မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ ဦးဆောင်မှုဖြင့် အခြားသောဝန်ကြီးဌာန များမှ ဦးဆောင်ရေး
ဆွဲလျက်ရှိသော မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေမူကြမ်း(Engineering Council Law
Draft ) ကို ဇူလိုင်လ တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာ
နိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းခိုင်က ဇွန်လ ၂၀ ရက်နေ့တွင် ပြုလုပ်သော မြန်မာနိုင်ငံ
အင်ဂျင် နီယာကောင်စီ ဥပဒေမူကြမ်းနှင့် ပတ်သက်သော အထူးအစည်းအဝေးတစ်ရပ်တွင် ပြော
ကြားခဲ့သည်။
အထူးအစည်းအဝေးသို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ ဦးဆောင် နာယက ဦးခင်မောင်ကျော်
အပါအဝင် အင်ဂျင်နီယာအသင်းမှ အသင်းဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။
"ဒီနေ့ အစည်းအဝေးကို ပြုလုပ်ရတဲ့ အကြောင်းရင်းကတော့ အင်ဂျင် နီယာကောင်စီဥပဒေမူကြမ်း
ကို မကြာမီကာလမှာ လွှတ်တော်မှာ တင်ပြဆွေးနွေးသွားမှာ ဖြစ်တဲ့အတွက် ကြောင့် ဖြစ်ပါတယ်။
ဒီအတွက် အသင်း သား အားလုံးရဲ့ သဘောဆန္ဒကို တောင်းခံအတည်ပြုချက်ရလိုတဲ့ ရည်ရွယ်
ချက် ဖြစ်ပါတယ်"ဟု နာယက ဦးခင်မောင်ကျော်က ပြောကြားခဲ့ သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကလည်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများနှင့် မေလ အတွင်းက တွေ့ဆုံ၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေမူကြမ်း ပြုစုနိုင်ရန်အတွက် လမ်းညွှန်
မှုများပေးခဲ့သည့်အပြင် ဇွန်လဆန်းပိုင်းကလည်း ပြည်သူ့လွှတ်တော် ရန်ကုန်ရုံးခွဲ၌ တွေ့ဆုံ၍ အင်
ဂျင်နီယာကောင်စီဥပဒေမူကြမ်း ပြုစုတင်ပြနိုင်ရန်အတွက် လမ်းညွှန်မှုများ ပြုလုပ်ခဲ့ကြောင်း
ဦးခင်မောင် ကျော်က ဆက်လက်ရှင်းပြခဲ့သည်။
"ကျွန်တော်တို့ အင်ဂျင်နီယာအသင်းက အင်ဂျင်နီယာကောင်စီဥပဒေမူကြမ်းထွက်ရှိနိုင်ဖို့ လွန်ခဲ့တဲ့
နှစ်နှစ်ကျော်လောက်ကတည်းက ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဥပဒေ မူကြမ်းကို နှစ်နှစ်အတွင်းမှာ
ရှစ်ကြိမ် တိတိ ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ အင်ဂျင်နီယာကောင်စီဥပဒေမူကြမ်းနဲ့ ပတ်သက်
ပြီး ပြည့်ပြည့်စုံစုံသိရှိနိုင်ဖို့ ဒါနဲ့ ပတ်သက်တဲ့ ၀က်ဘ်ဆိုက် တတတ.ာနျ.သမါ.ာာ ကို လွှင့်တင် ပြီး
ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လျက်ရှိပါတယ်"ဟုအင်ဂျင်နီယာအသင်းဦးဆောင်နာယကက
ပြော ကြားခဲ့သည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းခိုင်ကလည်း ယနေ့ (ဇွန်၂၀) ကျင်းပသည့်အစည်း
အဝေးသည် အင်ဂျင်နီယာကောင်စီ ဥပဒေမူကြမ်းတင်သွင်းနိုင်ရန်အတွက် အလွန်အရေးပါသည့်
အစည်းအဝေးတစ်ရပ်ဖြစ်ကြောင်း လည်း ပြောကြားခဲ့သည်။
"အင်ဂျင်နီယာကောင်စီဥပဒေက အင်ဂျင်နီယာလောက တစ်ခုလုံး အတွက်အလွန်အရေးကြီးတဲ့
ဥပဒေတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီဥပဒေထွက် ရှိနိုင်ဖို့ လွန်ခဲ့တဲ့နှစ်ပေါင်းအနည်းငယ်ကတည်းက ကြိုး
ပမ်းခဲ့တာ ဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မထွက်ရှိနိုင်ဘဲ ကြန့်ကြာခဲ့ရပါတယ်။ ဒါပေမဲ့
အခုတစ်ခါမှာတော့ မူကြမ်း အဆင့်အတည်ပြုနိုင်အောင် လွှတ်တော်ကို တင်ပြနိုင်ဖို့ ကြိုးပမ်းဆောင်
ရွက်နိုင်တော့မှာ ဖြစ်ပါတယ်" ဟုလည်း ဦးဝင်းခိုင်က ပြောကြားခဲ့သည်။
"အင်ဂျင်နီယာကောင်စီ ဥပဒေမူကြမ်းကို ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက် ကတော့ ကိုယ့်နိုင်ငံ ပြည်
တွင်းမှာနိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ အရည်အသွေးပြည့် ကျွမ်းကျင်အင်ဂျင် နီယာတွေ မွေး
ထုတ်နိုင်ဖို့နဲ့ အရည် အသွေးပြည့် ကျွမ်းကျင်အင်ဂျင်နီယာနဲ့ သက်ဆိုင်တဲ့ စံချိန်စံညွှန်းတွေ၊ ဥပဒေ
တွေကို ဆက်လက်ထိန်းသိမ်း သွားနိုင်ဖို့လည်း ဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေမူကြမ်းထွက်ပေါ်လာခြင်းသည် နိုင်ငံတဝန်းရှိ အစိုးရနည်း
ပညာ ကောလိပ်များမှ အင်ဂျင်နီယာကျောင်းသားကျောင်းသူများအားလုံး၏ အလုပ်အကိုင်အခွင့်
အလမ်းရရှိမှုအတွက် ပိုမိုအထောက်အကူပြုမည်ဖြစ်သည်ဟုလည်း ဦးဝင်းခိုင်က တက်ရောက် လာသူများထဲမှ မေးမြန်းမှုကို ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
"တခြားအာဆီယံ နိုင်ငံတွေမှာဆိုရင် အရည်အသွေးပြည့်ဝတဲ့ လက်မှတ် ရ အင်ဂျင်နီယာ
(registered engineer) တွေ အမြောက်အမြားရှိနေ ပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့
ဒါနဲ့ ပတ်သက်ပြီး အားနည်းနေသေးတာ တွေ့ရတယ်။
နောင်အနာဂတ် မြန်မာ နိုင်ငံမှာ နိုင်ငံခြားကုမ္ပဏီတွေ အများ အပြား လာရောက်ရင်းနှီးမြှုပ်နှံတဲ့
အခါ မှာ ကိုယ့်နိုင်ငံက အင်ဂျင်နီယာတွေ က အာဆီယံနိုင်ငံတွေရဲ့စံနှုန်းသတ်မှတ်ချက်အတိုင်း
ရှိရမယ့်အရည်အချင်း ဘွဲ့ရလက်မှတ်တွေမပိုင်ဆိုင်ထားနိုင်ခဲ့ဘူးဆိုရင် သူများ နိုင်ငံက အင်ဂျင်
နီယာတွေနဲ့ အရည် အချင်းနှိုင်းယှဉ်တဲ့အခါမှာ ဒုတိယ တန်းစား၊ တတိယတန်းစား အဆင့်ပဲ
ရမယ်။
ဒီတော့ အရည်အချင်းနိမ့်တဲ့ အတွက် လစာကလည်း သူတို့တွေ ထက် နည်းမှာဖြစ်တယ်။
ဒါကြောင့်မို့လို့ ကိုယ့်နိုင်ငံအတွက် အင်ဂျင်နီယာ ကောင်စီဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးနိုင် ဖို့ ပို
အရေးကြီးလာတယ်ဆိုတာ တွေ့ လာရတယ်"ဟု ၎င်းကပြောသည်။















