ဒီဇိုင်းလှပတဲ့ မရမ်းကုန်းက လုံးချင်းအိမ်

ဒီဇိုင်းလှပတဲ့ မရမ်းကုန်းက လုံးချင်းအိမ်
တည်နေရာ  - ရှစ်မိုင်၊ မရမ်းကုန်းမြို့နယ်။
ဈေးနှုန်း - ကျပ်သိန်း ၃၀(အငှား)
ဖုန်း  - ၀၁ ၉၆၆၉၀၆၁။
ဆက်သွယ်ရန် - မိုးမြင့်သော်တာ အိမ်၊ ခြံ၊ ဗမြ အထွေထွေဝန်ဆောင်မှုလုပ်ငန်း။

ဒီတစ်ပတ်အတွက် စိတ်ကြိုက်အိမ်ကိုတော့ ၈ မိုင် Junction 8 နားက လုံးချင်းခြံလေးကို
သွားရောက်ကြည့်ဖြစ်ခဲ့ပါတယ်။

ဒီခြံလေးက လမ်းသွယ်လေးထဲမှာရှိပြီး ဆူညံတဲ့ မြို့တွင်းပိုင်းနဲ့ အနည်းငယ်လှမ်းတဲ့ လုံးချင်းခြံ
လေး ဖြစ်ပြီးတော့ တိတ်ဆိတ်တဲ့ နေရာလေးတွေကိုမှရွေးပြီးနေချင်တဲ့သူတွေတော့ အဆင်ပြေ
အကြိုက်တွေ့မယ်လို့ ထင်ပါတယ်။

အခုပြောမယ့် လုံးချင်းခြံကလေး ကို အငှားသီးသန်းဈေးဖွင့်လှစ်ထား ပြီး အတွင်းပိုင်း ပြင်ဆင်ပြီး
သားဖြစ်တဲ့ အတွက် အိမ်ငှားသူများ အတွက် အိမ်ပြင်ဖို့ စိတ်ညစ်မနေဘဲ အဆင်သင့် တက်နေနိုင်
တဲ့ အိမ်လေးဖြစ်ပါ တယ်။

ဒီခြံရဲ့ ခြံစည်းရိုးတွေကိုတော့ ခေတ်မီ စကျင်ကျောက်ပုံစံ ကြွေပြားတွေကိုကပ်ပြီး ကာထားတာကို
ခြံထဲ ၀င်ဝင်ချင်းသတိထားမိခဲ့ပါတယ်။ ခြံရဲ့ ကြမ်းခင်းတွေကိုတော့ ပန်းရောင်အုတ်ကျောက်ပြား
တွေခင်းထားပြီး ခြံရဲ့ ဘေးဘက်မှာ ကားနှစ် စီးစာထားဖို့ ဆံ့တဲ့နေရာလေးကို ခေါင်းမိုးလေးမိုးထား
တဲ့အတွက် ကား ထားဖို့ နေရာကို စဉ်းစားနေစရာ မလိုတော့ပါဘူး။

ခြံရဲ့ အကျယ်အဝန်းက စုစုပေါင်း စတုရန်းပေ ၃,၄၂၀ အကျယ်အဝန်းရှိတဲ့အတွက် အရမ်းကြီး
ကျယ်တဲ့ ခြံ အကျယ်အဝန်းတော့ မဟုတ်ပေမယ့် မိသားစု သီးသန့်နေဖို့အတွက်တော့
အဆင်ပြေပါတယ်။

ခြံပေါ်မှာတော့ ခေတ်မီနှစ်ထပ်တိုက်ကလေးကို ဒီဇိုင်း ဆန်းဆန်းနဲ့ ဆောက်ပေးထားပြီး အိမ်ရှေ့မှာ
တော့ ကိုယ့်စိတ်ကြိုက်ပန်းအိုးကလေးတွေထားဖို့ မြေကွက်လပ် ကျယ်ကျယ်ဝင်းဝင်းတော့ မရှိပေ
မယ့် ကားထားဖို့ နေရာရဲ့ ဘေးဘက်မှာ အလှထား ပန်းခင်းလေးနဲ့ ခြံကလေးကို အလှဆင်ပေး
ထားပါတယ်။

အိမ်ကတော့ မီးခိုးရောင်ဘက် သွားတဲ့ အရောင်ကလေးနဲ့ ဆောက်ထားပေးတာဖြစ်ပါတယ်။ အိမ်
ရဲ့ ၀င်ဝင်ချင်းမှာတော့ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ဧည့်ခန်းကို အရင်ဆုံးတွေ့ရမှာဖြစ်ပါတယ်။ အိမ်
ရဲ့ အောက်ထပ်မှာတော့ ရေချိုးခန်းအိမ်သာတွဲလျက်ပါတဲ့ အခန်းကျယ်တစ်ခန်းပါ ပါတယ်။

နောက်ဖေးမီးဖိုခန်းကို အဆင့်မြင့် ပြင်ပေးထားပြီးတော့ ထမင်းစားခန်းနဲ့ မီးဖိုချောင်ကို သီးသန်းခွဲပြီး
ဖွဲ့ပေးထားတဲ့အတွက် မီးဖိုခန်းကိုကျယ်ကျယ်အသုံးပြုနိုင်လို့ အိမ်ရှင်မ တွေ မိမိစိတ်ကြိုက် မီးဖိုခန်း
ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အိမ်ရဲ့ ကြမ်းခင်းကိုတော့ အောက်ထပ်ရော အပေါ်ထပ်ကိုပါ ပါကေးခင်းပေးထားတဲ့အပြင် အပေါ်
ထပ်လှေကားကိုလည်း ပါကေးခင်းထားပါတယ်။ အိမ်အပေါ်ထပ်ကို တက်မယ့် လှေကားကနေ
တက်သွား ရင်တော့ ကျယ်ကျယ်ဝန်းဝန်းနဲ့ နေရာ လွတ်ကျယ်ကျယ်ရှိတဲ့ အခန်း ကို အရင်ဆုံး
တွေ့ရမှာဖြစ်ပါတယ်။

ဒီ အခန်းကျယ်မှာပဲ ဘုရားခန်းကို ပြုလုပ်ထားတဲ့အတွက် ဘုရားခန်း သီးသန့်တော့ မဟုတ်ပါဘူး။
ဒီအပေါ်ထပ်မှာဆိုရင်တော့ ရိုးရိုးအိပ်ခန်း နှစ်ခန်းနဲ့ ရေချိုးခန်းအိမ်သာတွဲလျက် ပါ အခန်းတစ်ခန်း
ပါ၀င်မှာဖြစ်ပါ တယ်။

ဒီအိမ်ရဲ့ ပတ်ပတ်လည်မှာတော့ ပြတင်းပေါက် ကျယ်ကျယ်ကြီးတွေနဲ့ အလင်းရောင် ကောင်း
ကောင်းဝင် တဲ့အပြင် ဒီပြတင်းပေါက်တွေကို လိုက်ကာလှလှတွေနဲ့လည်း အလှဆင် ပေးထား
ပါသေးတယ်။

အိမ်ရဲ့ အတွင်း ပိုင်းအရောင်ကို နို့နှစ်ရောင်သုတ်ထား ပေးပြီးတော့ ခေါင်မိုးမျက်နှာကြက် တွေကို
လည်း အလှဆင်ပေးထားပါ တယ်။ ဒီအိမ်မှာစုစုပေါင်းလေအေး ပေးစက် လေးလုံးပါ၀င်မှာဖြစ်ပြီး
ရေမီး အပြည့်အစုံအပြင် ကြိုးဖုန်းတစ်လုံး လည်းပါမှာ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်