၂၀၁၅ တွင် အိမ်ခြံမြေဈေးကွက် ပိုမို ခိုင်မာမည်ဟု သမ္မတအကြံပေးမှ သုံးသပ်

၂၀၁၅ တွင် အိမ်ခြံမြေဈေးကွက် ပိုမို ခိုင်မာမည်ဟု သမ္မတအကြံပေးမှ သုံးသပ်

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ အသင်းကြီး၏ တစ်နှစ်ပြည့်
အထိမ်း အမှတ်အဖြစ် ပညာရပ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ဇူလိုင်လ ရ ရက်နေ့တွင် ရန်ကုန်
မြို့၊ လမ်းမတော် မြို့နယ်ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးချုပ် တွင်
ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်နှင့် အနာဂတ် အလားအလာအကြောင်းကို နိုင်ငံ
တော် သမ္မတ အကြံပေးဖြစ်သူ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ရှင်းလင်းဆွေးနွေးတင်
ပြခဲ့သည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးမှုအလားအလာနှင့် အိမ်ခြံမြေ ဈေးနှုန်းများ အကြောင်းကို
ဦးစွာ ဆွေးနွေးသွားခဲ့သည်။ "ကျွန်တော် မြင်မိသလောက်ကို ပြောပြရမယ်ဆိုရင် မြန်မာနိုင်ငံမှာ
မြေဈေးတွေက အရမ်းကိုကြီးမြင့်နေ တာကို တွေ့ရပြီး ဒါတွေက အကျိုး ဆောင်တွေကြောင့်လည်း
မဟုတ်ဘူးလို့ ထင်ပါတယ်၊ ဒီလိုအတွေးအခေါ်မျိုးက ဈေးကွက်စီးပွားရေးကို နားမလည်တာကို
ဖော်ပြနေတာဖြစ်ပြီး ၀ယ်လိုအား၊ ရောင်းလိုအားကို စဉ်းစား ရမှာပါ။"

"ဒီကနေ့အချိန်အခါမှာဆိုရင် အိမ် ခြံမြေကြော်ငြာတွေဟာ နေရာကို လိုက်ပြီး ဈေးနှုန်းတွေကြီးမြင့်
မှု အလိုက် အပြိုင်အဆိုင်ကြော်ငြာလာကြတာကို တွေ့ရပြီး သိရသလောက် ရန်ကုန်မြို့မှာရှိတဲ့
အဆင့်မြင့် ပြင်ဆင်ပြီးခေါင်မိုးအိမ်တစ်လုံးရဲ့ တစ်လ အငှားဈေးက ကန်ဒေါ်လာ တစ်သောင်းခွဲရှိပြီး
ဗဟန်း ရွှေတောင်ကြားမှာရှိတဲ့ အိပ်ခန်းရှစ်ခန်းပါ သုံးထပ်အိမ်တစ်လုံးရဲ့ အငှားဖွင့်ဈေးကတော့
တစ်လဒေါ်လာ ၁၀,၅၀၀ ရှိတာကို တွေ့ရပါတယ်၊ ဒါတွေ ကတော့ နေရာပေါ်မူတည်ပြီး ဖြစ်ပေါ်
နေတဲ့ မြင့်မားနေတဲ့အငှားဈေးနှုန်းတွေပါ"ဟုလည်း ၎င်းကပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ သည် အနောက်နိုင်ငံများမှ စီးပွားရေး ပိတ်ဆို့မှုများသိသိသာသာ
လျော့နည်းလာပြီဖြစ်ရာ နိုင်ငံပေါင်းစုံမှ ဟိုတယ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီး
မြှုပ်နှံမှု ပြုလုပ်လာခြင်း က အိမ်ခြံမြေဈေးကွက် ပိုမိုဖြစ်ထွန်း စေရန် အထောက်အကူပြုသည့်
ကောင်းကျိုးလက္ခဏာများ ဖြစ်ကြောင်း လည်း ဒေါက်တာ အောင်ထွန်း သက်က သုံးသပ်ပြော
ဆိုခဲ့သည်။

"အခုဆိုရင် နိုင်ငံတကာက ဟိုတယ် လုပ်ငန်းကြီးတွေက ဒီနိုင်ငံမှာ လာ ရောက်ရင်းနှီးမြှုပ်နှံဖို့
အများအပြား ၀င်ရောက်လာတာတွေ့ရတယ်၊ နိုင်ငံ တကာက စီးပွားရေးပိတ်ဆို့မှုတွေ လျော့နည်း
လာတာနဲ့အမျှ ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းရှင်တွေ ၀င်ရောက်လာ တာက အိမ်ခြံမြေဈေးကွက်ကို ပိုမို
ကြီးမား ကျယ်ပြန့်လာစေတဲ့ အကြောင်းတစ်ရပ်ပါပဲ၊ ရန်ကုန်မှာဆိုရင်တော့ ကန်ဒေါ်လာ သန်း
၄၄၀ ရင်းနှီးမြှုပ်နှံ ထားတဲ့ ဗီယက်နမ်က  Hoang Anh Gia Lai စီမံကိန်းက အကြီးမားဆုံး နိုင်ငံ
ခြားရင်းနှီးမြှပ်နှံမှု စီမံကိန်းတစ်ခု ပါ"ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် မြေနေရာ ရှားပါး လာမှုနှင့်အတူ အကျိုးဆက်အနေဖြင့် ဈေးနှုန်းများလည်းတရိပ်ရိပ်
မြင့်တက်လျက်ရှိပြီး ထိုအတွက်ကြောင့် နာမည်ရ ဟိုတယ်စီမံကိန်းကြီးများသည်လည်း ဆယ်စုနှစ်
တစ်ခုစာ ပေါ်ထွက်မှုနှောင့် နှေးခဲ့ရကြောင်း ၎င်းကပြောသည်။

"နိုင်ငံခြားကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့လာပြီဆိုရင်ပထမဆုံးမေးတဲ့မေးခွန်းက
ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့မြေနေရာ ကျယ်ကျယ်ရှိရဲ့လား ဆိုတာပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက
မြေနေရာရှားပါးတဲ့ ကိစ္စက ရှိနေတဲ့အတွက် မြေဈေးတွေက သူနေရာနဲ့သူ ဈေးမြင့်နေမှာ ဖြစ်တယ်၊
ဒါကြောင့်မို့လို့ မြေဈေးတွေမြင့်နေတာက ရင်းနှီးမြှုပ်နှံသူတွေကို ဟန့်တားနိုင်တဲ့အဟန့် အတား
တစ်ရပ် ဖြစ်နေမလားဆိုတာကလည်း နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေကြားမှာ မေးခွန်းထုတ်
စရာ ဖြစ်လို့ နေပါတယ်"ဟု ဒေါက်တာအောင်ထွန်းသက်က ထည့်သွင်းပြောကြားခဲ့သည်။

ဈေးမြင့်ခေါ်ဆိုမှုများဖြင့် ဖြစ်တည်လျက်ရှိသည့် အိမ်ခြံမြေဈေး ကွက်သည် ရွှေဈေး၊ ဒေါ်လာဈေး
အတက်အကျ၊ ကျောက်မျက်ကုန် သည်များ၏ ဈေးကစားမှုများနှင့် များစွာ ဆက်စပ်လျက်ရှိရာ
အဆိုပါ ကဏ္ဍများတွင်ဈေးနှုန်းအတက်အကျ ဖြစ်ပေါ် ပြောင်းလဲမှုများက အိမ်ခြံ မြေတွင် ဈေးကွက်
ပေါက်ဈေး ထက်ပိုမြင့်သော နှုန်းထားများ ဖြစ်လာစေ သည်ဟုလည်း ၎င်းကပြောသည်။

တစ်နည်းအားဖြင့်ဆိုလျှင် အဆိုပါ အချက်များက ရန်ကုန်မြို့တွင်လူနေ တိုက်ခန်း၊ ရုံးခန်းနေရာ၊
စက်မှုဇုန် မြေ၊ ဟိုတယ်ခန်းများနှင့် ရှော့ပင်း မောလ်နေရာများ လုံလောက်မှုမရှိ ဘဲ အရေအတွက်
ကိုပြည့်မီအောင် ဖြည့်စွမ်းပေးနိုင်ခြင်း မရှိသည့် အခြေအနေများ ဖြစ်ပေါ်လာကြောင်း လည်း ၎င်း
က သုံးသပ်ခဲ့သည်။

အဆိုပါ အခြေအနေများကြောင့် မြန်မာ့အိမ်ခြံမြေဈေးကွက်၏ အနာဂတ်အလားအလာမှာ
"property flipping"ဟုခေါ်တွင်သော နေ့တစ်နေ့တည်းတွင် ပင် နာရီပိုင်းအတွင်းဈေးမြင့်လက်
လွှဲ ရောင်းချမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ ဖြစ်လာနိုင်ခြေ ရှိ သည်ဟု ခန့်မှန်းရသည်
ဟုလည်း ၎င်းကဆွေးနွေးခဲ့သည်။

"ဒါကြောင့် လက်ရှိကာလ မြန်မာ နိုင်ငံရဲ့ အိမ်ခြံမြေဈေးတွေက အိမ်နီး ချင်း ထိုင်းနိုင်ငံနဲ့ နှိုင်းယှဉ်
ရင် နှစ်ဆ နီးပါးလောက်မြင့်တယ်လို့ ပြောနိုင် သလို လှိုင်သာယာစက်မှုဇုန်မှာ ရှိတဲ့တစ်ဧကပေါက်
ဈေးက ဒေါ်လာ ၅၃၀,၀၀၀ ရှိနေပြီး ဒီဈေးက အမေရိကန် နိုင်ငံ၊ အော်လန်ဒို၊ ဖလော်ရီဒါ မှာရှိတဲ့
စက်မှုဇုန်တစ်ဧက ပေါက်ဈေးထက် ၁၂ ဆလောက်ပိုများတာကို တွေ့ရပါ တယ်"ဟုလည်း ၎င်း
ကပြောသည်။

ရန်ကုန်မြို့တော်ရှိ ရုံးခန်းငှားရမ်းမှုနှုန်းထားများသည် ၂၀၁၁ ခုနှစ်က ထက်စာလျှင် ၂၀၁၂ တွင်
သုံးဆခန့် မြင့်တက်လာသည်ဟုလည်း သိရပြီး ယခုနှစ်အတွင်း တစ်စတုရန်းမီတာ လျှင် ငှားရမ်းခ
၆၅ ဒေါ်လာရှိ သည်။ ထိုမှတစ်ဆင့် နောင်လာမည့် နှစ်များတွင် တစ်စတုရန်းမီတာလျှင် ဒေါ်လာ
၁၅၀ အထိ မြင့်တက်လာနိုင်ခြေရှိသည်ဟုလည်း ၎င်းက ပြောသည်။

အစိုးရသစ်လက်ထက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီးစီး၍ စီးပွားရေးဈေးကွက် ပိုမို
တိုးတက်ဖွံ့ဖြိုး လာချိန်တွင် အိမ်ခြံမြေဈေးကွက်မှာလည်း ပိုမိုပီပြင်စွာ လှုပ်ရှားအသက်ဝင်လာခဲ့ပြီး
အိမ်ခြံမြေကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင် ခဲ့ကြောင်းလည်း ၎င်းကပြောသည်။

"မြန်မာနိုင်ငံက လက်ရှိအခြေအနေမှာ အနောက်က စီးပွားရေး ပိတ်ဆို့မှုတွေလည်း လျော့နည်းနေ
ပြီဆိုတော့ ဒီအချက်က အိမ်ခြံမြေကဏ္ဍထဲကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ၀င်ရောက်နိုင်အောင်
အဓိက ဆွဲဆောင် တဲ့အချက်ဖြစ်တယ်။ အစိုးရအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြည့်ပြည့်
စုံစုံကျယ်ကျယ် ပြန့်ပြန့်ရေးဆွဲပြဋ္ဌာန်းထားတဲ့အပြင် အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ကိုက်ညီအောင် လည်း
အတတ်နိုင်ဆုံး ကြိုးစားအတည်ပြု ပြဋ္ဌာန်းပေးထားတာကိုတွေ့ရပါတယ်"ဟုလည်း ၎င်းက ပြော
သည်။

မြန်မာ့အိမ်ခြံမြေဈေးကွက်အလားအလာသည် ၂၀၁၅ ခုနှစ်တွင် ပိုမို တွင်ကျယ်ခိုင်မာလာမည် ဖြစ်
သည်ဟု ခန့်မှန်းပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များ၏ စိတ်ဝင်စားမှုများပြား၍ ရင်းနှီး မြှုပ်နှံမှု မြင့်မား
လာသော ကဏ္ဍတစ်ရပ် အဖြစ် ရပ်တည်လာမည်ဖြစ်သည်ဟု လည်း ၎င်းကသုံးသပ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်