အိမ်ရာကဏ္ဍ ပြိုလဲမှု မူလအိမ်ပိုင်ရှင်များကို ထိခိုက်နစ်နာ

အိမ်ရာကဏ္ဍ ပြိုလဲမှု မူလအိမ်ပိုင်ရှင်များကို ထိခိုက်နစ်နာ

ဂျို့စ်ဆန်တို့စ် ဘန်နာဗီးဒက်စ်အတွက် ကိုယ်တွေ့ကြုံတွေ့ခဲ့ရသော အိမ်ရာဆုံးရှုံးမှု ဖြစ်ရပ်ဆိုးကြီး
မှာ ပြီးဆုံးသွားခဲ့ပါပြီ။

၂၀၀၆ ခုနှစ်က မေရီလန်းပြည်နယ် ရော့ခ်ဗီးလ်ရှိ အိပ်ခန်း လေးခန်းပါ အိမ်တစ်လုံးဝယ်ယူရန် စရန်
ငွေအမေရိကန်ဒေါ်လာ ၁၅,၀၀၀ ရရှိဖို့အတွက် ဆေးဗာဒိုရမ်နိုင်ငံသား မစ္စတာဘန်နာဗီးဒက်စ်သည်
ကိုယ်ပိုင် လုပ်ငန်းဖြစ်သော ူညျေိခစေန ဒီဇိုင်း ရေးဆွဲခြင်းအလုပ်ဖြင့် နှစ်ပေါင်း များစွာ ရှာဖွေခဲ့ရ
သည်။

ထို့နောက်တွင် အမေရိကန်၏ စီးပွားရေးအခြေအနေ ယိုယွင်းလာခဲ့ပြီး ရှာဖွေရရှိသော လစာငွေများ
မှာ အိမ်အပေါင်ချေးငွေ ပြန်ဆပ်မှုထဲသို့သာ ရောက်ရှိသွားခဲ့သည်။ မစ္စတာဘန်နာဗီးဒက်စ်က
သူစိတ်ကူးယဉ် အိပ်မက်ခဲ့သော မေရီလန်းရှိ အိမ်ကို ဒေါ်လာ ၄၆၉,၀၀၀ ဖြင့် ၀ယ်ယူခဲ့ပြီးတစ်နှစ်
အကြာ ၂၀၀၈ ခုနှစ်၊ ဩဂုတ် လတွင် ဘဏ်က အဆိုပါအိမ်အား သိမ်းယူမည်ဆိုသော ခြိမ်းခြောက်
မှုတစ်ခု အမှန်တကယ် ရောက်ရှိလာခဲ့သည်။

၎င်း၏အိမ်အား ဘဏ်ကမသိမ်း ယူမီ လေးရက် အလိုလောက်မှ မစ္စတာ ဘန်နာဗီးဒက်စ်သည်
ဇနီးနှင့် ကလေးငယ်နှစ်ယောက်နှင့်အတူ အိမ် မှ ပြောင်းရွှေ့ခဲ့ရသည်။ ထိုဖြစ်ရပ်မှာ သူ့အတွက်
အဆိုးရွား ဆုံးကိစ္စမဟုတ်သေးပေ။

ဘဏ်က အိမ်အပေါင်ချေးငွေပိတ် ပစ်မှုအပြီး သုံးနှစ်အကျော်နို၀င်ဘာ လ၌ မစ္စတာဘန်နာဗီးဒက်စ်
သည် ၎င်းတွင် အတိုးတစ်ခုတည်းကပင် ဇိမ်ခံကားတစ်စီး ငှားရမ်းနိုင်လောက် အောင် မြင့်မား
လာခြင်းနှင့်အတူ ကြွေးကျန်ဒေါ်လာ ၁၁၅,၀၀၀ ပေးဆပ် ရန် ကျန်ရှိနေကြောင်း အံ့ဩတုန်လှုပ်
စွာ သိရှိခဲ့ရသည်။

"ကျွန်တော် အရမ်းချောက်ချား သွားတယ်။ ဒါတွေကို ကျွန်တော် ပြန်မဆပ်နိုင်ဘူးလေ"ဟု မစ္စတာ
ဘန်နာဗီးဒက်စ်ကပြောသည်။ ချေးငွေထုတ်ချေးသော ဘဏ်များ က တရားစွဲဆိုခံရပြီး အိမ်များကို
လည်း အပေါင်ဆုံးအဖြစ် သိမ်းယူခံရ သည့် များစွာသော အိမ်ပိုင်ရှင်များ ထဲတွင် အသက် ၄၂ နှစ်
အရွယ် မစ္စတာဘန်နာဗီးဒက်စ်လည်း တစ်ဦး အပါအဝင်ဖြစ်သည်။

ဘဏ်များက အိမ် အပေါင်ဆုံးအမှုဟောင်းများအတွက် တရားရုံးသို့ လျှောက်ထားမှုအသစ် များဖြင့်
တရားစွဲဆိုကြခြင်းနှင့် ကြွေး ကျန်များတောင်းရန် အကြွေးတောင်း သူများအား ငှားရမ်းခြင်းတို့အပြင်
တရားရုံးစရိတ်များ၊ ရှေ့နေစရိတ် များနှင့် တရိပ်ရိပ်တိုးလာခဲ့သော များစွာသော အတိုးများကို
ထပ်ပေါင်း ထည့်ခဲ့ကြသည်။

၎င်းဖြစ်ရပ်မှာ အပေါင်ဆုံးပြဿနာ အပြီး ထပ်မံဖြစ်ပွားခဲ့သော အကျိုး ဆက်တစ်ခုပင်ဖြစ်ပြီး
ယခင်အိမ်ပိုင်ရှင် အများစုက အဆိုပါနောက်ဆက်တွဲ ပြဿနာဆိုးကြီး ဖြစ်ပေါ်လာမည်ကို
သိမထားကြပေ။

"ယေဘုယျအားဖြင့် ချေးငွေတွေ ထုတ်ယူကြချိန်က လူတွေဟာ သူတို့ ချေးငွေတွေဟာ သူတို့
၀ယ်ယူထားကြတဲ့ အိမ်အတွက်တော့ စိတ်ချလုံခြုံမှုပေးနိုင်တယ်လို့ ထင်ထားခဲ့ကြတယ်။ အိမ်
တွေကို ဘယ်လိုမှမပိုင် ဆိုင်ကြတော့ဘူးလို့ သိလာရတဲ့အချိန်ကျတော့လည်း နောက်ထပ်ကြွေး
ကျန်တွေ ထပ်လိုက်လာမယ်လို့ ထင်မထားကြဘူး"ဟု National Consumer Law Center ၏
၀ါရှင်တန် ရုံးမှ ရှေ့နေတစ်ဦးဖြစ်သူ အိုင်းလ်စ် ကိုဟန်က ပြောသည်။

ထိုသို့ နောက်ဆက်တွဲ ပြဿနာ များမှာ ၀ါရှင်တန်၊ မေရီလန်းနှင့် ဗာဂျီးနီးယားပြည်နယ်များအပါ
အဝင် ပြည်နယ် ၅၀ အနက် ပြည်နယ်၄၀ အတွင်း ခွင့်ပြုချက်ရရှိထားသော ငွေချေးဘဏ်များက
ဆောင်ရွက်ခွင့်ရှိသည့် "ကြွေးကျန်လျှောက်ထားပိုင် ခွင့်"ဟုခေါ်ဆိုသော ဥပဒေရေးရာလုပ်ငန်းစဉ်
တစ်ခု၏ သက်ရောက်မှုများပင်ဖြစ်သည်။

၂၀၀၈ ခုနှစ် အိမ်အပေါင်ခံချေးငွေကဏ္ဍ ရုတ်တရက်ပြိုလဲမှုကြီး စတင်ဖြစ်ပွားခဲ့ချိန်မှစပြီး မေရီလန်း
ရှိ အိမ်ပိုင်ရှင် အယောက် ၄၀၀ ထက်မနည်းမှာ တရားရေးရာ ကိစ္စများနှင့် ရင်ဆိုင်ခဲ့ရသည်။

ယခု နှစ် ပထမလေးလအတွင်းမှာပင် အိမ် ပိုင်ရှင်များအပေါ် ထပ်မံစွဲဆိုထား သည့် အမှုအရေ
အတွက်မှာ ၅၇ မှုရှိပြီး ယင်းအရေအတွက်သည် ယမန် နှစ်က စွဲဆိုခဲ့သော အမှုစုစုပေါင်း ၁၂၀
မှုကို ကျော်သွားနိုင်မည့် အခြေအနေ ပင်ဖြစ်သည်။ အဆိုပါ ကြွေးကျန်လျှောက်ထားပိုင် ခွင့်ဆို
သည်မှာ အပေါင်ခံစာချုပ်ပါ ဒေါ်လာငါးသိန်းတန် အိမ်တစ်လုံးသည် အိမ်ရာကဏ္ဍ အကျပ်အတည်း
အပြီး နောက် ဘဏ်မှ သိမ်းယူပြီး ပြန်ရောင်းချ ချိန်၌ ဒေါ်လာသုံးသိန်းခန့်သာ တန်ကြေးရှိတော့
မည်ဆိုလျှင် ယခင်တန်ဖိုးထက် ဒေါ်လာ နှစ်သိန်းကွာဟမှု သို့မဟုတ် အပေါင်ဆုံးပစ္စည်းတစ်ခု
နီးပါးရောက် ရှိသွားခဲ့သည့် ချေးငွေကို ပြန်လည်ထေမိစေရန် ချေးငွေထုတ်ချေးသောဘဏ်က
အပေါင်ခံငွေချေးသူအပေါ် တရားရုံးတွင် ပြန်လည်တောင်းယူခွင့်ရှိသော ဥပဒေလုပ်ထုံးလုပ်နည်း
တစ်ခု ဖြစ်သည်။

အပေါင်ခံ ငွေချေးစာချုပ်အား ကြွေးပြန်ဆပ်နေရသော အချိန်မှာ ပင် အိမ်များမှ အသီးသီးထွက်ခွာ
သွား ကြရသည့်သူများ မည်ရွေ့မည်မျှရှိနေ ပြီလဲဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်းမသိရပေ။

အလားတူပင် ကြွေး ကျန် လျှောက်ထားမှုများကို ကျေ အောင် ဆပ်သွားကြသည့်သူ မည်မျှရှိသ
လဲဆိုသည်နှင့် ပတ်သက်ပြီးလည်း လူသိထင်ရှား ဖော်ပြပေးသည့် အချက်အလက်များမှာလည်း
အနည်း ငယ်လောက်သာရှိသည်။

(၀ါရှင်တန်ပို့စ်)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်