PAC Link ထရေးဒင်း လီမီတက်မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ Capital
Supermarket ဖွင့်လှစ်ပွဲအခမ်းအနား ကို ဇူလိုင်လ ၆ ရက်နေ့တွင် ပင်လုံလမ်းနှင့် သင်းဝင်လမ်း
ထောင့်၊ အမှတ် ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်ရှိ Capital Supermarket တည်ရှိရာ နေရာတွင်
ကျင်းပခဲ့သည်။
"Capital Supermarket ကို ဖွင့်လှစ် ရတဲ့ ရည်ရွယ်ချက်ကတော့ ၀ယ်ယူသူတွေရဲ့လူနေမှု အဆင့်
အတန်းမြင့်မားလာမှုကို ရည်ရွယ်ပြီးတော့ ဖွင့်လှစ် တာ ဖြစ်ပါတယ်။အခုဆိုရင် Capital က ဒါနဲ့ဆို
သုံးခုမြောက်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ရန်ကုန်မှာ ရှိတယ်၊ နေပြည်တော်မှာ ရှိတယ်၊ အဲဒါတွေက
တော့ Hypermarket ပေါ့။ အခု ဒါကတော့ Supermarket ဖြစ်ပါ တယ်"ဟု Capital
Supermarket မှ store manager ဒေါ်သန်းသန်းအေးက ပြောသည်။
"အဓိကကတော့ ကိုယ့်ရဲ့နိုင်ငံမှာ လည်း တခြားနိုင်ငံတွေလိုပဲ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်
လာတာနဲ့အညီ နိုင်ငံတကာ စံချိန်စံညွှန်းမီဖြစ်ဖို့ အတွက် ဟိုက်ပါမားကက်၊ စူပါ မားကက်တွေကို
ဖွင့်လှစ်တာ ဖြစ်ပါ တယ်။ မြောက်ဒဂုံဘက်မှာ ဒီလိုစူပါမားကက်မျိုးတွေ မရှိသေးတဲ့အတွက်
ကြောင့်လည်း ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်"ဟုလည်း ၎င်းကပြောသည်။
အသစ်ဖွင့်လှစ်လိုက်သည့် Capital Supermarket တွင် အထပ်ပေါင်းနှစ်ထပ်ပါရှိပြီး အဆောက်
အအုံကြမ်းခင်းစတုရန်းပေ ပေါင်း ၁၀,၀၀၀ ရှိသည်။















