စာရေးသူပါမောက္ခ ဦးမျိုးမြင့်စိန်သည်ရန်ကုန်နည်းပညာတက္ကသိုလ် ဗိသုကာဌာနမှ အငြိမ်းစား
ပါမောက္ခ တစ်ဦးဖြစ် ပြီး University of Michigan, Ann Arbor မှ ဘွဲ့လွန်ဒီဂရီ
ကို ရရှိခဲ့သည်။
၎င်းသည်အမေရိကန်နိုင်ငံ လော့စ်အိန်းဂျလိစ်မြို့တွင် နေထိုင်လျက်ရှိပြီး အမေရိကန်နိုင်ငံနှင့် ရန်
ကုန်မြို့ရှိ အထင်ကရ အဆောက်အအုံပေါင်းများစွာတို့၏ ဒီဇိုင်းများကို ရေးဆွဲပေးခဲ့သည်။
ထို့ပြင် The Sustainable Metropolis: Mrauk-U 1433-1785 AD and The Great
Shwedagon Stupa စသည့်စာအုပ်များကို ရေးသားခဲ့သည်။
စာရေးသူ၏ အီးမေးလ်လိပ်စာ မှာ [email protected] ဖြစ်သည်။ ယခုတင်ပြပေးမှာကတော့
ရန်ကုန် မြို့က အမွေအနှစ်အဆောက်အအုံတွေနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ ထင်မြင် ယူဆချက်
တွေပဲ ဖြစ်ပါတယ်။
ပြန်လည်တုံ့ပြန်မှုတွေရမယ်လို့လည်း မျှော်လင့်မိပါတယ်။ ကမ္ဘာ့စာပေ အဖွဲ့အစည်းကြီးက
ရေးသားပြုစုထားတဲ့ ကမ္ဘာ့အင်္ဂလိပ် မြန်မာ အဘိဓာန် ွှ့The Universal English-Burmese
Dictionary အရ "heritage" ဆိုတဲ့ စကားလုံးဟာ မြန်မာဘာသာစကားမှာ 'အမွေ'လို့
အဓိပ္ပာယ်ရပြီးဘိုးဘွားဘီဘင်တွေကနေ အမွေအဖြစ် ဆက်ခံရရှိတယ်လို့ အဓိပ္ပာယ်ရပါတယ်။
ဒါ့ပြင် ၀က်စတာ ကမ္ဘာ့အဘိဓာန်အရ ဆိုရင် လည်း "heritage" ဆိုတဲ့ စကားလုံးဟာ
"inherit" အမွေဆက်ခံသည် ဆိုတဲ့စကားလုံးက ဖြစ်ပေါ်လာတာဖြစ်ပြီး တစ်စုံတစ်ဦးရဲ့
ဘိုးဘွားဘီဘင်တွေရဲ့ စရိုက်လက္ခဏာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့နဲ့ မွေးရာပါအခွင့်အရေး
တွေနဲ့ ဆက်နွှယ်နေတဲ့ အဓိပ္ပာယ်ဖြစ်ပါ တယ်။
မန်မာလူမျိုးတွေအပေါ် သူတို့ရဲ့အင်အားကြီးမားပုံကို စီးစီးပိုးပိုးပြသ နိုင်ဖို့အတွက် ဟိတ်
ဟန်ကြီးလှတဲ့ ရဲတိုက်ပုံစံ သူရဲခိုအိမ်ပုံစံတွေ ဖြစ်တဲ့ ဗြိတိသျှအစိုးရလက်အောက်မှာ
ဆောက်လုပ်ခဲ့တဲ့ ဒီအဆောက်အအုံ တွေကို မြန်မာလူမျိုးတွေက အမွေ အနှစ်အဖြစ်
ဆက်ခံထားလို့ သုံးထားတာကတော့ တော်တော်အဓိပ္ပာယ်မဲ့ရာ ကျပါလိမ့်မယ်။
ဗိသုကာ ပညာနဲ့ မြို့ပြတည်ဆောက် မှုအပေါ် နိုင်ငံရေးအရသော်လည်းကောင်း၊ ပုဂ္ဂိုလ်ရေး
အကျိုးအမြတ်အရသော်လည်းကောင်း အသုံးချနိုင်ဖို့ နည်းလမ်းတွေအများကြီး ရှိနေပါတယ်
လို့ ကျွန်တော်အကြံပြုချင်ပါတယ်၊ ရှေးရိုးရာ ဓလေ့၊ ခေတ်ပေါ်သို့မဟုတ် အဆင့်မြင့်နည်းပညာ
တွေဟာ ၂၁ ရာစု 'ရန်ကုန်' ဗိသုကာ ပညာထဲမှာ 'ရန်ဂွန်း'ကို ပြန်လည်ရှင်သန်စေဖို့ ရှေ့တိုး
ဆောင်ရွက်ခြင်းအတွက်သာ အသုံးချသင့်ပါတယ်။
ရန်ကုန်အမွေ အနှစ် အဆောက်အအုံတွေလို့ ရည် ညွှန်းပြောဆိုနေကြတဲ့ အဆင့်အတန်းနိမ့်သော 'ကိုလိုနီဗိသုကာအပြင်ပန်းလက်ရာ' တွေကို ပြန်လည်အသက် သွင်းဖို့အတွက် ကျွန်တော်တို့
ခေတ်နောက်ပြန်သွားစရာမလိုပါဘူး၊ အဲဒီ ကိုလိုနီအဆောက်အအုံတွေဟာ ကျွန်တော်တို့ရဲ့
ယဉ်ကျေးမှု၊ အနုပညာ၊ ဗိသုကာ သို့မဟုတ် ပတ်ဝန်းကျင်နဲ့ ဘယ်လိုမှဆက်စပ်မှုမရှိတဲ့ အပြင်
ပန်းရုပ်အင်္ဂါတွေနဲ့ အခုအခါမှာ အလွန်ကို အိုဟောင်းနေတဲ့ အဆောက် အအုံတွေ ဖြစ်ပါတယ်။
ဒီအဆောက် အအုံတွေဟာ ကျွန်တော်တို့ မြန်မာ လူမျိုးအပေါ် သူတို့ ဗြိတိသျှ ဩဇာ
ဘယ်လောက်ညောင်းကြောင်း၊ ဗြိတိသျှတွေရဲ့ အင်အားဘယ်လောက် ကြီးမားကြောင်း ပြသ
ဖို့အတွက် တည်ဆောက်ထားတာတွေပါ။ဒါပေ မဲ့ မကြာခဏဆိုသလို ဒီအဆောက် အအုံတွေ
ပြိုပျက်လာကြတာကို မြင်တွေ့နေရပြီး ယခုမျက်မှောက်လူနေမှုဘဝ ဘေးကင်းလုံခြံုဖို့ အတွက်
လုံးလုံးလျားလျား ပြုပြင်မွမ်းမံမယ့် ...တခြားလိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ထပ်ထည့်မယ်ဆိုရင် ဒီအဆောက်အအုံတွေကို ပြန်လည်ပြုပြင်ဖို့ဟာ ငွေကုန်ကြေးကျအတော်များမယ့် ကိစ္စပါပဲ။
ကျွန်တော်တို့ဟာ သည်းခံနိုင်စွမ်း ရှိသော လူအဖွဲ့အစည်းတစ်ခုဖြစ်ပြီး သုခုမပညာနဲ့ ဗိသုကာ
ပစ္စည်းတွေ အပေါ် အသိအမှတ်ပြုလက်ခံနိုင်တဲ့သူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် သမိုင်းနဲ့ ဗိ
သုကာဆိုင်ရာ ပစ္စည်းတွေကို ကျွန်တော်တို့ ကယ်တင်ထိန်း သိမ်းပြီး ကျွန်တော်တို့ ကိုယ်ပိုင်
၂၁ ရာစု ဗိသုကာပုံစံထဲမှာ အတူပူးပေါင်းထည့်သွင်းကာ ၂၁ ရာစုထဲတိုးဝင်ပြီး ရှေ့ဆက်သွားနိုင်
ပါတယ်။
အတိတ် နှစ်ပေါင်းများစွာကတည်းက အဆိုးနဲ့ အကောင်းတွေကို ဖြတ်သန်းခဲ့တဲ့ ကျွန်တော်တို့
တိုင်းပြည်အကြောင်း ကို ပြသဖို့အတွက် အလွန်အသိဉာဏ် ပြည့်စုံတဲ့ နည်းလမ်းတစ်ခုနဲ့ လက်
ညှိုးညွှန်ပြနိုင်ဖို့ ဗိသုကာဆိုင်ရာ ပစ္စည်းတွေအားလုံးကို နှိုင်းယှဉ်ကြည့် နိုင်တဲ့ ဒဿနကျကျနည်း
လမ်းတစ်ရပ် ကို ဖန်တီးကြည့်သင့်ပါတယ်။ ကျွန်တော်တို့ တော်တော်များများ သိကြတဲ့ အတိုင်း
ပါပဲ။
မြန်မာနိုင်ငံ အထက်ပိုင်းမှာ အများစု တည်ရှိတဲ့ ဘုန်းတော်ကြီး ကျောင်းများရဲ့ ဗိသုကာနဲ့ မြန်မာ့
ရှေးအိမ်ကြီးတွေဟာ 'မျိုးတုံးပျောက်ကွယ်တော့မယ့် မျိုး စိတ်များ' လို့တောင် သတ်မှတ် နိုင်
လောက်အောင် ယိုယွင်းပျက်စီးနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဒီအဆောက်အအုံတွေဟာအထူးသဖြင့် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ ရိုးရာ၊ မြန်မာ့ ပညာရေးမှာ
အဓိက ဗဟို ဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်း တွေဟာ အခြေခံအားဖြင့်သစ်သားနဲ့ ပြုလုပ်ထားတဲ့
လက်မှုပညာ အဆောက်အအုံတွေပဲ ဖြစ်ပါတယ်။
ဒါတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ ဟန်ချက်
ညီလှသော အဖိုးအနဂ္ဃ ထိုက်တန် လှတဲ့ဗိသုကာ ရှုထောင့်အမြင်တွေဖြစ် တဲ့ 'နေရာ'၊ 'ပုံစံ'
နောက် 'လုပ်ငန်းဆောင်တာများ'ကို ပြသပေးနေတာ ဖြစ်ပြီး လျင်လျင်မြန်မြန်ပျောက်ကွယ်
နေပြီဖြစ်သော အဆင့်မြင့်လက်မှုပညာတွေနဲ့ ပြည့်စုံနေတဲ့ အဆောက်အအုံတွေ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဒီလိုအရည်အသွေးမြင့် ဗိသုကာပညာအပေါ် တန်ဖိုးထားမှုတွေကိုလည်း
ထင်ထင် ရှားရှား တွေ့မြင်နေရပါတယ်။ အထူး သဖြင့် ကမ္ဘာလှည့်ခရီးသည် တချို့ဟာ ဒီမြန်
မာ့လက်မှုဗိသုကာ အဆောက်အအုံတွေကို လေ့လာဖို့အတွက် ဝေးလံ လှတဲ့ မြန်မာပြည်
အလယ်ပိုင်း ဒေသ ဆီကို သွားရောက်နိုင်ဖို့ ရေကုန်ရေခန်း ကြိုးစားနေကြပါတယ်။
အထက်မှာ တင်ပြထားတဲ့ အတိုင်းပါပဲ..ဒီအဆောက်အအုံတွေဟာ ကျွန်တော်တို့ရဲ့အမွေအနှစ်
အဆောက် အအုံတွေသာ ဖြစ်ပါတယ်။ဒါကြောင့်ဒါတွေကို ကျွန်တော်တို့အနေနဲ့ လျစ်လျူရှုပြီး
ပစ်မထားသင့်ပါဘူး။
၁၉၆၀ ခုနှစ်များ နှောင်းပိုင်းတုန်း က ဘုန်းတော်ကြီးကျောင်းတွေနဲ့ ရှေးမြန်မာအိမ်ကြီးတွေနဲ့ ပတ်သက်တဲ့ လေ့လာမှုအချို့ကို မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ဦးစီးဌာနနဲ့ အတူ ပူးပေါင်း
ပြီးဆောင်ရွက်ခဲ့ပါ တယ်။ ၁၉၆၉ ခုနှစ် ဗမာ့သုတေသန ကောင်စီ အစည်းအဝေးမှာ လေ့လာမှု
စာတမ်းနှစ်စောင်ကို တင်ပြခဲ့ပါတယ်။
နောက်တော့ ၁၉၇၀ ခုနှစ်မှာ 'ကုန်း ဘောင်ခေတ်နှောင်းက ဘုန်းတော် ကြီး ကျောင်းများနှင့် မြန်
မာ့ရှေးအိမ် ကြီးများ' ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ် ကို တက္ကသိုလ်ပုံနှိပ်ထုတ်ဝေရေးဌာနရဲ့ တက္ကသိုလ်
ပညာပဒေသာ စာစောင်ကနေ ထုတ်ဝေခဲ့တယ်။ အဲဒီ့အချိန်တုန်းက ရှေးဟောင်း သုတေသနဌာန
ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သော်က အနည်းငယ်သော ဘုန်းတော်ကြီးကျောင်းတွေကို ပြုပြင် တည်ဆောက်ဖို့ ငွေကြေးအချို့ရရှိခဲ့တာကြောင့် ရွေးချယ်ထားတဲ့ ဘုန်းကြီးကျောင်း သုံးကျောင်း
ကို ပြုပြင် နိုင်ခဲ့ပါတယ်။
အဲဒီတုန်းက ဘုန်းကြီး ကျောင်းတွေကို ပြုပြင်တည်ဆောက် ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့လုပ်ရပ်
အပေါ် ဆရာတော်ကြီးတွေရဲ့ အထူး ၀မ်းမြောက်ပီတိ ဖြစ်ခဲ့ကြပုံကိုကြည့် ပြီး ကျွန်တော်တို့ အတိုင်း
မသိ ကျေနပ် ပျော်ရွှင်ခဲ့ရပါတယ်။ ယခုလက်ရှိမှာတော့ မန္တလေးနည်းပညာတက္ကသိုလ်ရဲ့ ဗိသုကာ
ပညာဌာနဟာ ဂျာမနီနိုင်ငံက သုတေသီ တွေနဲ့ပူးပေါင်းပြီး ကုန်းဘောင်ခေတ် မြန်မာဘုန်းတော်ကြီး
ကျောင်းများရဲ့ သစ်သားဖြင့် ဖွဲ့စည်းတည်ဆောက်မှု ပုံစံတွေကိုထိန်းသိမ်းမှုနဲ့ ပတ်သက်တဲ့
သိပ္ပံနည်းကျ သုတေသနတစ်ခုကို ဆောင်ရွက်ဖို့စီစဉ်နေကြပါတယ်။
သုတေသနလုပ်ဖို့အတွက်မကွေးတိုင်းထဲက သစ်သားကျောင်း ငါးကျောင်းကို သူတို့ ရွေးချယ်
ထားပြီးနေပြီဖြစ်ပါတယ်။ သူတို့ဟာ ဂျာမနီအစိုးရနဲ့အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှုတွေရှိတာ
ကြောင့် ဂျာမန်အစိုးရထံကနေ ငွေကြေးကူညီမှုတွေရရှိဖို့ မျှော်လင့်ရပါတယ်။
၀န်ကြီးဌာနအဆင့်က ခွင့်ပြုချက်ရဖို့ လိုအပ်တာကြောင့် ဒီစီမံ ကိန်းအတွက် မြန်မာဘက်ကလှုပ်ရှား
မှုဟာ အရမ်းနှေးကွေးနေတာလို့ ကျွန်တော်ထင်ပါတယ်။ အခုလို နည်းပညာအဖွဲ့အစည်းတွေကနေ
နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး ဘုန်းကြီးကျောင်းတွေပြန်လည်သက်ဝင်ထင်ရှား လာစေဖို့
ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်တဲ့အခါမှာ ဒီစီမံကိန်းကဲ့သို့ အရေးကြီးစီမံကိန်း တွေကို မြန်မြန်ဆန်
ဆန်ဆောင်ရွက် နိုင်ဖို့အတွက် အစိုးရဌာနတွေက လက်ကိုင်ကျင့်သုံးနေတဲ့ ကြိုးနီဆက်သွယ်ရေး
နည်းလမ်းတွေကို ပြုပြင်ပြောင်းလဲပစ်ဖို့ဟာ မလုပ်မဖြစ် လုပ်ရမယ့်ကိစ္စပဲ ဖြစ်ပါတယ်။
ဒါပေမဲ့သက်ဆိုင်ရာ ပညာရှင်တွေအပြင် လူတော်တော်များများဟာ ယခုလိုအလားတူအရေးကြီး
စီမံကိန်းတွေအပေါ် ဂရုတစိုက်မရှိလှတာဟာ စိတ်မကောင်းစရာပါပဲ။ အဆင့်မြင့်အဖွဲ့အစည်းတွေ
ထဲက 'သင်ကြားရေးထူးချွန်မှု'ကို မြှင့်တင်ပေးဖို့ရာမှာ အထူးသဖြင့်ဗိသုကာ ပညာရှင်တွေကို
ဆောက်လုပ်ရေး လုပ်ငန်းတွေက လိုချင်တောင့်တနေကြတဲ့အချိန်၊ လက်တစ်ဆုပ်စာ ဗိသုကာ
ပညာရှင်တွေလောက်ကသာ ဒီလိုသုတေသန အလုပ်တွေကို စိတ်ဝင်စားမှု ရှိကြတဲ့အချိန်မှာ
ယခုလိုစီမံ ကိန်းမျိုးကို တွန်းအားပေးလုပ်ဆောင် ပေးသင့်ပါတယ်။ သူတို့ဟာ ကျွန်တော် တို့ဆီ
က တွန်းအားပေးမှုတွေ လိုအပ် နေပါတယ်။
ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို အောင်မြင်အောင် ကြိုး စားဖို့အတွက် ပြည်သူလူထု၊
အစိုးရ၊ အဖွဲ့အစည်းများနဲ့ တခြားတက်ကြွလှုပ်ရှားရေးအဖွဲ့များက ဦးစားပေးဆောင်ရွက်သင့်သော
'အမွေအနှစ်' ဗိသုကာပညာရဲ့တန်ဖိုးများကိုနားလည်သဘော ပေါက်နိုင်အောင် ကျွန်တော်တင်ပြ
ပေးနေခြင်း ဖြစ်ပါတယ်။
အဆောက်အအုံဟောင်း ကြီးတွေကို ပြန်လည်ပြုပြင်မွမ်းမံဖို့ဟာ အတော်ခက်ခဲပြီး ငွေကုန်ကြေး
ကျလည်း အတော်များတဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့ ပညာရှင်တွေ ဟိုးလွန်ခဲ့တဲ့နှစ် ၁၀၀
လောက်ဆီကို ပြန်သွားပြီး စဉ်းစားကြည့်မယ်ဆိုရင် ဆောက်လုပ်ရေးသိပ္ပံပညာ၊ ဆောက်လုပ်ရေး
ပစ္စည်းတွေနဲ့ နည်းလမ်း တွေ၊ နည်းပညာတွေဟာ အရမ်းကို ရှားပါးလွန်းနေပြီး ဒီအဆောက်အအုံ
တွေဆောက်လုပ်နေချိန်တုန်းက ရှိခဲ့တဲ့ကျွန်တော်တို့မသိတဲ့ အကြောင်းအရာတွေ အများကြီးရှိပါ
တယ်။
အခုတည်ရှိနေဆဲဖြစ်တဲ့ ဒီအဆောက် အအုံတွေကို လက်ရှိ အသုံးပြုနေတဲ့ ပစ္စည်းတွေနဲ့ ပြန်
လည်ပြုပြင်ဖို့ ဟာ အတော်ခေါင်းစားစေမယ့် ကိစ္စ ဖြစ်ပါတယ်။ အမွေအနှစ်အဆောက် အအုံတွေ
ကို ပြန်လည်ပြုပြင်ဖို့၊ ထိန်းသိမ်းကာကွယ်ဖို့ဟာ အဆောက်အအုံ သစ်တွေ တည်ဆောက်မှုငွေ
ကြေး ထက် လေးငါးဆပိုကုန်မှာဟာ သင့် လျော်တယ်လို့ ယူဆပါသလား... ဒီကုန်ကျစရိတ်
တွေကိုရော ဘယ်သူက တာဝန်ယူဖြည့်ဆည်းပေးမှာလဲ..အဆောက်အအုံ ဟောင်းကြီးတွေ
သို့မဟုတ် သမိုင်းဝင်အဆောက်အအုံတွေလို့ ထည့်သွင်းစဉ်းစားနိုင် တဲ့ အဆောက်အအုံကြီး
တွေအတွက် သာဓက ပြစရာတွေ အများကြီး ရှိပါတယ်။
ထိန်းသိမ်းစောင့်ရှောက်သူ တွေ၊ ပိုင်ရှင်တွေ၊ ဆောက်လုပ်သူတွေ က အဆောက်အအုံတွေကို
မည်သို့ မည်ပုံထိန်းသိမ်း ပြုပြင်ရမယ်ဆိုတာ နဲ့ ပတ်သက်ပြီး စီမံဆောင်ရွက်နိုင်မှု မရှိတာကြောင့်
ဒီအဆောက်အအုံကြီးတွေဟာ ယခုအချိန်ထိ အနီရောင် တံဆိပ်ခတ်လျက် ပိတ်လှောင်ထားတာ
ကို တွေ့ရပါတယ်။ (လော့စ်အိန်း ဂျလိစ်မြို့တော်က ဈေးအကြီးဆုံး မြို့လယ်ကောင်အကွက်မှာ
တည်ရှိတဲ့ The Hall of Justice Building ကို သာဓက တစ်ခုအနေနဲ့ မြင်တွေ့နိုင် ပါတယ်)။
အဓိက မြို့တော်ကြီးများဖြစ်သော ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ တွေမှာ ဗိသုကာပညာ
ဖွံ့ဖြိုးတိုးတက်မှုနဲ့ မြို့ုပြတည်ဆောက်မှုတွေအတွက် မြန်မာဗိသုကာပညာရှင်တွေရဲ့ ကြိုး ပမ်း
အားထုတ်မှုတွေကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောချင်ပါတယ်။ နောက်တစ်ခုက စိန်ခေါ်မှု
တွေ၊ အခက်အခဲတွေ အများကြီးရှိနေတယ်ဆိုတာကိုလည်း သတိပြုထားကြဖို့ ကျွန်တော်
သူတို့ကို ပြောပြချင် ပါတယ်။
သူတို့ဟာ ထွန်းတောက်လာ မယ့် ဗိသုကာ ပညာရှင်များ၊ လက်ဆင့်ကမ်းပေးချင်စိတ်ရှိသူများ၊
ယုံကြည်မှုအပြည့် ရှိသူများအဖြစ် ရောက်ရှိလာကြပြီလို့ ကျွန်တော်ယုံကြည်ပါတယ်။ သူတို့သည်
သာလျှင် မြန်မာဗိသုကာပညာနဲ့ မြို့ပြတည်ဆောက်မှု လုပ်ငန်း ကို ၂၁ ရာစုထဲ ဆွဲခေါ်သွားနိုင်
မယ့် သူတွေဖြစ်ပါတယ်။
















