သံလွင်ရိပ်မွန်အိမ်ရာဇုန်ဘီ အုတ်မြစ်ချ အခမ်းအနားကျင်းပခဲ့

သံလွင်ရိပ်မွန်အိမ်ရာဇုန်ဘီ အုတ်မြစ်ချ အခမ်းအနားကျင်းပခဲ့

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ ကြယ်စင်မြို့တော်၊ သံလွင်ရိပ်မွန်အိမ်ရာဇုန်ဘီအတွက် အုတ်မြစ်
ချ မင်္ဂလာအခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့တွင် သန်လျင်ရှိ ကြယ်စင် အိမ်ရာစီမံကိန်းတွင် ကျင်း
ပခဲ့သည်။

"ဇုန်ဘီမှာဆိုရင် အခန်းပေါင်း ၁,၀၄၃ ခန်းပါရှိပါတယ်။ တည်ဆောက် ချိန် ၃၃ လ အတွင်း တည်
ဆောက် သွားမှာ ဖြစ်ပါတယ်။ ဒီ သန်လျင်ကြယ်စင်အိမ်ရာစီမံကိန်းရဲ့ ဇုန်ဘီမှာ ပြင်သစ်နိုင်ငံက
အကြီးဆုံးဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Bouygues ဆောက်လုပ်ရေးကုမ္ပဏီ နဲ့  ပူးပေါင်း
ဆောက်လုပ်သွား မှာ ဖြစ်ပါတယ်။

လုပ်ငန်းအကျိုးအမြတ် ခွဲဝေမှုရာ ခိုင်နှုန်းကတော့ Bouygues က ၆၀ ရာခိုင်နှုန်း ရရှိမှာ ဖြစ်ပြီး ၄၀
ရာခိုင်နှုန်းကိုတော့ ့သာေ ကရရှိ မှာ ဖြစ်ပါတယ်" ဟု Thanlyin Estate Development Ltd မှ
General Manager ဖြစ်သူ Mr.Peter J Francis က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ကျွန်တော်တို့အနေနဲ့ ပြင်သစ် အခြေစိုက်အကြီးဆုံးဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့
Bouygues ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်လိုက်တဲ့ အကြောင်းရင်းကတော့ ပိုပြီး
မြန်မြန်ဆန်ဆန်တည်ဆောက်ချင်လို့ပဲ ဖြစ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ အခန်းဝယ်လိုအား
ကြောင့် တည်ဆောက်ရေးလုပ်ငန်းတွေ ကို ပိုမြန်မြန်ဆန်ဆန်လုပ်ကိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့်
ဖြစ်ပါ တယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့ အနေနဲ့ နာမည်ကောင်းရပြီးသားဖြစ် ပြီး နိုင်ငံတစ်ဝန်းမှာ တည်ဆောက်
ရေးလုပ်ငန်းတွေ အများအပြားရှိတဲ့ ပြင်သစ်ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ လက်တွဲလုပ်ကိုင်လိုက်တာ
ဖြစ်ပါ တယ်။

Bouygues က အရှေ့တောင်အာရှတစ်ဝန်းမှာ ဆောက်လုပ်ရေးလုပ် ငန်းကြီးတွေအများအပြား
လုပ်ကိုင်နေ တဲ့ အတွေ့အကြံုရှိ ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုလည်း ဖြစ်ပါတယ်"ဟု
Mr.Peter က ပြောသည်။

ကြယ်စင်မြို့တော်ရှိ သံလွင်ရိပ်မွန်အိမ်ရာဇုန်ဘီတွင် B1, B2, B3, B4, B5ဟူသည့် အဆောက်
အအုံငါးလုံးပါ၀င် မည်ဖြစ်ပြီး ၎င်းတို့အနက် ရှစ်ထပ် အဆောက်အအုံ သုံးလုံးပါ၀င်၍ ၁၂ ထပ်
အဆောက်အအုံ နှစ်လုံးပါ၀င်ကြောင်းသိရသည်။ အဆိုပါ အဆောက်အအုံ ငါးလုံးအနက် B1 ကို
ယခုနှစ်ဧပြီလတွင် အရောင်းစတင်ဖွင့်လှစ်ခဲ့ပြီး ၈၀ ရာခိုင်နှုန်း ရောင်းချပြီးစီးသွားပြီ ဖြစ်ကြောင်း
သိရသည်။

B1တွင် အခန်းပေါင်း ၁၆၉ ခန်းပါ ရှိသည်။ "B2 နဲ့ B5 ကိုတော့ လာမယ့်ဇူလိုင် လမှာ အရောင်း
စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်၊။ ဒီအဆောက်အအုံနှစ်ခုမှာ အခန်းစုစုပေါင်း ၄၄၀ ပါရှိပါတယ်၊ B2 နဲ
့ B5အတွက် အရောင်းစတင်ဖွင့် လှစ်တဲ့အခမ်းအနားကိုတော့ ဒီမှာ ရော၊ စင်ကာပူနိုင်ငံမှာပါ ပြုလုပ်
မှာ ဖြစ်ပါတယ်။

ရောင်းချမှု ၈၀ ရာခိုင်နှုန်း ကျော်သွားပြီဆိုရင်တော့ ဒီအဆောက် အအုံနှစ်ခုရဲ့ တည်ဆောက်ရေး
စတင် မှာ ဖြစ်ပါတယ်"ဟု Mr.Peter က ပြောသည်။

ဇုန်ဘီရှိ အခန်းဈေးနှုန်းများမှာ တစ်စတုရန်းပေလျှင် ကန်ဒေါ်လာ ၁၆၀ မှ ၂၆၀ အထိရှိပြီး အခန်းများ
မှာ စတုရန်းပေ ၆၅၀ မှ ၃,၀၀၀ အကျယ် အဝန်းရှိကြောင်း သိရသည်။ ဇုန်ဘီ တွင် ကားအစီးရေ
ပေါင်း ၁,၂၇၀ ရပ်နား ရန် နေရာပါရှိသည်။ "Star City အိမ်ရာစီမံကိန်းက ရန်ကုန်မြို့ရဲ့ icon တစ်
ခုအဖြစ်တည်ရှိနေပြီးဖြစ်တဲ့အပြင် နေထိုင်သူ အားလုံးအတွက် အဆင်ပြေတဲ့ သက်ဝင်ရှင်သန်သော
နေထိုင်မှုနေရာ တစ်ခုအဖြစ်လည်း သတင်း ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့အားလုံးက
ဆက်လက်ထိန်းသိမ်း တည်ဆောက်ခြင်းအားဖြင့် Star City ရဲ့ ဂုဏ်သတင်းကို တိုးတက်အောင်
ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်"ဟု
Mr.Peter က ရှင်းပြခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်