ရန်ကုန်မြို့တော်ရှိဈေးများအား ပြန်လည်ပြုပြင်မှုများ ပြုလုပ်လျက်ရှိရာ တွင် ရန်ကုန်မြို့၏ အထင်
ကရ ဈေးကြီးတစ်ခုဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဈေးသစ်အား ရန်ကုန် မြို့တော်စည်ပင်သာယာ
ရေးကော်မတီ နှင့်ရွှေတောင်ကုမ္ပဏီတို့က အကျိုးတူပူးပေါင်းကာ ပြန်လည်တည်ဆောက် သွား
မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေး များဌာနမှ တာဝန်ရှိသူတစ်
ဦးက ပြောသည်။
အဆိုပါဈေးကြီးအား ပြန်လည်တည်ဆောက်ရာတွင်၂၈ ထပ်အမြင့်ရှိသော အထပ်မြင့် အဆောက်
အအုံလည်း ပါ၀င်မည်ဖြစ်ပြီး ထိုထဲတွင် ဟိုတယ်၊ရှော့ပင်းစင်တာနှင့် အိမ်ရာများလည်းပါ၀င်မည်
ဖြစ်ကြောင်းလည်း အဆိုပါ တာဝန်ရှိသူကပြောသည်။
"ဈေးသစ်နေရာမှာတော့ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ပြီး မြေညီထပ်မှာ ဆိုင်ခန်းတွေ
ကိုရောင်းချခိုင်းမှာပါ။ အခုဈေးသစ်နေရာကနေ ရွှေ့ပြောင်းထားရတဲ့ ဆိုင်ခန်းတွေကိုလည်း အရင်
အတိုင်းဆိုင်ခန်းတွေ ပြန်ပေးသွားမှာပါ။ ဒီလိုဗိုလ်ချုပ်ဈေး ပြုပြင်မှုနဲ့ပတ်သက်ပြီး ဈေးသူဈေးသား
တွေရဲ့ ကန့်ကွက်ခံရမှုတွေ မရှိခဲ့ပါဘူး။ သူတို့တွေလည်း သဘောတူကြပါတယ်"ဟု ဈေးများဌာန
၏ ပြောဆိုခွင့်ရှိသူက မြန်မာတိုင်း(မ်)ကို ဖြေကြားခဲ့သည်။
ဗိုလ်ချုပ်ဈေးသစ်(ယခင်လေဟာ ပြင်ဈေး) နေရာကို အကျိုးတူပူးပေါင်း လုပ်ဆောင်ရန်အတွက်
မေလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရွှေတောင် ကုမ္ပဏီတို့
နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်းသိရသည်။
"စည်ပင်သာယာအနေနဲ့ ရွှေတောင် ကုမ္ပဏီနဲ့ပူးပေါင်းလုပ်ကိုင်ရတဲ့ အကြောင်းအရင်းကတော့
ရွှေတောင် ကုမ္ပဏီက ဒီစီမံကိန်းအတွက် ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခြင်းကြောင့် ဖြစ်ပါတယ်" ဟု
မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာက အကျယ်အဝန်း ခြောက်ဧကကျော် ရှိသော ဗိုလ်ချုပ်ဈေး
လဟာပြင်မြေ ကွက်အား လုပ်ငန်းရှင်များနှင့် အကျိုး တူ ပူးပေါင်းဆောင်ရွက်ရန် အတွက် ပြီးခဲ့
သည့် ၂၀၁၂ ခုနှစ်၊ မတ်လတွင် နိုင်ငံပိုင်သတင်းစာများမှ ခေါ်ယူခဲ့ပြီး ရွှေတောင်ကုမ္ပဏီမှ ရရှိခဲ့ခြင်း
ဖြစ် သည်။
ဈေးဟောင်း မျက်နှာချင်းဆိုင် တွင်ရှိသော ဈေးသစ်ကိုမူ ဇွန်လ ၂၂ ရက်နေ့မှစတင်ကာ ရွှေတိဂုံ
ဘုရားလမ်းမပေါ်ရှိ ယခင်လဟာပြင်ဈေးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင် ဈေးသစ်အား
တည်ဆောက်ရန်အတွက် စတင်ဖြိုဖျက်မှုများပြုလျက်ရှိသည်။
ဗိုလ်ချုပ်ဈေးသစ် ပြန်လည်တည်ဆောက်မှုနှင့်ပတ်သက်၍ မြို့တော်စည်ပင်သာယာနှင့် ဗိုလ်ချုပ်
ဈေး ဈေးသူဈေးသားများများ သဘောတူညီ မှုရရှိပြီး ဈေးသူဈေးသားများကလည်း နှစ်သက်မှုရှိ
ကြောင်း ပြန်လည်တည်ဆောက်မည့် ဗိုလ်ချုပ်ဈေးသစ်မှ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
"ကျွန်တော်တို့ ဈေးသစ်ကဆိုင်ခန်းတွေကို ဇွန်လ၂၂ရက်နေ့ကစပြီ ဇွန်၂၆ ရက်နေ့နောက်ဆုံး
ထားပြီး ငါးရက်ရွှေ့ခဲ့ရပါတယ်။ ဒီဘက်မှာလည်း အရင်ဈေးအတိုင်း ဆိုင်ခန်းတွေကိုဖွင့်ပေးပါတယ်။
အခက်အခဲတော့ အများကြီးမရှိပေမယ့် အရင်ဈေးက ကားမှတ်တိုင်နဲ့နီးတော့ ဈေးရောင်းရပို
အဆင်ပြေတယ်။ ဒီဘက်ဈေးကတော့ လူသိပ်မလာလို့ ရောင်းလို့ဝယ်လို့သိပ်မကောင်းဘူး"ဟု
ဈေးသစ်ရှိ ဆေးဆိုင် ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုထွန်းဝင်းက ပြောသည်။
ယခုဆောက်လုပ်မည့် အထပ်မြင့် အဆောက်အအုံကို ရွှေတိဂုံစေတီ ၏ အမြင့်ပေနှင့် ချိန်ဆကာ
ဆောက် လုပ်မည်ဖြစ်ပြီး ရန်ကုန်မြို့၏အထပ် မြင့် အဆောက်အအုံ များထဲတွင် တစ်ခုအပါအဝင်
ဖြစ်လာမည် ဖြစ်သည်။
ဗိုလ်ချုပ်ဈေးသစ် ပြန်လည် တည်ဆောက်ချိန်မှာ လေးနှစ် ကြာမြင့် မည်ဖြစ်ကြောင်း ဈေးများဌာန
က ပြော သည်။
















