ဂျပန်တွင် ရုံးခန်းအဆောက်အအုံ ရောင်းအားများ မြင့်တက်လာ

ဂျပန်တွင် ရုံးခန်းအဆောက်အအုံ ရောင်းအားများ မြင့်တက်လာ

ဒီနှစ်မှာတော့ ဂျပန်စတော့ရှယ်ယာတွေ ဟာ ကမ္ဘာပေါ်မှာ အလားအလာ အကောင်းဆုံးရှယ်ယာ
တွေ ဖြစ်နေ ကြောင်း သိရသည်။ ဂျပန်ယန်းငွေ ဟာ အဓိကငွေကြေးတွေနဲ့ ယှဉ်လိုက် ရင်လည်း
တန်ဖိုးကျဆင်းနေတဲ့ အတွက် ပို့ကုန်တင်ပို့သူတွေအတွက် အကျိုးရှိနေပါတယ်။

ပြီးတော့ အခိုက်အတန့် အေးနေတဲ့ စီးပွားရေးကို ပြန်လည်နာလန်ထူလာအောင် ဂျပန် ၀န်ကြီးချုပ်
ရှင်ဇိုအာဘေးက စီးပွား ရေးနှိုးဆွပေးတဲ့ အစီအစဉ်တွေကို ပြုလုပ်ခဲ့တာကြောင့် ဂျပန်နိုင်ငံရဲ့ စီးပွား
ရေးလုပ်ငန်းဆိုင်ရာ အဆောက်အအုံဈေးကွက်ဟာ ပြန်လည်အသက်ဝင်လာခဲ့သည်။

ရုံးခန်း၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းနဲ့ လက်လီဆိုင်ခန်း စတဲ့ အဆောက်အအုံတွေရဲ့ ရောင်းအား
ဟာ ဒီနှစ် ပထမ ငါးလအတွင်းမှာ ပြီးခဲ့တဲ့နှစ်ကထက် ယန်း ၁ ဒသမ ၄၈ ထရစ်လျံအထိ ရ၀ ရာ
ခိုင်နှုန်း မြင့်တက် ခဲ့တယ်လို့ Jones Lang LaSalle & JU ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါ သည်။

ဒီနှစ်အတွင်းမှာ အရောင်း အဝယ်တွေဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း အများဆုံးနှုန်းထားအဖြစ် ယန်း
၃ ဒသမ ၅ ထရစ်လျံအထိ မြင့်တက်ခဲ့တယ်လို့ ရှီကာဂို အခြေစိုက် စီးပွားရေးအကျိုးဆောင် အကဲ
ဖြတ် ရေး ကုမ္ပဏီက ဌာနေဒါရိုက်တာ တာကာရှီအာကာဂီက ပြောသည်။

ဒီဇင်ဘာလမှာ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ မစ္စတာအာဘေးဟာ နိုင်ငံ့အသုံးစရိတ်တွေကို
မြှင့်တင် သုံးစွဲလိုက်ပြီး ၁၅ နှစ်ကြာ အစိုးရ အသုံးစရိတ် လျှော့ချရေးစီမံကိန်းကို အဆုံးသတ်နိုင်
အောင် ဂျပန်ဗဟိုဘဏ်ကလည်း ငွေကြေးတန်ဖိုးကျဆင်းစေရေး စီမံကိန်းကို မကြံုစဖူး စတင်
ဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။

(ဘလွန်းဘာ့ဂ်)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်