မြန်မာနိုင်ငံအတွက် Ford မော်တော်ယာဉ်များကို တစ်ဦးတည်းတာဝန်ယူတင်သွင်း ဖြန့်ဖြူးသည့်
Capital Automotive ကုမ္ပဏီ၏ ပင်မကုမ္ပဏီ ဖြစ်သော Capital Diamond Star ဂရု(ပ်)မှ
ဒေသတွင်းနေထိုင်သော လူ များ၏ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ၀န်ဆောင်မှုများတွင်
အသုံးပြုရန်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ရှိ ကုသိုလ်ဖြစ်ဆေးရုံတွင် လူနာတင် မော်တော်
ယာဉ်တစ်စီး လှူဒါန်းခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသတစ်ခုဖြစ် သော အောင်ပန်းကဲ့သို့သော
ဒေသ တွင် အရေးပေါ်ကျန်းမာရေးဝန် ဆောင်မှုလုပ်ငန်းများမှာ အားနည်း လျက်ရှိသည်ကို တွေ့
ရပြီး ယခုလှူဒါန်း သည့် ထိုင်းနိုင်ငံထုတ် Ford Everest Ambulance မှာ အဆိုပါဒေသတွင်းရှိ
ဝေးကွာသော နေရာများသို့ ကျန်းမာ ရေးအတွက် အရေးပေါ်ဝန်ဆောင်မှုပေးနိုင်သည့် ပထမဆုံး
လူနာတင် မော်တော်ယာဉ်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မော်တော်ယာဉ်ကျွမ်းကျင်သူများ နှင့် မော်တော်ယာဉ်နှင့်ပတ်သက်သည့် လေ့ကျင့်သင်ကြားမှု
များကို မြန်မာ နိုင်ငံအပါအဝင် အရှေ့တောင်အာရှ တစ်ဝန်းရှိ မော်တော်ယာဉ် ဈေးကွက်များတွင်
ပြန်လည်ပို့ချနိုင်ရန် အတွက် လေ့ကျင့်မှုများကို ပြုလုပ်ပေးနေသည့် Ford ကုမ္ပဏီနှင့် အတူ နှစ်
ရှည်လများ လက်တွဲလုပ်ကိုင်လာခဲ့သော လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် RMA ဂရု(ပ်)က
ယခုလှူဒါန်းသည့် လူနာတင်ယာဉ်ကို ၀န်ဆောင်မှုများပြည့်စုံသည့် ခေတ်မီလူနာတင်ယာဉ်အဖြစ်
လှူဒါန်းနိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
"အောင်ပန်းမြို့ မြို့ပေါ်အရပ်ရှိ နေထိုင်သူတွေ လိုအပ်လျက်ရှိ တဲ့ အရေးပေါ်ကျန်းမာရေးဆိုင်ရာ
စောင့်ရှောက်မှုတွေနဲ့ ၀န်ဆောင်မှု တွေမှာ အသုံးပြုနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်
ဖက်တွေနဲ့အတူ Ford နဲ့ RMA ဂရု(ပ်)တို့က အောင်ပန်းမြို့ ကုသိုလ်ဖြစ်ဆေးရုံကို Ford Everest
လူနာတင်ယာဉ်တစ်စီး ကို ဂုဏ်ယူစွာနဲ့ လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်"ဟု Capital Diamond
Star ဂရု(ပ်)မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကိုကိုကြီးက ပြောသည်။
"Ford ခေတ်မီလူနာတင်ယာဉ်ကို လှူဒါန်းရတဲ့ ရည်ရွယ်ချက်ကလည်း ဒေသတွင်းနေထိုင်တဲ့
လူနေမှု အဖွဲ့ အစည်းတွေရဲ့ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းတွေကို ကူညီပံ့ပိုးရာ ရောက်
အောင်လည်း ရည်ရွယ်တဲ့ အပြင် လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေမှာ အပြု
သဘောဆောင်တဲ့ ထူးခြားမှုတွေ ရှိလာအောင် လည်း ရည်ရွယ်ပါတယ်"ဟုလည်း ၎င်းက ပြော
ကြားခဲ့သည်။















