ရန်ကုန်မြို့အိမ်ခြံမြေဈေး လွန်ခဲ့သည့် နှစ်နှစ်ထက် ပိုတက်လာ

ရန်ကုန်မြို့အိမ်ခြံမြေဈေး လွန်ခဲ့သည့် နှစ်နှစ်ထက် ပိုတက်လာ

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်းများ သည် လွန်ခဲ့သည့်နှစ်နှစ်ခန့်မှ စတင်၍ ဈေးနှုန်းများမြင့်တက်ခဲ့
ပြီး ယခုနှစ်တွင် လည်း ဆက်တိုက်မြင့်တက်လျက်ရှိ သည့်အတွက် ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက်
မှာ အမြင့်ကိုသာ ဆက်လက် ဦးတည်သွားနိုင်ကြောင်း ရန်ကုန်မြို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်
ငန်း များက ပြောသည်။

"ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက် က လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်း ကအမြင့်ကိုပဲ စပြီး တက်လာတာ။ ပြန်ကျသွားတယ်ဆိုတာမရှိတော့ နောက်ပိုင်းမြို့စွန် ဒေသတွေက စီမံကိန်းတွေ
လမ်းတွေကောင်းလာပြီး ဈေးတွေ တက်လာတယ်။ အဝယ်တွေကောင်းလာသလို မြို့ထဲမှာလည်း
ဈေးတွေက သူဟာနဲ့သူ တက်နေတာပဲ။ တစ်နှစ် ထက်တစ်နှစ် အတက်ကိုပဲသွားနေတာဆိုတော့
နောက်ပိုင်းလည်း ဆက်တက်သွားဖို့ပဲရှိတယ်" ဟု ဖီးနစ်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ
ကိုထွန်းထွန်း ကပြောသည်။

ရန်ကုန်မြို့ မြို့နယ်အသီးသီးရှိ အိမ်ခြံများနှင့် မြေကွက်များမှာ မြို့နယ်အလိုက် ဈေးတက်နှုန်းကွဲပြား
ပြီး အမြင့်တက်ဆုံးမြို့နယ်မှာ တောင် ဥက္ကလာမြို့နယ်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

"တောင်ဥက္ကလာမြို့နယ်က အတက် ဆုံးလို့ ပြောလို့ရတယ်။ အရောင်း အဝယ်လည်းဖြစ်တယ်။
လွန်ခဲ့တဲ့နှစ်နှစ် ကလောက်နဲ့ နှိုင်းယှဉ်ရင် လေးဆ လောက်ကို တက်သွားတယ်။ တခြား မြို့နယ်
တွေလည်း တအိအိတက်နေကြ တာပဲ။ ကျွန်တော့်အနေနဲ့ပြောရရင် အခုထက်ထိ ရန်ကုန်မြို့မှာ
အိမ်ခြံမြေ ဈေးနှုန်း ကျသွားတဲ့ မြို့နယ် ရှာလို့ မတွေ့သေးဘူး"ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်ခြင်းသည် စီးပွားရေးလုပ် ကိုင်သူများနှင့် အိမ်ခြံမြေ
၀ယ်ရောင်း လုပ်ကိုင်သူများ၏ ၀ယ်ရောင်းမြင့်တက် မှုများကြောင့်လည်း ဖြစ်ကြောင်း မြပန်းသခင်
အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ကိုမင်းမင်းစိုးက ပြော သည်။ "ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်
က လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်း တဖြည်းဖြည်းတက်လာတာဆိုတော့ ၀ယ်ရောင်းလုပ်တဲ့
သူတွေအနေနဲ့ ကလည်း မြို့နယ် အနေအထားကို ကြည့် ပြီး ကြိုဝယ်ထားတယ်။

နောက်ပိုင်း မြို့နယ်တွေက စီမံကိန်းတွေ၊ စက်မှုဇုန် တွေဖော်မယ်ဆိုပြီး အသံထွက်တာနဲ့ လိုချင်
တဲ့သူတွေ များလာတဲ့ အခါမှာ ဈေးကောင်းနဲ့ ရောင်းလို့ရတယ်။ စီးပွားရေးလုပ်ကိုင်တဲ့ သူတွေကျ
တော့လည်း ရန်ကုန်မြို့နယ်တွေက တိုးတက်လာတော့ စီးပွားရေး လုပ်ကိုင် လို့ကောင်းတဲ့ နေရာ
တွေမှန်သမျှကို လိုချင်ကြတယ်။

သူတို့တွေက လည်း အဝယ်များတော့ ရောင်းတဲ့ သူတွေကလည်း ဈေးကိုမြှင့်ခေါ်ကြ တယ်။
ဈေးမြှင့်ခေါ်လည်း ပေးဝယ်နေ ကြတာပဲ"ဟု ၎င်းကပြောသည်။ အိမ်ခြံမြေ အဝယ်များမှုကြောင့်
အိမ်ခြံမြေဈေးနှုန်းများမှာ နှစ်လ အတွင် ဈေးနှုန်းအပြောင်းအလဲဖြစ် ကြောင်း အိမ်ခြံမြေအကျိုးဆောင်
လုပ်ငန်းများမှ သိရသည်။

"လွန်ခဲ့တဲ့ နှစ်လလောက်က ပေ ၄၀ x ၆၀ အိမ်တွေဆို ကျပ်သိန်း နှစ်ရာလောက်ကနေ ကျပ်သိန်း
လေးငါးရာလောက်ထိ တက်သွားတာမျိုး တွေ ရှိတယ်။ နှစ်လလောက်နဲ့ ဈေး အပြောင်းအလဲ
အရမ်းမြန်တယ်။ ဈေးမြင့်ပေမယ့်လည်း လိုချင်တဲ့သူတွေက ၀ယ်နေကြတာပဲ" ဟု မြပန်းသခင်
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုမင်းမင်းစိုးက ပြောသည်။

"တောင်ဥက္ကလာဘက်မှာဆိုရင် ပေ ၄၀x၆၀ အိမ်နဲ့ခြံကို ပြီးခဲ့တဲ့လလောက်က ကျပ်သိန်း ၉,၅၀၀
ဈေးပေါက်ပြီး အခုပြန်ရောင်းတော့ ကျပ်သိန်း ၁၂,၅၀၀ ထိ ဈေးတက် သွားတယ်။ ဈေးတွေက
မကျတဲ့အပြင်တိုးတိုးလာတယ်။ လိုချင်တဲ့သူတွေကလည်း ဈေးမြင့်လည်း အမြင့်ဈေးနဲ့ ၀ယ်နေ
ကြတာပဲ" ဟု ဖီးနစ်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုထွန်းထွန်းက ပြောသည်။

ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးနှုန်း များ မြင့်တက်မှုအပေါ် နိုင်ငံတော် အစိုးရ အနေဖြင့် ယခုထက်ပိုမို
သည့် အိမ်ရာများ၊ မြေများအား တိုးချဲ့ပါက နေထိုင်စရာများ ပိုမိုများပြားလာမည် ဖြစ်သည့်အတွက်
ဈေးနှုန်းများမှာ လည်း သက်သာလာနိုင်ကြောင်း၊ လက်ရှိမြို့တွင်း၌ရှိသော အိမ်ခြံမြေဈေးနှုန်းများ
အပေါ် ၀ယ်ယူနှုန်း များကြောင်း ၀င်းရွှေဝါ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစ်သူ ဒေါ်မို့မို့ အောင်
က ပြောသည်။

"အခုလက်ရှိ အိမ်ခြံမြေဈေးကွက် က ဒေသခံပိုင်ရှင်တွေဆီက ၀ယ်နေရသလိုဖြစ်နေတယ်။ ဒေသ
ခံပိုင်ရှင် က နည်းတယ်အဝယ်က များတယ်ဆိုတော့ ဈေးကို အမြင့်ခေါ် လည်း ပေးဝယ်ကြမှာပဲ။
အမြင့်နဲ့ ၀ယ် ထားတဲ့သူကလည်း အမြင့်နဲ့ပဲ ပြန် ရောင်းမယ်၊ အရှုံးခံပြီးတော့ ဘယ်သူမှ မရောင်း
ဘူး။ အဲဒါကြောင့်သေချာတာကတော့ ဒီထက်တော့ဈေးကျသွားမှာ မဟုတ်ဘူး။ အများကြီးတက်
မလာရင်တောင် ဒီထက်ကျမှာမဟုတ်ဘူး။ ဒါပေမဲ့ အစိုးရအနေနဲ့က ဒီထက်ပိုပြီး တန်ဖိုးနည်း အိမ်
ရာတွေ ဘယ်လောက်ဖော်မလဲပေါ့။ သူတို့တွေ အနေနဲ့ မြေနေရာတွေ အိမ်ရာတွေကို များများဖော်
ပေးနိုင်လေ ဈေးနှုန်း လည်း သက်သာလေ ဖြစ်မှာပါ" ဟု ၀င်းရွှေဝါ အိမ်ခြံမြေအကျိုးဆောင် မှ
ဒေါ်မို့မို့အောင်က ပြောသည်။

ထို့ပြင် ရန်ကုန်မြို့ရှိအိမ်ခြံမြေ ၀ယ်လိုအားများမှုနှင့် ဈေးနှုန်း မြင့်တက်ခြင်းများကြောင့် ရန်ကုန်မြို့
တွင်နေထိုင်သည့် အခြေခံလူတန်းစားများ၏ နေထိုင်ရေးအား ထိခိုက်နိုင် ကြောင်း အိမ်ခြံမြေလုပ်
ငန်းကျွမ်းကျင် သူ အချို့က ပြောသည်။ "ဒီအတိုင်း ဈေးတွေတက်နေမယ်ဆိုရင် ရန်ကုန်မြို့မှာနေ
တဲ့ အခြေခံလူတန်းစားတွေက နေဖို့ပျောက်သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေရဲ့နေ
ရာတွေက ဈေးတွေ ကောင်းလို့ သူတို့ကရောင်းလိုက် မယ်။ ဒါပေမဲ့ သူတို့ပြန်ဝယ်မယ်ဆိုရင် မြို့ထဲ
မှာ သူတို့ရတဲ့ဈေးနဲ့ ဘယ်တော့မှဝယ်လို့ရမှာမဟုတ်ဘူး။

ဈေးကအမြဲတက်နေတော့ သူတို့ပြန် ၀ယ်နိုင်မှာမဟုတ်ဘူး။ အဲတော့ သူတို့ တွေ မြို့ပြင်တွေဆီပြန်
ရောက်သွား မယ်။ မြို့စွန်တွေကလည်း နောက်ပိုင်း အပြောင်းအလဲတွေကြောင့် ဈေး တွေ မြင့်လာ
မယ်။ သူတို့က ပြန်ရောင်း မယ်။ အဲလိုနဲ့ အောက်ခြေလူတန်းစား တွေက သံသရာလည်ပြီး အိမ်ငှား
ဘဝ ကို ပြန်ရောက်မှာပဲ။ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးနှုန်းကို အရမ်းမတက်အောင် ထိန်းညှိဖို့တော့
လိုပါတယ်" ဟု လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်