တရုတ်နိုင်ငံ အောဒေါ့စ်မြို့တွင် အရောင်းအဝယ်များ ကျဆင်းခဲ့

တရုတ်နိုင်ငံ အောဒေါ့စ်မြို့တွင် အရောင်းအဝယ်များ ကျဆင်းခဲ့

လုပ်ငန်းရပ်ဆိုင်း ထားရတဲ့အတွက် တစ်ဝက်တစ်ပျက် ဆောက်လက်စ အဆောက်အအုံတွေရဲ့
ရှေ့မှာ ကရိန်း တွေ ငုတ်တုတ်ဖြစ်နေပြီး နေထိုင်သူ မရှိတဲ့အတွက် အလုပ်သမားတန်းလျား က
တံခါးချပ်တွေ လေတိုက်တိုင်း တကျွိကျွိမြည်နေတဲ့ တရုတ်နိုင်ငံ မြောက်ပိုင်း အောဒေါ့စ် (Ordos)
မြို့ က မင်းတုပ်ချ ပိတ်ထားတဲ့ ဆိုင်တွေ မှာ ကံကောင်းစေဖို့အတွက် တရုတ်စာလုံးတွေနဲ့ ရေး
ထားတဲ့ ပိုစတာတွေ ကပ်ထားပါတယ်။

ဒီမှာတော့ အိမ်ခန်းရောင်းအား ဟာ လုံးဝမရှိသလောက်နီးပါးဖြစ်နေတယ်လို့ အိမ်ခြံမြေ အကျိုး
ဆောင် ကျန်းဝေ (Zhang Wei )က ပြောပါတယ်။ မြို့တော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ၀င်ငွေ ကျဆင်း
နေပေမယ့်လည်း တရုတ်အစိုးရက ချေးငွေတွေ စံချိန် တင် တိုးမြှင့်ပေးခဲ့တဲ့ကာလအတွင်းမှာ အိမ်
ရာဆောက်လုပ်မှုတွေ တစ်ဟုန်ထိုး တက်လာတာတွေ့ခဲ့ရတဲ့ မွန်ဂိုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက
မြို့တစ်ခုဖြစ်တဲ့ အောဒေါ့စ်ဟာ အခုတော့ ၀န်ကြီးချုပ် လီခဲချာန် (Li Keqiang) က ထိန်းချုပ် ဖို့
ကြိုးစားနေတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ခန့်မှန်း ပြောဆိုမှုတွေအတွက် သင်္ကေတတစ်ခု ဖြစ်နေပါ
တယ်။

"ပြီးခဲ့တဲ့ သုံးလေးနှစ်ကဆိုရင် ဒီမှာ ကျောက်မီးသွေးတွေ အများကြီးရှိတဲ့အတွက် တစ်နိုင်ငံလုံးက
လူတွေ လာကြ ပါတယ်" လို့ တစ်ပတ်ရစ် ဆောက်လုပ် ရေးသုံး စက်ကိရိယာတွေ ရောင်းတဲ့ ရုံး
ခန်းတစ်ခုမှာ ၀ယ်သူမရှိတဲ့အတွက် ဆေးလိပ်ထိုင်သောက်နေတဲ့ အသက် ၃၀ အရွယ် ကောင်းဝေ
(Gao Wei) ပြောပါတယ်။" အခုတော့ အဲဒီလုပ်ငန်း လည်း ပျက်သွားပြီး။ သူတို့အားလုံး လည်း
ပြန်သွားကြပြီ" လို့ သူက ပြော ပါတယ်။

ပေကျင်းမြို့ အနောက်ဘက် မိုင် ရ၅၀ အကွာမှာရှိတဲ့ အောဒေါ့စ် မြို့ရဲ့ စီးပွားရေးပြိုလဲမှုဟာ ပြီးခဲ့
တဲ့အပတ် မှာ အစိုးရကထုတ်ပြန်ခဲ့တဲ့ ဒီသုံးလ ပတ်အတွင်း အဆိုးဝါးဆုံး ဖြစ်နိုင် တဲ့ အစီရင်ခံစာ
ရဲ့ နိုင်ငံတွင်း စီးပွားရေး ကျဆင်းမှု အများဆုံးမြို့တွေထဲက တစ်ခုအဖြစ် ပါ၀င်နေပါတယ်။ ပြီးခဲ့ တဲ့
လအတွင်း ရရှိခဲ့တဲ့ အကျိုးအမြတ် ဟာ ၂၀၀၉ ခုနှစ် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနောက်ပိုင်းမှာ
အနည်းဆုံး ဖြစ်နေပါတယ်။


 

လိုတာထက် ပိုမိုထုတ် လုပ်မိတဲ့ အကျိုးဆက်အဖြစ် ဒေသ တွင်းငွေကြေးအကျပ်အတည်း ကြံု
နေရပြီး လုပ်ငန်းရပ်ဆိုင်းထားရတာတွေကို ပြန်လည်နာလန်ထူလာနိုင်စေဖို့အတွက် မစ္စတာလီ
အစိုးရအဖွဲ့ဟာ ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံအတွက် လုံလောက်တဲ့
တိုးတက်မှုမျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ဖို့လိုအပ်နေပါတယ်။

"အခုအချိန်မှာ တိုးတက်မှုကို ဖြစ်စေနိုင်တဲ့အရာတွေကတော့ ကုန်ထုတ် စွမ်းအားတွေ တိုးမြှင့်
ထုတ်လုပ်နိုင်စေဖို့နဲ့ အကျိုးဖြစ်ထွန်းမှု အများဆုံး ကုမ္ပဏီတွေအတွက် ငွေဝင်လမ်းဖြစ် စေမယ့်
ဘဏ္ဍာရေးစနစ်တစ်ခုပါ၀င်တဲ့ ထိရောက်မှုရှိမယ့် ရင်းနှီးမြှုပ်နှံမှုတွေ ဖော်ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်"
လို့ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ညှိနှိုင်းရေးမှူးဟောင်းဖြစ်ပြီး အခုတော့
လော့ဆန်းဂျလိစ်က တီစီဒဗျူဂရု(ပ်)မှာ ထွန်းသစ်စဈေးကွက်ဆိုင်ရာ လေ့လာဆန်းစစ်သူတစ်ဦး
အဖြစ် ဆောင်ရွက် နေတဲ့ David Loevinger က ပြောပါ တယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ၂၀၁၃ ခုနှစ်မှာ ရ ဒသမ ၅ ရာခိုင် နှုန်းရှိရမယ်လို့
အစိုးရက ရည်မှန်း ထားပေမယ့် ဒုတိယသုံးလပတ်ရဲ့ တိုးတက်မှုနှုန်းဟာ ရည်မှန်းချက် ရောက်ဖို့
အတွက် နှေးကွေးနေတယ်လို့ ဇွန်လ ၁၅ ရက်နေ့ထုတ် အမျိုးသားစားရင်းအင်းဌာနရဲ့ အစီရင်ခံ
စာမှာ ဖော်ပြထားပါတယ်။

စက်ရုံတွေရဲ့ ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့နှစ်ကထက်စာ ရင် ဇွန်လမှာ ၈ ဒသမ ၉ ရာခိုင်နှုန်း
မြင့်တက်ခဲ့ပေမယ့် ဒီနှုန်းထားဟာ ၂၀၀၉ ခုနှစ်ရဲ့ နှစ်ကူးအားလပ်ရက် ကာလအတွင်းဖြစ်တဲ့
ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလကလွဲပြီး ကျန်လတွေရဲ့ အနိမ့်ဆုံးနှုန်းထားတွေနဲ့ အတူတူပဲ ဖြစ်နေ
ပါတယ်။

တရုတ်အစိုးရဟာ သူ့ရဲ့ စီးပွားရေးတိုးတက်မှုနှုန်း မှန်းထားတဲ့အတိုင်း ဖြစ်လာစေဖို့အတွက်
တစ်ခုခု ဆောင်ရွက်လိမ့်မယ်ဆိုတဲ့ ခန့်မှန်း ပြောဆိုမှုတွေဟာ ဒီအစီရင်ခံစာနောက်ကနေ
ထွက်ပေါ်လာခဲ့ပါတယ်။ Nomura Holdings ဘဏ်က တရုတ်အစိုးရဟာ ဘဏ်မှာထားမယ့်
ငွေနဲ့ ထုတ်ချေးရမယ့်ငွေ အချိုးကို စုစုပေါင်း ၂ ရာခိုင်နှုန်းအထိ လေးဆ လောက် ၂၀၁၄ ခုနှစ်
ဇွန်လအထိ လျှော့ချပေးလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

အာဏာပိုင်တွေဟာ "ဘဏ္ဍာရေးစည်းမျဉ်း တချို့ကို အတိုင်းအတာတစ်ခုအတွင်း တိုးချဲ့
အကောင်အထည်ဖော်လိမ့်မယ်"လို့ အမေရိကန်ဘဏ်က သတင်းထုတ်ပြန် ထားပါတယ်။
တရုတ်အစိုးရဟာ အသေးစိတ် ချိန်ညှိထားတဲ့ ပေါ်လစီတွေကို စတင်ချမှတ်နေပြီး တိုးတက်
မှုကို အထောက်အပ့ံဖြစ်အောင် ကြိုးပမ်းနေပါတယ်လို့ လည်း HSBC Holdings ဘဏ်က
ပြောပါတယ်။

ဒီလမှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်ကောင်စီ ကြေညာချက်မှာ တော့ အစိုးရ အိမ်ရာတွေ၊ စွမ်းအင်
ချွေတာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနဲ့ နည်းပညာ အခြေခံအဆောက်
အအုံတွေမှာ ရင်းနှီး မြှုပ်နှံတာဟာ စီးပွားရေးကျဆင်းမှုကို တုံ့ပြန်နိုင်လိမ့်မယ်လို့ တိုက်တွန်းပြော
ကြားထားပါတယ်လို့ HSBC က ပြောပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့မှာ Nomura ဟာ လာမယ့်နှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ရ ဒသမ
၅ ရာခိုင်နှုန်းကနေ ၆ ဒသမ ၉ ရာခိုင်နှုန်းကို လျှော့ချခန့်မှန်းထားပြီး JP Morgan Chase ကတော့
ရ ဒသမ ၂ ရာခိုင်နှုန်းကို လျှော့ချခန့်မှန်းထားပါတယ်။ စားသုံးမှုနှုန်းထားနဲ့ ၀င်ငွေရရှိမှု နှုန်းထား
နှေးကွေးလာတဲ့အတွက် လည်း စီးပွားရေးတိုးတက်မှုနှုန်းကို နှေးကွေးသွားစေပါတယ်။ စားသုံးမှု
နှုန်းထားဟာ ပထမသုံး လပတ်အတွင်း မှာ ဂျီဒီပီတိုးတက်မှုနှုန်းရဲ ၅၅ ဒသမ ၅ ရာခိုင်နှုန်း ရှိရာ
ကနေ ပထမနှစ်ဝက် မှာ ၄၅ ဒသမ ၂ ရာခိုင်နှုန်းရှိတယ်လို့ အမျိုးသားစာရင်းအင်းဌာနရဲ့ အချက်
အလက်တွေအရ သိရပါတယ်။

ကုန်ဈေးနှုန်းအရ မြို့ပြနေ လူတစ်ဦးချင်း သုံးစွဲတဲ့ငွေဟာ ၂၀၁၂ ခုနှစ် ပထမ နှစ်ဝက်မှာ ၉ ဒသမ
၇ ရာခိုင်နှုန်း ရှိရာကနေ ဒီနှစ် ပထမနှစ်ဝက်မှာ ၆ ဒသမ ၅ ရာခိုင်နှုန်းရှိတာကို အစိုးရ ဌာနက
ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။ "ကျွန်တော်တို့အားလုံးဟာ ပြန်လည်ဖွဲ့စည်း
ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ယာယီဒုက္ခကို ခံစားနေကြရပါတယ်" လို့ အမျိုးသား စာရင်းအင်း ဌာန
က ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ စင်းလိုင်ယွင်(Sheng Laiyun ) က ပြောပါတယ်။

(ဘလွန်းဘာ့ဂ်) 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်