အောင်တော်မူဘုရားအား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မည်

အောင်တော်မူဘုရားအား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မည်

မန္တလေးမြို့ မဟာလောကရန်နှိမ် အောင်တော်မူ မြတ်စွာဘုရားဝင်းအတွင်း လက်ရှိတည်ဆောက်
နေသည့် ဂန္ဓကုဋိတိုက် ပြီးစီးပါက ဂန္ဓကုဋိတိုက်အတွင်းရှိ စေတီတော်အား လုံးတော် ပြည့် ရွှေသ
င်္ကန်းကပ်လှူမည်ဖြစ် ကြောင်း အောင်တော်မူဘုရားဂေါပက ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

"ရွှေသင်္ကန်းကပ်ဖို့ကို ၂၀၀၉ ခုနှစ်လောက်ကတည်းက အလှူငွေကောက်ခံခဲ့ပါတယ် ။ ဒါပေမဲ့
လက်ရှိဆောက် လုပ်နေတဲ့ ဂန္ဓကုဋိဆောက်ဖို့ဖြစ်လာခဲ့တော့ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ဖို့
နောက်ကိုဆုတ်လိုက်ရတယ်။ ဂန္ဓကုဋိဆောက်တာကလည်း နည်းနည်းကြာ သွားတယ်။ ဒီနှစ်
အကုန်လောက် ပြီး မယ်မှန်းထားတယ်ပေါ့။ ခုဆိုရင်အလှူ ငွေကောက်ထားတာကလည်း လေးနှစ်
လောက်ရှိသွားပြီဆိုတော့ ရွှေသင်္ကန်း ကပ်ဖို့လှူထားတဲ့ သက်ကြီးရွယ်အိုတွေ ကလည်း သူတို့မ
သေခင်လေး ရွှေ သင်္ကန်းကပ်တာကို မြင်သွားချင်တယ်ဆိုတော့ အမြန်လုပ်လိုက်ချင်ပါတယ်"ဟု
၎င်းက ဆိုသည်။

လက်ရှိတွင် လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူရန်အလှူငွေ ကျပ်သိန်း ရ၀၀ ရရှိထားပြီး ဘုရားပရ
၀ဏ်ကို တိုးချဲ့မည်ဖြစ်ကာ ရင်ပြင်တော်ကို နေပူခံ ကျောက်ပြားများခင်းမည်ဖြစ် ကြောင်း
ဦးဝင်းမြင့်က ဆက်လက် ပြောကြားသည်။

"လောလောဆယ် ဂန္ဓကုဋိဆောက် လုပ်ပြီးရင် မုဒ်ဦးလေးပေါက် လုံခြံုရေး အတွက် အရင်လုပ်
ဆောင်ရမှာပေါ့ နော်။ "စေတီတော်မှာတင်မယ့် ထီးတော်၊ စိန်ဖူးတော်ကလည်း တော်တော်တန်
ဖိုးရှိတယ်ဆိုတော့ လုံခြံုရေးက အရေးကြီးပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဒီအောင်တော်မူ ဘုရားရွှေ
သင်္ကန်းကပ်တာကို ဆရာတော်ကြီးက ခွင့်ပြုမယ်ဆိုရင် အောက်တိုဘာလ လောက်မှာ လုပ်လိုက်
ချင်တယ်။ ဘုရား တိုးချဲ့မြေပြီးသွားရင်လည်း ဘုရားရင်ပြင်တော် ကျယ်သွားပြီး ပြည်သူအပေါင်း
စိတ်ချမ်းမြေ့စွာဘုရားဖူးနိုင် မှာဖြစ်ပါတယ်" ၎င်းက ဆိုသည်။

တိုးချဲ့မြေအတွက် ကုန်ကျငွေမှာ ကျပ်သိန်းပေါင်း ၅,၅၀၀ ခန့်ကုန်ကျမည်ဖြစ်ကာ လက်ရှိတွင်
၎င်းမြေအတွက် အလှူခံရရှိငွေ စုစုပေါင်း ကျပ် ၁,၀၆၆ သိန်းရရှိထားကာ မည်သူမဆို ပါ၀င်လှူဒါန်း
နိုင်ကြောင်း ပြောသည်။ အောင်တော်မူ ဘုရား၏လက်ရှိ ပရဝဏ်အကျယ်မှာ ၁၄၄ ပေရှိပြီး လက်
ရှိထက် (၅၀x၂၂၅)ပေ တိုးချဲ့မည် ဖြစ်သည်။ မဟာလောကရန်နှိမ်အောင်တော်မှု မြတ်စွာဘုရား
ကို မြန်မာသက္ကရာဇ် ၁၂၂၄ ခုနှစ်တွင် သီပေါမင်းတရားကြီး တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်