Desjoyaux အမှတ်တံဆိပ်ရေကူးကန်များ မြန်မာပြည်ဈေးကွက်သို့ စတင်မိတ်ဆက်ခဲ့

Desjoyaux အမှတ်တံဆိပ်ရေကူးကန်များ မြန်မာပြည်ဈေးကွက်သို့ စတင်မိတ်ဆက်ခဲ့

ပြင်သစ်နိုင်ငံမှ မှာယူတင်သွင်းသည့် Desjoyaux အမှတ်တံဆိပ် ရေကူးကန်များကို မြန်မာပြည်
ဈေးကွက်သို့ စတင်သွင်း မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း မြန်မာပြည်အတွက်မှာယူတင်သွင်းပေး
သည့် K liink ကုမ္ပဏီမှ ဥက္ကဋ္ဌ ဒေါ်ယဉ်ဝင့်သူက ရေကူးကန် စတင်မိတ်ဆက်သည့် ဇူလိုင် ၁၀
ရက် တွင် ပြောသည်။

"ကျွန်မတို့ကတော့ လွန်ခဲ့တဲ့ ခြောက်လလောက် ကတည်းက စပါတယ်၊ ပြင်ဆင်ချိန်ပေါ့၊ ဈေးကွက်
သုတေသနလုပ်တယ်၊ ရာသီဥတုနဲ့ ကိုက်မကိုက်စစ်တယ်၊ ၀ယ်သူတွေ တတ်နိုင်တဲ့ ဈေးနှုန်း ဖြစ်
မဖြစ်စစ်တယ်၊ ၀န်ဆောင်မှုပိုင်း၊ ပြုပြင်ထိန်း သိမ်းမှုပိုင်း၊ နောက်ပြီးတော့ နည်း ပညာကို လေ့လာ
တယ်၊ လွန်ခဲ့တဲ့ နှစ်လ လောက်တုန်းက Demo Pool ကိုစဆောက်ပါတယ်၊ နမူနာ ရေကူးကန်
ပေါ့၊ ခြောက်မိုင်ခွဲ၊ ဓမ္မာရုံလမ်းမှာပါ၊ လူတွေကြည့်ချင်ရင်လည်း ကြည့်လို့ ရအောင်ပေါ့၊ အဓိက
ကတော့ ကျွန်မ တို့ကိုယ်တိုင်က ဒီပစ္စည်းတွေ၊ စက်တွေ ပေါ်မှာ ယုံကြည်မှု ရှိတာလည်း ပါပါ
တယ်"ဟု ဒေါ်ယဉ်ဝင့်သူကပြောသည်။

လက်ရှိအချိန်သည် မြန်မာပြည် ဈေးကွက်သို့ စတင်ဝင်ရောက်သည် မှာ မကြာသေးသည့်ကာလ
ဖြစ်သော်လည်း ဈေးနှုန်းနှင့် မြန်မာပြည် မှ ရေကူးကန်သုံးစွဲသူများ၏ အနေ အထားနှင့် ကိုက်ညီ
မည်ဟု မျှော်မှန်းကြောင်းလည်း ၎င်းကပြောသည်။

"ဈေးနှုန်းရော သုံးစွဲသူတွေနဲ့ရောကိုက်ညီမှုရှိမှာပါ၊ ကျွန်မတို့နဲ့ ယှဉ်ပြိုင်စရာကတော့ Traditional
Pool ပိုက်နဲ့ ဆက်တဲ့ ရေကူးကန်တွေပေါ့၊ဒါကြောင့် ဒီလိုအမျိုးအစား ရေကူး ကန်တွေရဲ့ ကောင်း
ကျိုး၊ ဆိုးကျိုးကို လေ့လာရပါတယ်၊ ကျွန်မတို့ရဲ့ အားသာချက်ကတော့ ပြုပြင်ထိန်း သိမ်းရတဲ့
စရိတ်သက်သာတယ်၊ ရေရှည်မှာ ၀န်ဆောင်မှုပေးရတာကလည်း အိမ်ရှင်ကနေပြီးတော့ ကလို
ရင်းထည့်တာတို့၊ ကြွေပြားကိုကြေးချွတ်တာတို့ လိုက်ပြီးတော့လုပ် စရာ မလိုဘူး၊ နောက်ပြီး
စကာစ က မနိုင်တာတို့ အဲဒီပြဿနာတွေ မရှိ ဘူး၊ ဈေးနှုန်းအရတော့ သိပ်မကွာပေမယ့် အိမ်မှာ
ထားမယ့် Family Pool အရတော့ ပြုပြင်ထိန်းသိမ်းမှုက အများကြီးသာပါတယ်"ဟု ၎င်းက ပြော
သည်။

ယခုလက်ရှိအချိန်တွင် Desjoyauxူ ကို စိတ်ဝင်စားသူ အရေအတွက် များပြားသကဲ့သို့ ထည့်သွင်း
တည် ဆောက်ရန်အတွက် အော်ဒါမှာယူမှု များလည်း ရှိကြောင်း သိရသည်။ အထူး သဖြင့် ခေါင်
မိုးပေါ်တွင် တင်ချင်သည့် ကန်မျိုး၊ မြေညီတွင် ထည့်သွင်းသည့် ကန်မျိုးများကို ၀ယ်ယူသူများစိတ်
၀င် စား၍ မှာယူကြသည်ဟုလည်း ၎င်းက ပြောသည်။

အဆိုပါရေကူးကန်များကို နိုင်ငံပေါင်း ၆၈ နိုင်ငံတွင် ကန်ပေါင်း သုံးသိန်းကျော် ရောင်းချပြီးသွားပြီ
ဟု သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်