ပြင်ဆင်ပြီး အသင့်နေထိုင်နိုင်တဲ့ အနော်ရထာအိမ်ရာက တိုက်ခန်း

ပြင်ဆင်ပြီး အသင့်နေထိုင်နိုင်တဲ့ အနော်ရထာအိမ်ရာက တိုက်ခန်း
တည်နေရာ - အနော်ရထာအိမ်ရာ၊ ကမာရွတ်မြို့နယ်။
ဈေးနှုန်း - ကျပ်သိန်း ၂,၇၀၀ (အရောင်း)။
ဖုန်း - ၀၉ ၄၃၁၂၇၂၈၈။
ဆက်သွယ်ရန် - (မြ)ပန်းသခင် အိမ်၊ ခြံ၊ ဗမြ
အကျိုးဆောင်လုပ်ငန်း။

 

ဒီတစ်ပတ်အတွက်တော့ အနော်ရထာ အိမ်ရာက တိုက်ခန်းတစ်ခန်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အိမ်ရာအတွင်းမှာ နေရတာ ကြိုက်ပြီး ကားထားဖို့ နေရာလည်းအဆင်ပြေတဲ့အပြင် လုံခြံုရေးတွေ
ပါရှိတဲ့အတွက် စာဖတ်သူတွေ အကြိုက်တွေ့စေမယ့် တိုက်ခန်းတစ်ခန်းလို့ ထင်ပါတယ်။

ဒီတိုက်ခန်းလေးက လမ်းမတန်း ဘက်ကိုမျက်နှာမူထားပြီး တိုက်ခန်းပတ်ပတ်လည်မှာ ပြတင်း
ပေါက် များများနဲ့ ဖွဲ့စည်းထားတဲ့အတွက်ကြောင့်လည်း သဘာဝလေနဲ့ သဘာဝအလင်းရောင်ကို
ကောင်းကောင်း ရနိုင်မှာဖြစ်ပါတယ်။

ဒီတိုက်ခန်းလေးမှာ အပေါ်ထပ်နဲ့ အောက်ထပ်ဆိုပြီးနှစ်ထပ်ပါလို့ မိသားစုတွေ ကောင်းကောင်း
ကျယ်ကျယ်ဝန်းဝန်း နေနိုင်မယ့် အိမ်ကလေးလို့ ထင်ပါတယ်။ တိုက်ခန်းကိုတော့ အရောင်းသီး
သန့်ပဲ ဈေးဖွင့်လှစ် ပေးထားပြီးတော့အကျယ်အဝန်းက စတုရန်းပေ ၁,၆၀၀ ရှိပါတယ်။

အိမ်ရဲ့ အောက်ထပ်ကိုတော့ အိပ်ခန်းတွေ မဖွဲ့ဘဲ ဒီတိုင်းအခန်းကျယ်ထားတာကိုတွေ့ခဲ့ရပါတယ်
အိမ်အောက်ထပ်ရဲ့ ကြမ်းခင်းကို ကြွေပြားခင်းပေးထားပြီး အိမ်နံရံတွေကို နို့နှစ်ရောင် ကလေးသုတ်
ပေးထားတဲ့အတွက် အိမ်ခန်းကိုတော့ လင်းလင်းကျင်းကျင်းလေး ဖြစ်နေစေပါတယ်။

အိမ်ရဲ့အောက်ထပ်မှာပဲ ၀ရန်တာပါပြီး အိမ်အပေါ်ထပ်မှာတော့ သီးသန့်ဝရန်တာတစ်ခု မပါ၀င်တာ
ကိုသတိထားမိခဲ့ပါတယ်။ ဒီအိမ်ရှေ့ဝရန်တာကို စတီးတံခါးတစ်ထပ်၊ ကျွန်းတံခါးတစ်ထပ်နဲ့ ဖွဲ့ပေး
ထားပါတယ်။ အိမ်ရှေ့ ၀ရန်တာက ကြည့်ရင် ရန်ကုန် ပြည်လမ်း ဘက်ခြမ်းကို လှမ်းမြင်ရပါတယ်။

အိမ်အောက်ထပ်နဲ့ နောက်ပိုင်းမှာ နောက်ဖေး မီးဖိုခန်းရှိပြီး ထမင်းစားခန်းကို တွဲလျက်ထားနိုင် တာ
ကို တွေ့ခဲ့ရပါတယ်။ မီးဖိုခန်းရဲ့ အရှေ့ဘက် ကလေးမှာ ပစ္စည်းအတိုအစတွေထားဖို့အတွက် စတို
ခန်းတစ်ခန်းလည်းရှိတဲ့အတွက် ပစ္စည်းအတိုအစ ထားဖို့ နေရာသီးသန့်စဉ်းစားနေစရာမလိုတော့ဘူး
လို့ ထင်ပါတယ်။

အိမ်ရဲ့အပေါ်ထပ်ကိုတက်ဖို့ လက်ရန်းမပါတဲ့ ကျွန်းလှေကားလေးနဲ့ တက်သွားရမှာဖြစ်ပြီး အပေါ်
ထပ်ရဲ့ ကြမ်းခင်းတွေကိုတော့ ကျွန်းပါကေးတွေခင်းပေးထားပါတယ်။ လှေကားပေါ်တက်တက်ချင်း
မှာတော့ သီးသန့်အိမ်သာ တစ်ခုရှိတာကို သတိထားခဲ့မိပါတယ်။ အိမ်ရဲ့ အပေါ်ထပ်မှာဆိုရင် ရေချိုး
ခန်းအိမ်သာ တွဲလျက်ပါတဲ့ အိပ်ခန်းတစ်ခန်းနဲ့ ရိုးရိုး အိပ်ခန်း တစ်ခန်းပါ၀င်မှာဖြစ်ပါတယ်။

ဘုရားခန်းကိုတော့ အပေါ်ထပ်ရဲ့ ရှေ့နားလေးမှာ သစ်သားခန်းလေးလိုမျိုး ပြုလုပ်ပေးထားတဲ့
အခန်းတစ်ခန်းဖွဲ့ပေးထားတာကို တွေ့ရပါတယ်။ ဒီတိုက်ခန်းကလေးက အခုမှ အသစ်ပြင်ဆင်ပြီး
ဖြစ်တဲ့အတွက် ၀ယ်ယူသူတွေ အထူးတလည် ပြန်ပြုပြင်နေစရာ မလိုဘဲ ချက်ချင်းတက်နေရင်
တောင် အဆင်ပြေတဲ့ အိမ်ခန်းတစ်ခန်းဖြစ်တယ်လို့ ထင်ပါတယ်။ ဒီအိမ်ကလေးမှာ လေအေး
ပေးစက်က စုစုပေါင်း သုံးလုံးပါ၀င်ပြီး ကိုယ်ပိုင်ဖုန်းတစ်လုံး ပါ၀င် မှာ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်