿနာကား အခြားမဟုတ်၊ မြို့ပြစီမံကိန်းရေးဆွဲရေး ပင်ဖြစ်သည်။ ကျွန်တော်တို့ မြို့ကြီးပြ
ကြီး များ အထူးသဖြင့် ရန်ကုန်မြို့တော်၏ အနာဂတ်သည် တိုင်းပြည်၏ အနာဂတ် ကို များစွာ
အဆုံးအဖြတ်ပေးလိမ့်မည်။ ယနေ့လုပ်ဆောင်မည့် မြို့ပြစီမံကိန်း သည် အနာဂတ်မြန်မာ့ ဖွံ့ဖြိုး
မှုအရှိန် အဟုန်ကိုလည်းကောင်း၊ မြန်မာ့စီးပွားရေး အဆောက်အအုံနှင့် သန်းပေါင်းများစွာ သော
မြန်မာလူထု၏ နေ့စဉ်ဘဝပုံစံကို လည်းကောင်း အဆုံးအဖြတ်ပေးလိမ့် မည်။ ထိုမျှမက မြန်မာ့နိုင်
ငံရေး ရောက်ရှိ နေသော အဆင့်ကိုလည်းကောင်း၊ တိုင်းရင်းသားမျိုးနွယ်စုနှင့် ဘာသာရေး လူမှု
အဖွဲ့အစည်းများကြား ဆက်ဆံရေး ကိုလည်းကောင်း နောက်လာမည့် မြန်မာ့ မျိုးဆက်များတ
လျှောက် အကျိုးသက် ရောက်မှုများ ကြီးမားစွာရှိနေပေလိမ့် မည်။

ကျွန်တော်တို့ မြို့ကြီးများ၏အနာ ဂတ်ကို လမ်းမှန်ပေါ်ရောက်စေလိုလျှင် ယနေ့ပင် စတင်စီမံကြ
ရပေမည်။

မက္ကင်းဆေး (Mc kinsey) ၏ မြန်မာ့ စီးပွားရေးအနာဂတ် လေ့လာသုံးသပ် ချက်တွင်လည်း ဤ
အချက်ကိုပင် ထောက်ပြထားသည်။ ယခုအချိန်တွင် မှန်ကန်သော ရွေးချယ်မှုတွေကိုသာ လုပ်
ဆောင်နိုင်ခဲ့ပါလျှင် မြန်မာ့စီးပွားရေး အလားအလာမှာ အလွန်တောက်ပ လျက်ရှိရာ ၂၀၃၀
လောက်တွင် လေးဆ တိုးကာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံအထိ ရရှိနိုင်စ
ရာရှိသည်။

မြန်မာ့စီးပွားရေး အလားအလာ၏ သော့ချက်တစ်ခုမှာ ရေရှည်အမြော် အမြင်ရှိသော မြို့ပြစီမံကိန်း
ပင်ဖြစ်သည် ဟု ထောက်ပြထားပါသည်။ ကမ္ဘာတစ်ဝန်း မြို့ပြများ ကြီးထွားလာ သည့် ဦးတည်မှု
လားရာသည် ၂၁ ရာစု တစ်လျှောက် ဆက်လက်ဖြစ်ပေါ်နေ မည်။ အာရှမြို့ကြီးများသည်လည်း
အလျင်အမြန် ကြီးထွားလျက်ရှိရာ မကြာမီအချိန်၌ပင် အာရှမြို့ပြလူဦးရေ သည် သန်းပေါင်း ၂,၅၀၀
အထိ ရောက် ရှိတော့မည်။

ဤသည်မှာ တစ်ကမ္ဘာလုံး နေ မြို့ပြလူဦးရေ၏ တစ်ဝက်ကျော်ဖြစ် သည်။ စီးပွားရေးကြီးထွားလာ
သည်နှင့် အမျှ မြို့နေလူဦးရေ တိုးပွားလာပေရာ မြန်မာနိုင်ငံသည်လည်း ထိုနည်းအတိုင်း ပင် ဖြစ်
လာလိမ့်မည်။

သို့ဖြစ်ရာ လာမည့် ၁၀ နှစ်၊ နှစ် ၂၀ အတွင်း ရန်ကုန်နှင့် မြန်မာ အခြားမြို့ကြီးများသည် ဒေသတွင်း
ရှိ ချင်နိုင်း၊ ဘန်ဂလို ဂျကာတာ၊ ရှန်ဟိုင်း၊ ဆိုးလ်မြို့ကြီးများနှင့် ယှဉ်ပြိုင်ကာ ငွေကြေးရင်းနှီးမြှုပ်နှံ
မှုနှင့် အရည် အသွေးရှိ ကျွမ်းကျင်သော လူအင်အား အရင်းအနှီးများကို အလုအယက် ဆွဲဆောင်
ယှဉ်ပြိုင်ကြရတော့မည်ဖြစ် သည်။

ရုပ်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံနှင့် ဥပဒေရေးရာ ခိုင်ခိုင်မာမာရှိသော မြို့ကြီးများသည်
အခြားမြို့များထက် အရေးသာလိမ့်မည်။ တီထွင်ဖန်တီးနိုင်စွမ်းအားနှင့် စွန့်ဦး တီထွင်လုပ်ငန်းရှင်
များရှိသော မြို့ကြီး များက ထိပ်ဆုံးနေရာယူကြပေလိမ့်မည်။ မြန်မာသည် အများစုမှာ ကျေးလက်
နိုင်ငံဖြစ်ရာ မြို့ပြတွင်နေထိုင်သူဟူ၍ ရှစ် သန်းသာရှိသည်။ တကယ်တမ်းမြို့ ကြီးဆို၍ သုံးမြို့
(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်) သာရှိပြီး ပုသိမ်၊ မုံရွာ၊ လာရှိုး တို့လို မြို့ငယ်လေးမျှသာရှိသည်။

သို့ သော် ဤအခြေအနေသည် လျင်မြန်စွာ ပြောင်းလဲသွားနိုင်သည်။ 'မက္ကင်ဆေး' လေ့လာချက်
စာတမ်းအရ မြန်မာ့စီးပွား ရေး ဖွံ့ဖြိုးလာသည်နှင့် မြို့နေလူထုမှာ ၂၀၃၀ အရောက်တွင် ၁၈ သန်း
အထိ တိုးပွားနိုင်သည်ဟု တွက်ချက်ထား သည်။ သို့ဆိုလျှင် ရန်ကုန်နှင့်အခြားမြို့ ကြီးများတွင်
လူ ၁၀ သန်း တိုးလာမည့် သဘောပင်ဖြစ်သည်။ ကောင်းမွန်စွာ စီမံ ခန့်ခွဲမှုရှိသော မြို့ပြကြီးထွား
လာမှုသည် လူနေမှုအဆင့်အတန်းကို လျင်မြန်စွာ မြှင့်တင်ပေးပြီး တစ်နိုင်ငံလုံး ခြံုငုံဖွံ့ဖြိုးမှု ကို
လည်း ဖြစ်စေနိုင်သည်ဟု လေ့လာ ချက်တွင် ဖော်ပြသည်။


 

ယနေ့မှစ၍ ၂၀၃၀ အတွင်း နိုင်ငံ၏ စုစုပေါင်း ွီဏ ၏ ၅၄ ရာနှုန်းကို မြန်မာမြို့ကြီးများမှရ မည်၊
အခွန်ကောက်ခံမှု စနစ်သစ်နှင့် ထိရောက်သော အခွန်စနစ်လုပ်ဆောင် အောင်မြင်သွားလျှင်
အစိုးရ၏ အခွန် ဘဏ္ဍာတစ်ဝက်ကျော်ကို မြို့ပြကြီးများမှ ရမည်ဟု တွက်ဆထားသည်။

သို့သော် အခြားနိုင်ငံများတွင် ကျွနု်ပ် တို့မြင်တွေ့နေကြရသည့်အတိုင်း စီမံခန့် ခွဲမှု ညံ့ဖျင်းသော
မြို့ပြကြီးထွားမှုသည် စီးပွားရေးဖွံ့ဖြိုးမှုအတွက် ကြီးမားသော အဟန့်အတားကြီး ဖြစ်လာနိုင်သည်
သာ မက ကိုင်တွယ်ရန်ခက်ခဲလှစွာသော နိုင်ငံရေးနှင့် လူမှုရေးဆိုးကျိုးကြီးများကို ပါ ဖြစ်ပေါ်စေနိုင်
ပေသည်။

ယနေ့ ရန်ကုန်တွင် လူအများစု၏ အိမ်ရာနှင့် လူထုပို့ဆောင်ရေးနှင့် ဆက်နွှယ်သော ပြဿနာများ
ကို ကြံုနေရပြီ။ ယခု ကတည်းက သင့်တင့်လျောက်ပတ်စွာ စီမံကိန်း ချထားလုပ်ဆောင်မှုမရှိလျှင်၊
ရန်ကုန်လူဦးရေ နှစ်ဆတိုးလာလျှင် ကပ်ဘေးကြီးကျရောက်သလို ပျက်စီး ကိန်း ကြံုရလိမ့်မည်။

မြန်မာ့မြို့ကြီးများ အားလုံးတွင် တိုင်းရင်းသား လူ့အဖွဲ့ အစည်းမျိုးစုံ၊ ဘာသာဝင်မျိုးစုံ ရောနှော
နေထိုင်ကြသည်ဖြစ်ရာ မြို့ပြစီမံခန့်ခွဲမှု တွင် တိုင်းရင်းသားလူ့အဖွဲ့အစည်း အားလုံး သင့်တင့်ချစ်
ကြည်စွာ နေထိုင် နိုင်ရေးကိုလည်း ထည့်တွက်ကြရမည်။ ငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့ရေးဟု ဆို
လိုက်လျှင် ကျွနု်ပ်တို့သည် ဝေးကွာ လှမ်းသော စစ်မြေပြင်များနှင့် နယ်စပ် ဒေသရှိ လူ့အဖွဲ့အစည်း
လေးများ၏ ပြဿနာကိုသာ ပြေးမြင်တတ်ကြသည်။ သို့သော် သာတူညီမျှမှု၊ လူမျိုးပေါင်းစုံ အတူ
နေထိုင်နိုင်မှု၊ အားလုံးပါ၀င်နိုင်မှု နှင့် ပတ်သက်လျှင်လည်းကောင်း၊ မုန်းတီးမှု၊ အကြမ်းဖက်မှုတို့နှင့်
ပတ်သက် လျှင်လည်းကောင်း မြို့ကြီးပြကြီးများ သည်သာ ပို၍ ပို၍ အရေးကြီးသော သဘောလ
က္ခဏာကို တွေ့မြင်နေရလေ သည်။ အခြားကိစ္စရပ်များမှာကဲ့သို့ပင် အခြားနိုင်ငံများ၏ အတွေ့
အကြံုအဖြစ် အပျက်များမှ သင်ခန်းစာရယူနိုင်ဖို့ အခွင့် သာနေပါသည်။ သို့သော် ချက်ချင်း လက်
ငင်း ဆောင်ရွက်ရတော့မည်ဟု သဘောအဓိပ္ပာယ်ရနေပါသည်။ စိန်ခေါ်မှု အတိုင်းအတာကတော့
ကြီးမားလှသည်။

'မက္ကင်းဆေး' လေ့လာ ချက်အရ မြို့ပြအခြေခံ အဆောက်အအုံ သစ်ထူထောင်ရေးအတွက် ဒေါ်
လာ ဘီလျံ ၁၅၀ လိုမည်။ ရန်ကုန်၊ မန္တလေး နှင့် အခြားမြို့ကြီးများတွင် ကားလမ်းသစ် ကီလိုမီတာ
၁၀,၀၀၀ ထက် မနည်းလို မည်။ လူနေအိမ်သစ် စတုရန်းပေ ၁၁၃ သန်း၊ ကူးသန်းရောင်းဝယ်ရေး
အဆောက်အအုံ ကြမ်းပြင်ဧရိယာ စတုရန်းပေ ၂၇ သန်း၊ ဆေးရုံပေါင်း ၁၄၀ တို့ကို ၁၇ နှစ်အတွင်း
ရရှိအောင် လုပ်ရ ပေလိမ့်မည်။ ထိုစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
ရရှိ အောင် လုပ်ဆောင်ရန်လိုသည်သာမက ဆုံးဖြတ်ချက်များ အလျင်အမြန် ထိရောက်အောင်မြင်
အောင် လုပ်ဆောင် နိုင်ရန်အတွက် အစိုးရလုပ်ပိုင်ခွင့် အာဏာကို ပြန်လည်သုံးသပ်ရန် လိုအပ် မည်။

ယခုအချိန်၌ မြို့ပြစီမံမှုနှင့်ပတ် သက်သော ပြဿနာများတွင် များပြားလှ စွာသော ၀န်ကြီးဌာန
များနှင့် အစိုးရအဖွဲ့ အစည်းများသည် မြေနှင့်အဆောက် အအုံပိုင်ဆိုင်မှု အသီးသီးဖြင့် ပါ၀င်ပတ်
သက်နေကြသည်။ မြို့ကြီးများ၏ အုပ်ချုပ်မှုဖွဲ့စည်းပုံကို အသစ်ပြန်လည် စဉ်းစားဖို့လိုမည်။

မြို့ပြဖွံ့ဖြိုးကြီးထွားမှု ကို သင့်တင့်လျောက်ပတ်စွာ စီမံနိုင်ရေး လိုအပ်သောငွေနှင့် လုပ်ပိုင်ခွင့်အာ
ဏာ ကို ဒေသန္တရအစိုးရများ၌ ရရှိလာ အောင် ဖွဲ့စည်းပုံ၊ သို့မဟုတ် အခြား အပြောင်းအလဲများ
စဉ်းစားဖို့ လိုအပ် မည်။ ရန်ကုန်အမွေအနှစ် ထိန်းသိမ်း စောင့် ရှောက်ရေးအဖွဲ့ (Yangon
HeritageTrust) ၏ အမြင်ဖြစ်သော "မြို့ပြအမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးသည်
မြန်မာတို့အတွက် ဦးစားပေးလုပ်ငန်းဖြစ် သင့်သည်" ဟူသော အယူအဆကို မက္ကင်းဆေး
အစီရင်ခံစာတွင် ထပ် လောင်းဖော်ပြသည်။ ကျွနု်ပ်တို့ဆိုခဲ့ သည့်အတိုင်း ဤဒေသအတွင်း၌
ရန်ကုန် သည် နေချင်းစဖွယ် အကောင်းဆုံးမြို့ တစ်မြို့ဖြစ်လာရန် အထူးအခွင့်အလမ်း တွေ
ရန်ကုန်မြို့မှာ ရှိနေသည်။ ထိုအမွေ အနှစ်သည် နိုင်ငံတစ်ခုလုံးအတွက် တန်ဖိုးမဖြတ်နိုင်သော
ပိုင်ဆိုင်ပစ္စည်း သဖွယ် ဖြစ်လိမ့်မည်။

ခရီးသွားလုပ်ငန်း အတွက် အလားအလာကောင်းများရှိ သည်။ အသစ်နှင့် အဟောင်းကို ပေါင်း
စပ်ပြီး တစ်မူထူးခြားသည့် စရိုက် လက္ခဏာနှင့် ပတ်ဝန်းကျင်ကို ဖန်တီး ထားသည့်တန်ဖိုးလည်း
ကြီးမားစွာရှိ သည်။ အမွေအနှစ် ထိန်းသိမ်းရေးသည် အလုပ်အကိုင်သစ်များ ထောင်ချီ၍ ဖန်တီး
ပေးနိုင်ပြီး ရန်ကုန်မြို့လယ် တစ်ဝိုက် သက်ဝင်လှုပ်ရှားစေနိုင်သည်။ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး
ချုပ် ဥိးမြင့်ဆွေ၏ ဦးဆောင်မှုအောက်မှ တိုင်းဒေသကြီး အစိုးရ၏ မှန်ကန်သော လမ်းကြောင်းမှ
ဆောင်ရွက်ချက်များ သည် တန်ဖိုးမဖြတ်နိုင်သော လုပ်ဆောင်မှု ခြေလှမ်းများပင်ဖြစ်ပေရာ အခြား
ဒေသ များမှလည်း နည်းယူဆောင်ရွက်သင့်ကြ ပေသည်။ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်မှု အေဂျင်စီ (JICA) နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရ သည် ရန်ကုန်မြို့၏
အခြေခံ အဆောက် အအုံရေရှည်ဖွံ့ဖြိုးရေး စီမံချက်အသစ် ကို ရေးဆွဲလျက်ရှိသည်။

သမ္မတကြီး၏ တောင်းဆိုချက်အရ YHT သည် ထိုစီမံကိန်းကြီး၏ အစိတ်အပိုင်းအချို့ကို ထိန်း
သိမ်းစောင့်ရှောက်ရေး ရှု့ထောင့် ဖက်မှ လေ့လာသုံးသပ်လျက်ရှိသည်။ မြို့တော်ဇုန်သတ်မှတ်ရေး
စည်းမျဉ်းများ၊ လေ့ကျင့်သင်တန်းပေးရေး အစီအစဉ် များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ၏ မြို့တော်စီမံကိန်းဌာနသစ် ကို အင်အားဖြည့်တင်းရန် ကမ္ဘာအနှံ့မှ ကျွမ်းကျင်ပညာ
ရှင်များ ပါ၀င်ကူညီရေး အစီအစဉ်များတွင် ကျွနု်ပ်တို့ ပါ၀င် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

လုပ်ဆောင်စရာတွေတော့ တစ်ပုံကြီး ရှိသေးသည်။ ဤမြို့ပြစီမံကိန်းကြီးကို ကျွနု်ပ်တို့၏ အရေး
အကြီးဆုံး စိန်ခေါ်မှု ကြီးတစ်ခုအဖြစ် ရှုမြင်ပြီး သင့်တင့်သော အရင်းအမြစ်နှင့် အလေးနက်ဆုံး အာ
ရုံ ထားကာ လုပ်ဆောင်သင့်ကြပါသည်။

ကျွနု်ပ်တို့၏ မြို့ကြီးများကို ၂၁ ရာစု၏ လက်ကျန်ကာလတစ်လျှောက်တွင် မည်သို့ မည်ပုံဖြစ်လာ
သင့်သည်ဆိုသည် ကို တတ်သိနားလည်သူ ပြည်သူအပေါင်း က ပါ၀င်ဆွေးနွေး အကြံပေးရေး စ
တင် လုပ်ဆောင်လျက်ရှိပါသည်။

(ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း ဦးသန့်၏ မြေးဖြစ်သူ ဦးသန့်မြင့်ဦးသည်
 "The River of Last Footsteps - A Personal History of Burma" စာအုပ်ကို
ရေးသားသူဖြစ် ပြီး 'ရန်ကုန် အမွေအနှစ်ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ (Yangon
Heritage Trust) ကို တည်ထောင်သူဖြစ်သည်။)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်