စီမံကိန်းကြောင့် အင်းလျားလမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ စားသောက်ဆိုင်များ ပြောင်းရွှေ့ရမည်ဟု သိရ

စီမံကိန်းကြောင့် အင်းလျားလမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ စားသောက်ဆိုင်များ ပြောင်းရွှေ့ရမည်ဟု သိရ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက် မည့် စီမံကိန်းကြီးတစ်ခု ပေါ်ပေါက်လာတော့မည်
ဟူသောသတင်းကြောင့် ကမာရွတ်မြို့နယ်၊ အင်းလျားလမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ အဆင့်
မြင့်စားသောက်ဆိုင်များ ပြောင်းရွှေ့ဖယ်ရှားခံရမည်ဟု ဆိုင်မှတာဝန်ရှိသူများ နှင့် ပတ်ဝန်းကျင်
မှနေထိုင်သူများမှတစ်ဆင့်သိရှိရပြီး ထိုအတွက် စိုးရိမ်ပူပန်လျက်ရှိကြောင်း ၎င်းတို့က ပြောကြား
ခဲ့သည်။

အင်းလျားလမ်းပေါ်ရှိ အဆင့်မြင့် စားသောက်ဆိုင်များဖြစ်သည့် Friendship အဆင့်မြင့် ကဖေးနှင့်
စားသောက် ဆိုင်များအပါအဝင် အခြား သော အဆင့်မြင့်စားသောက်ဆိုင် များသည် လူမှုဝန်ထမ်း
ဦးစီဌာနပိုင်မြေပေါ်တွင် ဆယ်စုနှစ် တစ်နှစ်နီးပါးခန့်တည်ရှိခဲ့ကြသည့်အတွက် ၀န်ကြီးဌာန မှ၎င်း
တို့ဆိုင်များအား ဖယ်ရှားပေးရန်အတွက် အကြောင်းကြားစာများ လွန်ခဲ့သည့် နှစ်ပတ်ခန့်တွင်
ပေးပို့ခဲ့ ကြောင်း င်္မငနညျိ့ငစ အဆင့်မြင့်ကဖေးနှင့် စားသောက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက
မြန်မာတိုင်း(မ်)သို့ ဇူလိုင်လ စတုတ္ထပတ်တွင် အသိပေး ပြောကြားခဲ့သည်။

"မြေက ၀န်ကြီးဌာနပိုင်မြေပါ၊ ကျွန်တော်တို့က ဒီနေရာမှာ အဆောက် အအုံတည်ဆောက်တဲ့
ကန်ထရိုက်ထံ ကနေတစ်ဆင့် ပြန်ငှားထားတာပါ၊ လွန်ခဲ့တဲ့ နှစ်ပတ်လောက်မှာ ၀န်ကြီးဌာန
ကနေ အကြောင်းကြားစာရောက်လာ ပါတယ်၊ ဒီနေရာကနေ ပြောင်းရွှေ့ခိုင်း ဖို့ အစီအစဉ်ရှိနေ
တဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ အကြောင်းကြားလာတာပါ၊ ကျွန်တော်တို့က ဒီမြေပေါ် မှာ
အဆောက်အအုံဆောက်တဲ့ ကန်ထရိုက်ဆီက တစ်ဆင့်ပြန်ငှား ပြီးတော့ စားသောက်ဆိုင်လုပ်
ငန်း ကို လုပ်ကိုင်လာတာ ဆယ်နှစ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်၊ အကြောင်းကြား စာထဲမှာတော့
အချိန်မရွေးပြောင်းရွှေ့နိုင်ဖို့အတွက် ပြင်ဆင်ထားနိုင်ဖို့ သာပါ ရှိပြီး ဘယ်တော့ နောက်ဆုံး ထား
ပြီးပြောင်းရွှေ့ရမယ်ဆိုတဲ့အချက်ကိုတော့ လုံးဝဖော်ပြမထားပါဘူး"ဟု အဆိုပါ တာဝန်ရှိသူက
ပြောသည်။

ဆိုင်များမှ တာဝန်ရှိသူများက ပြောရာတွင် ပြောင်းရွှေ့ဖယ်ရှားခိုင်း သည့် အကြောင်းရင်းကို
အတိအကျ မသိရသေးသော်လည်း စားသောက် ဆိုင်ကဲ့သို့သော လုပ်ငန်းမျိုးမှာအခြားသော
စီးပွားရေးလုပ်ငန်းများ နှင့်မတူုသည့်အတွက် စီးပွားရေး အခြေအနေအတွက် စိုးရိမ်မိကြောင်း
လည်း၎င်းက ပြောသည်။

"လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပဲ ဆိုင်အတွက် ဆိုင်အငှားစာချုပ်ကို နောက်ထပ်ခြောက်လ
(နောက်နှစ်ဆန်း အထိ) စာချုပ်ထပ်ချုပ်လိုက်တယ်ဆိုတော့ တစ်လ၊ နှစ်လအတွင်း ပြောင်းရွှေ့
ရမယ်ဆိုရင် စာချုပ်သက်တမ်းက လည်း ပြည့်ဖို့လိုသေးတဲ့အတွက်အရမ်းပဲနစ်နာပါတယ်၊ ဘာဖြစ်
လို့လဲ ဆိုတော့ စားသောက်ဆိုင်လုပ်ငန်းဆိုတာ လာရောက်စားသုံးတဲ့ဖောက်သည်အရေအတွက်
တိုးလာဖို့အတွက်အချိန်ယူရတဲ့အပြင် နေရာတစ်နေရာ မှာ အခြေကျပြီးနာမည်ကျော်ကြား လာဖို့အတွက်လည်းရေရှည်အချိန်ယူလုပ်ကိုင်ရတာလည်း ဖြစ်ပါတယ်"ဟုလည်း ၎င်းကပြောသည်။

ဆိုင်ငှားခနှင့် ပတ်သက်၍လည်း ဆိုင်ငှားခများ မြင့်တက်လာခြင်းက စီးပွားရေးလုပ်ငန်းများ
အတွက်အခက်အခဲ တစ်ရပ်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။ "လွန်ခဲ့တဲ့ဆယ်နှစ်လောက်က
ငှားခကတစ်လကို ကျပ်နှစ်သိန်းသုံးသောင်းပဲရှိတာ၊ အခုဆိုရင် ဆိုင် ငှားခကတစ်လကို ၁၇ သိန်း
ဖြစ်နေပြီ၊ ဒါတောင် ၂၅ သိန်းအထိတောင်းတာ၊ ဒါပေမဲ့ ညှိနှိုင်းလိုက်တဲ့အခါမှာ နောက်ဆုံး ၁၇
သိန်းနဲ့ပဲဆက်ငှား ဖြစ်သွားပါတယ်၊ စားသောက်ဆိုင် လုပ်ငန်းဆိုတာမျိုးက တစ်နှစ်ပတ်လုံး
၀င်ငွေကောင်းနေတဲ့ လုပ်ငန်းမျိုး မဟုတ်ပါဘူး၊ တစ်နှစ်မှာ ခြောက်လက နေ ၈ လ လောက်သာ
စီးပွားရေးလုပ်ငန်း ကောင်းတယ်၊ လာရောက်စားသုံးတဲ့ မိတ်များတယ်ပေါ့၊ အခုလိုမိုးတွင်းရာသီ
မျိုးဖြစ်တဲ့ ကျန်တဲ့လတွေမှာတော့ ဆိုင်ကိုလာတဲ့သူလည်းနည်းတဲ့အတွက် စီးပွားရေးလည်းအေး
ပြီး ၀င်ငွေလည်းနည်းပါတယ်"ဟု ၎င်းက ပြောသည်။

၀န်ကြီးဌာနမှ ပေးပို့လိုက်သော အကြောင်းကြားစာတွင် မည်သည့်ရက်တွင်ပြောင်းရွှေ့ရမည်ဆို
သည်ကိုတိကျစွာ မဖော်ပြထားခြင်းက ဆိုင်လုပ်ငန်းရှင်များအတွက်ခြောက်လမှတစ်နှစ် စသဖြင့်
အချိန်ကာလမရွေး ပြောင်းရွှေ့သွားရနိုင်သလို ခြောက်လ စာချုပ်သက်တမ်းကုန်ဆုံးမည့် ရက်
ထက်စော၍ ပြောင်းရွှေ့ရမည်ဆိုလျှင် ဆိုင်များအတွက် စီးပွားရေးအရ ထိခိုက် နစ်နာမှုများစွာ
ရှိမည်ဖြစ်ကြောင်း လည်း ၎င်းကပြောသည်။

ပြောင်းရွှေ့ရမည့်ဆိုင်ထဲတွင်တစ်ခု အပါအဝင်ဖြစ်သည့် Friendship အဆင့်မြင့် ကဖေးနှင့်စား
သောက်ဆိုင် ၏ နေရာသစ်ကို မူလဆိုင်တည်ရှိရာ အနီးဝန်းကျင်တစ်ဝိုက်တွင်ပင် ပြန်လည်ဖွင့်
လှစ်သွားမည်ဟုလည်း သိရှိ ရပြီးဆိုင်ကို အမြဲလာရောက်စားသုံးသူ များမှာ နိုင်ငံခြားသားများ၊
သံရုံးများ မှ ဧည့်သည်များ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများ၊ အဆင့်မြင့်သံတမန်အရာရှိ
များနှင့် ကမာရွတ် မြို့နယ်အတွင်းရှိ အပြည်ပြည်ဆိုင်ရာကျောင်းများမှ အဖွဲ့အစည်းများ ဖြစ်
သည့်အတွက် မူလနေရာနှင့် မနီးမဝေးနေရာတွင် ပြန်လည်ဖွင့်လှစ်ခြင်းက ဆိုင်၏ မိတ်ဟောင်း
မိတ်သစ်များ အတွက်အဆင်ပြေမည်ဖြစ်သည်ဟုလည်း ၎င်းတာဝန်ရှိသူက ပြော သည်။

"ဆိုင်ကို ဒီနားတစ်ဝိုက်မှာပဲ ပြန်လည်ဖွင့်လှစ်ဖြစ်မယ်ဆိုရင် ဆိုင်ကိုလာရောက်စားသုံးတဲ့
မိတ်ဆွေတွေရဲ့ အနည်းဆုံး ၄၀ ရာခိုင်နှုန်းက ဒီဆိုင် ကို ပြန်လာမယ်လို့တော့ ယုံကြည်မျှော်လင့်
ရတာပါပဲ၊ ဒါပေမဲ့ ဒီအနီး အနားတစ်ဝိုက်မှာ ပြန်ဖွင့်ခွင့်မရ တော့ဘူးဆိုရင်တော့ စီးပွားရေးက အစ
က ပြန်စရသလောက်နီးပါးကို ဖြစ်မယ်လို့ ပြောနိုင်တယ်"ဟု ၎င်းက ပြောသည်။

အင်းလျားလမ်းနှင့် ဓမ္မစေတီ လမ်းထောင့်ရှိ ဆိုင်ခန်းအများစုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့်
တည်ဆောက်မည့် စီမံကိန်းကြီးကြောင့် ဖယ်ရှားမည့်ထဲတွင် ပါ၀င်သည်ဟု ပတ်ဝန်းကျင်မှနေထိုင်
သူများမှတစ်ဆင့်သိရှိရပြီး စီမံကိန်းဧရိယာမှာ အင်းလျားလမ်းပေါ်ရှိ လူမှု ၀န်ထမ်းဦးစီးဌာနပိုင်
လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ထားသောနေရာမှစတင်ပြီး ဓမ္မစေတီလမ်းထောင့်ရှိ ONYX စားသောက်
ဆိုင်အပါအဝင် ဓမ္မစေတီ လမ်းပေါ်ရှိပန်းပုဆိုင်၊ စားသောက် ဆိုင်များအထိပါ၀င်သည်ဟု ၎င်းတို့က
ပြောသည်။

သို့သော်လည်း အဆိုပါနေရာအနီးဝန်းကျင်ရှိဆိုင်များကို သွားရောက်မေးမြန်းခဲ့ရာတွင် ပြောင်းရွှေ့
ဖယ်ရှားရန်အတွက် မည်သည့်သတင်းမှ မကြားသေးကြောင်းနှင့် အဆိုပါကိစ္စ အတွက် အကြောင်း
ကြားစာလည်း မရရှိသေးကြောင်း ၎င်းတို့က မြန်မာတိုင်း(မ်)သို့ ဇူလိုင်စတုတ္ထပတ်တွင် ပြောကြား
ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်