ငှားသူတွေနှစ်သက်မယ့် သစ်လွင်လှပတဲ့ မရမ်းကုန်းမြို့နယ်က လုံးချင်းအိမ်

ငှားသူတွေနှစ်သက်မယ့် သစ်လွင်လှပတဲ့ မရမ်းကုန်းမြို့နယ်က လုံးချင်းအိမ်
တည်နေရာ   - ကုန်းမြင့်သာလမ်းသွယ်၊ မရမ်းကုန်းမြို့နယ်။
ဈေးနှုန်း - ဒေါ်လာ ၃,၀၀၀ (အငှား)။
ဆက်သွယ်ရန် - Estate Myanmar ကုမ္ပဏီ။
 ဖုန်း - ၀၁ ၅၁၂၀၂၉။

ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်ကတော့ ရ မိုင် ကုန်းမြင့်သာမှာရှိတဲ့ ခြံလေးနဲ့ မိတ်ဆက်ပေးချင်ပါ
တယ်။ ဒီခြံကလေးက လူခြေတိတ်တဲ့နေရာလေး မှာရှိပြီးတော့ ခြံကျယ်ကျယ်လေးနဲ့ နေချင်တဲ့
မိသားစုတွေ စိတ်ကြိုက်တွေ့ စေမယ့် ခြံကလေးပါ။

ခြံကလေးက တိတ်တိတ်ဆိတ်ဆိတ်ရှိလှတဲ့အတွက် သဘောကျနှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။
ခြံထဲကို သွားချင်တယ်ဆိုရင်တော့ လမ်းထဲကိုတော်တော် ၀င်ရပြီး လမ်းရဲ့ အဆုံးပိုင်းကလေးမှာ
ရှိတဲ့အတွက် အိမ်ကိုတော့ တော်တော် ရှာဝင်ရမယ်လို့ ထင်ပါတယ်။ ခြံထဲကို၀င်ဝင်ချင်းမှာ အမြင် တစ်မျိုးဆန်းတဲ့ နှစ်ထပ်တိုက်သစ်ကလေးကို တွေ့ရမှာဖြစ်ပါတယ်။

ဒီနှစ်ထပ်တိုက်ကလေးက အပြာ ရောင်ကလေးကို အသစ်စက်စက်ဆေးအသစ်ပြန်သုတ်ထားတဲ့
တိုက်ကလေးဖြစ်ပါတယ်။ ခြံရဲ့ ရှေ့မြေကွက် လပ်ကလေးကို အတော်ကလေး ကျယ်ကျယ် ချန်
ထားပြီးမှ ခြံထဲအတွင်း ဒီဇိုင်းကလေးကို လှလှပပကလေး လည်း ပြင်ဆင်ပေးထားပါတယ်။

ခြံရဲ့အကျယ်အဝန်းက စတုရန်းပေ ၁၄,၈၅၀ ကျယ်ဝန်းပါတယ်။ ခြံရဲ့ ကြမ်းခင်းကို အနီရောင်
ကျောက်ပြားတွေခင်းပေးထားပြီး ခြံထဲမှာ အလှစိုက်ပန်းပင်လေးတွေနဲ့ အလှဆင်ပေးထားတဲ့
အပြင် အရိပ်ရတဲ့ သစ်ပင် တချို့ကိုလည်း စိုက်ပေးထားပါတယ်။

ပြီးတော့ ခြံရဲ့ ဘေးကွက်လပ်ကလေးမှာလည်း မြက်ခင်းပြင် သေးသေးလေး တစ်ခုကိုလည်း
တွေ့ခဲ့ရပါသေးတယ်။ အိမ်ရဲ့ ၀င်ပေါက်ကို သံတံခါးနဲ့ တစ်ဆင့် ပိတ်ထားပြီးတော့ ၀င်ပေါက် ရဲ့
ဘေးဘက်မှာ အပေါ်ကိုတက်ဖို့ လှေကားကိုတွေ့ ရပါတယ်။ ပြီးတော့ ရှေ့တည့်တည့်မှာ ပရိဘော
ဂ အပြည့်အစုံနဲ့ ဧည့်ခန်းကျယ်ကို တွေ့ရမှာဖြစ်ပါတယ်။

ဧည့်ခန်းရဲ့ ဘေးဘက်ခန်းမှာ ထမင်းစားခန်းအနေနဲ့ ပြုလုပ်နိုင်တဲ့ အခန်းကျယ်ကြီးတစ်ခန်းကိုတွေ့
ရမှာဖြစ်ပါတယ်။ မီးဖိုချောင်ကတော့ အိမ်ရဲ့နောက်ဆုံးခန်းမှာ ဖြစ်ပြီး မီးဖိုချောင်ကနေပြီးတော့
ဘေးဘက်မှာ ဂိုဒေါင် ကို ကပ်လျက်ဆက်ထားတာကိုတွေ့ခဲ့ရပါတယ်။

ဒီအိမ်ကလေးရဲ့ အောက်ဘက်မှာ ရေချိုးခန်းအိမ်သာ တွဲလျက်ပါတဲ့ အိပ်ခန်းကျယ်တစ်ခန်းပါ၀င်
ပြီးတော့ ကားဂိုဒေါင် နှစ်ခုပါ၀င်ပါတယ်။ ဧည့်ခန်းကို ပါကေးခင်းထားပြီးတော့ တခြားအခန်းတွေ
ကို ကြွေပြားတွေခင်းပေးထားပါတယ်။ အိမ်ပေါ်ထပ်ကိုတက်သွားမယ်ဆိုရင်တော့ အိပ်ခန်း နှစ်ခန်း
ကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအိပ်ခန်းနှစ်ခန်းကို ရေချိုးခန်း အိမ်သာတစ်ခုနဲ့ တွဲပြီးသုံးနိုင်အောင်
တွဲပြီး ဖွဲ့စည်းထားပါတယ်။

ပြီးတော့ ဘုရားခန်းကို သီးသန့်ခွဲမပေးထားတာ တွေ့ခဲ့ရပါတယ်။ ၀ရန်တာကိုလည်း ကျယ်ကျယ်
လေး မဖွဲ့ပေးထား ပေမယ့် ဒီအိမ်ကလေးမှာ ပြတင်းပေါက်များများပါတဲ့အတွက် လေဝင်
လေထွက်ကောင်းပြီးတော့ အလင်း ရောင်ကောင်းကောင်း ရနိုင်ပါတယ်။

အိမ်အပေါ်ထပ်ကို ပါကေးခင်းပေး ထားပါတယ်။ ဒီခြံကလေးမှာ အဓိက အိမ်မဆောင် ကြီးအပြင်
အိမ်ရဲ့အနောက်ဘက်မှာ လည်း အလုပ်သမားတွေနေဖို့ အိမ်ခန်း အသေးလေး တစ်ခုပါတာကို
တွေ့ခဲ့ရ ပါတယ်။ ဒီအိမ်ရဲ့ အပြင်ဘက်မှာ မီးဖိုချောင်အသေးလေးတစ်ခုပါ ထပ်ပါ တာကို တွေ့
ခဲ့ရပါတယ်။

ဒီအိမ်ကလေးမှာ ပရိဘောဂ အပြည့်အစုံ ပါ၀င်တဲ့အတွက် အိမ်ငှားနေမယ့်သူတွေ ပရိဘောဂအ
တွက် စိတ်ပူနေစရာမလိုတော့ပါဘူး။ ဒီအိမ် မှာ လေအေးပေးစက်စုစုပေါင်း လေးလုံးပါ၀င်ပြီး
ရေက ဂျိုးဖြူရေရော အဝီစိရေပါ ရရှိနိုင်မှာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်