သီလဝါတွင် မြေဈေးများမြင့်၍ အရောင်းအဝယ်ရပ်တန့်နေ

သီလဝါတွင် မြေဈေးများမြင့်၍ အရောင်းအဝယ်ရပ်တန့်နေ

ရန်ကုန်မြို့မှ ၂၅ ကီလိုမီတာအကွာအဝေးတွင်ရှိပြီး သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်
ကြားတွင် တည်ရှိသည့် အထူးစီးပွားရေးဇုန်တစ်ခုဖြစ်သည့် သီလဝါ စက်မှုဇုန် စီမံကိန်းသည်
ဩဂုတ်လခန့်တွင် စတင် အကောင်အထည်ဖော်ဆောင် နိုင်တော့မည့် အခြေအနေများရှိသည်
ဟု သိရရာ ယင်းစီမံကိန်း စက်မှု ဇုန်မြေများနှင့် အနီးအနားရှိ မြေများမှာ ဈေးများမြင့်တက်ခဲ့ပြီး
အရောင်းအဝယ် ရပ်တန့်မှုများအထိ ဖြစ်ပေါ်ခဲ့ကြောင်း အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းများက
လွန်ခဲ့သည့်သီတင်းပတ်က ပြောသည်။

"သီလဝါစီမံကိန်းဆောက်တော့ မယ်ဆိုပြီး အသံထွက်ကတည်းက ဈေးတွေက တဖြည်းဖြည်း
လှုပ်လာ တာ။ မေလထဲမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေး လာပြီးနောက်ပိုင်း မှာ ဒီစီမံကိန်း
က ဖြစ်ဖို့သေချာသွားပြီ ဆိုပြီး အဲဒီစက်မှုဇုန်နယ်ထဲက မြေတွေ ရဲ့ ဈေးတွေတော်တော်ဖောင်း
ပွလာ တယ်။ တချို့ဆို မြေတွေကိုတောင် အရောင်းပိတ်ပစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့
နောက်ဆိုရင် ဒီထက်ဈေးပိုတက်နိုင်တယ်ပေါ့။ ဈေးတက်မှရောင်းမယ်ဆိုပြီး ဈေးအတက်ကို
စောင့်ရောင်းတာမျိုးတွေ ဖြစ်လာ တယ်" ဟု သန်လျင်မြို့နယ်အခြေစိုက် အကြီးတန်း အိမ်ခြံမြေ
အကျိုးဆောင် တစ်ဦးဖြစ်သူ ကိုအောင်ဇော်မိုးက ပြောသည်။

အဆိုပါ သီလဝါစီမံကိန်းကြီး တည်ဆောက်မည့် စက်မှုဇုန်မြေနေရာ များ၊ အတွင်းအချက်အချာ
နေရာများ တွင် ပြီးခဲ့သည့်နှစ်ထက် နှစ်ဆခန့်ဈေးခုန်တက်ခဲ့ပြီး နှစ်လအတွင်း မြေတစ်ဧကလျှင်
ကျပ်သိန်း ၅၀၀ ခန့် တက်ခဲ့ကြောင်းလည်း အကျိုးဆောင်များကပြောသည်။ထို့ပြင် အချို့သော
မြေကွက်များမှာ အဆမတန်ဈေးမြင့် ခေါ်ဆိုမှုများလည်း ရှိခဲ့ကြောင်း သိရ သည်။

"စီမံကိန်းအရှိန်နဲ့ အဲဒီကမြေတွေကို လိုချင်တဲ့သူတွေကလည်း သူ့ဟာနဲ့သူရှိကြတယ်။ အဲတော့
ရောင်းမယ့် သူကလည်း ဈေးတွေကိုမြင့်မြင့် ခေါ်ကြတယ်။ အဲတော့ ၀ယ်တဲ့သူတွေ ကလည်း ဈေး
အရမ်းမြင့်တော့ အရောင်းအဝယ်က သိပ်မဖြစ်တော့ ဘူး။ အဲဒါနဲ့ပဲတချို့မြေတွေက အရောင်းတွေ
ပိတ်ကုန်တယ်" ဟု ရွှေကံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးခင် မောင်အေး
က ပြောသည်။

စက်မှုဇုန်မြေနေရာ၌ လွန်ခဲ့သည့်နှစ်လခန့်တွင် တစ်ဧကလျှင် ကျပ်သိန်း ၂,၇၀၀ ၀န်းကျင်မှ ကျပ်
သိန်း ၃,၀၀၀၊ ၃,၅၀၀ ခန့်ထိ ပေါက်ဈေးရှိခဲ့ပြီး အဆိုပါမြေယာများမှာ လွန်ခဲ့သည့်တစ်နှစ်ခန့်တွင်
ကျပ်သိန်း ၁,၅၀၀ ခန့်သာ ဈေးရှိကြောင်းသိရသည်။

"စက်မှုဇုန်အကွက်လည်းဖြစ်တယ်။နေရာကလည်း ထောင့်ကွက်လိုမျိုး နေရာကောင်းကောင်းဆိုရင်
ကျပ်သိန်း ၃,၅၀၀ လောက်ကို ဈေးပေါက်တယ်။ အခုလောလောဆယ် အဲဒီဘက်မှာ ဈေးတွေနည်း
နည်းတက်နေတော့ အရောင်းအဝယ်အေးနေပါတယ်။ တချို့ဆို ဈေးတက်မှန်းသိတော့ သူတို့ မြေ
တွေကို မရောင်းဘဲထားကြတယ်။ ဒီထက်တက်ဦးမလားဆိုပြီး စောင့်တဲ့သဘောလို့ထင်ပါတယ်"
ဟု Estate Myanmar အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ခံ ကိုနိုင်မျိုးဦးက ပြောသည်။

ထို့ပြင် သန်လျင်မြို့သည် ယခင် က အိမ်ခြံမြေအရောင်းအဝယ်အေးသော်လည်း သီလဝါစီမံကိန်း
အရှိန် ကြောင့် အိမ်ရာစီမံကိန်းများရှိ မြေများနှင့် သန်လျင်အရှေ့ပိုင်းတက္ကသိုလ်နားရှိ လယ်မြေများ
မှာလည်း ဈေးများမြင့်တက်လာကြောင်း ဦးခင်မောင်အေးက ပြောသည်။

"အခုနောက်ပိုင်းမှ အိမ်ရာတွေဖော်ဖို့လုပ်ထားတဲ့ ပါမစ်ကွက်တွေဆိုရင်လည်း ပေ ၄၀x၆၀ မြေ
ကွက် ကို ကျပ်သိန်း၂၅၀၊ ၃၀၀ လောက် ဈေးတွေရှိတယ်။ တက္ကသိုလ် မြေတွေဆိုရင်လည်း မနှစ်
ကနဲ့ယှဉ်ရင် နှစ်ဆလောက် တက်သွားတယ်။ အခုဆိုရင်တစ်ဧကကို ကျပ်သိန်း ၁,၅၀၀၊ ၁,၆၀၀
လောက်ဈေးပေါက်တယ်" ဟု ဦးခင်မောင်အေးက ပြောသည်။

ယခုကဲ့သို့ သီလဝါစက်မှုဇုန်မြေများဈေး မြင့်တက်ခြင်းသည်အရောင်းအဝယ်သမားများ၏ ဈေးဆက်
လက်မြင့်တက်မှုများဖြစ် ပေါ်နိုင်မည်ဟု မျှော်လင့်မှုများ ဖြင့် ဈေးအဆမတန်ခေါ်ဆိုမှုများ ကြောင့်
ဖြစ်သည်ဟု အကျိုးဆောင် များက သုံးသပ်သည်။

ရန်ကုန်သန်လျင် လမ်းမပေါ်ရှိ လယ်မြေများမှာလည်း ယခင် တစ်ဧကလျှင် ကျပ်သိန်း
လေးငါးဆယ်မှ ယခုအခါတွင် ကျပ်သိန်း ၁၀၀ ခန့်ထိ ဈေးပေါက်လျက်ရှိပြီး မြို့တွင်း အိမ်ခြံမြေဈေး
များမှာလည်း ဈေးကောင်းလျက်ရှိရာ ပေ ၄၀x၆၀ အိမ်တစ်လုံးလျှင် ကျပ်သိန်း ၁,၅၀၀ ခန့်ပေါက်
ဈေးရှိကြောင်း သိရ သည်။

သီလဝါ အထူးစီးပွားရေးဇုန်သည် ၂၀၁၃ ခုနှစ် နျစ်ဦးပိုင်းမှစတင်ကာ အကောင်အထည်ဖော်ဆောင်
ရွက် မည့် အခြေအနေများပေါ်ပေါက်ခဲ့ပြီး အာဆီယံ လွတ်လပ်စွာကုန်သွယ်မှု နယ်မြေ ၂၀၁၅ ခုနှစ်
အမီ လုပ်ငန်းလည်ပတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ထို့ပြင် ၂၀၁၃ ခုနှစ်၊ ဗမလ ၂၇ ရက်နေ့တွင်
ရောက်ရှိလာသည့် ဂျပန် ၀န်ကြီးချုပ်ရှင်ဇိုအာဘေး ခရီးစဉ် ကြောင့် ဒေသခံများနျင့် စီးပွားရေးလုပ်
ငန်းရှင်များ၏ သီလဝါစီမံကိန်း အပေါ်ယုံကြည်မှုများ ပိုမိုသေချာခဲ့ သည်။ သီလဝါ စက်မှုဇုန် စီမံကိန်း
အတွက် မြေဟက်တာ ၂,၄၀၀ ခန့် (ဧက ၆,၀၀၀ ခန့်) အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်