| တည်နေရာ | - မြကန်သာအိမ်ရာ၊ လှိုင်မြို့နယ်။ |
| ဈေးနှုန်း | - ဒေါ်လာ ရ,၅၀၀ (အငှား) ညှိနငိင်း။ |
| ဆက်သွယ်ရန် | - မိုးမြင့်သော်တာ အိမ်၊ ခြံ၊ ဗမြ အကျိုးဆောင်လုပ်ငန်း။ |
| ဖုန်း | - ၀၁ ၉၆၆၉၀၆၃။ |
ဒီတစ်ပတ်မှာတော့ ဆောက်လုပ်ပြီးခါ စ အသစ်စက်စက်လုံးချင်းအိမ်အငှား ကို ရှာနေတဲ့
ပရိသတ်ကြီးအတွက် လှိုင်မြို့နယ်၊ မြကန်သာအိမ်ရာ၊ သီရိမင်္ဂလာ ဈေးသစ်နားမှာရှိတဲ့ အိမ်ရာအတွင်းဘက်မှာရှိတဲ့ ခေတ်မီလှပစွာ ပြင်ဆင်ထားတဲ့ ခြံဝန်းကျယ်ကြီးထဲက
ခရမ်းနုရောင်လုံးချင်းအိမ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီအိမ်ကတော့ အခုမှအသစ်ဆောက်ထားတာ ဖြစ်ပြီးတော့ ပတ်ဝန်းကျင် တိတ်တိတ်ဆိတ်
ဆိတ်နဲ့ သစ်ပင်ကလေးတွေများတဲ့ အိမ်ရာအတွင်းဘက်မှာရှိတဲ့ အတွက် စာဖတ်သူတွေ
သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။
ခြံကလေးကတော့ အိမ်ရာရဲ့ အတွင်းဘက် အနည်းငယ်ရောက်ပြီး ကားဂိတ်နဲ့ အနည်းငယ်တော့
ဝေးဝေး ကို လျှောက်ရပေမယ့် ဘုရင့်နောင်အနီး အနားမှာ ရှိတဲ့အတွက် သွားရေးလာရေးတော့
လွယ်ကူစေမှာပါ။ ခြံရဲ့ အတွင်းဘက်မှာလည်း အရိပ်ရစေ မယ့် အပင်အချို့ကိုလည်း စိုက်ပေး
ထား ပါတယ်။
ခြံအတွင်းဘက်မှာ ရေတံခွန်ပါ၀င်တဲ့ ကိုယ်ပိုင်ဥယျာဉ်ကလေး တစ်ခုလည်းပါ၀င်ပါသေးတယ်။
အဲဒီဥယျာဉ် ကလေးအတွင်းဘက်မှာ ညနေခင်းပဲဖြစ်ဖြစ် ကိုယ်အနားယူချင်တဲ့အချိန် ကျရင်
၀င်ပြီးတော့ အနားယူနိုင်တဲ့နေရာကလေးတစ်ခုလို့ ထင်ပါတယ်။
ခြံရဲ့ ပတ်ပတ်လည်မှာလည်း အလှပန်းကလေးတွေနဲ့ မြက်ခင်းစိမ်းစိမ်းကလေးတွေနဲ့ အလှဆင်
ပေးထားတဲ့ အတွက်ကြောင့် ပန်းပင်လေးတွေကို သဘောကျနှစ်သက်သူတွေတော့ စိတ်ကြိုက်
တွေ့မယ့် အိမ်ကလေးလို့ ထင်ပါတယ်။
ဒီခြံက စတုရန်းပေ ၈,၀၀၀ ခန့် ကျယ်ဝန်းပြီးတော့ အငှားသီးသန့်ပဲ ဈေးကို ဖွင့်လှစ်ပေးထား
တာဖြစ်ပြီး မိသားစုတွေ အေးအေးချမ်းချမ်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေ နိုင်မယ့် ခြံဝင်းတစ်ခုလို့
ထင်ပါတယ်။
အိမ်ရဲ့ ၀င်ဝင်ချင်းတံခါးပေါက်ကို စတီးတံခါးနဲ့ ပိတ်ထားပြီးတော့ နောက်တစ်ထပ်ကိုလည်း
သစ်သားတံခါးနဲ့ တစ်ဆင့် ထပ်ခံပြီးတော့ ပိတ်ပေးထားတာကိုတွေ့ခဲ့ရပါတယ်။ အိမ်ကြီးရဲ့
ဘေးဘက်မှာလည်း ကားထားဖို့အတွက် ဂိုဒေါင် တစ်ခုရှိပါသေးတယ်။
အိမ်ရဲ့အောက်ထပ်မှာ အိပ်ခန်း တစ်ခန်းမှ မဖွဲ့ပေးထားပဲနဲ့ အပေါ် ထပ်မှာ အိပ်ခန်းလေးခန်းဖွဲ့
ပေးထား ပါတယ်။ အောက်ထပ်ရဲ့ ကြမ်းခင်း ကိုတော့ ကြွေပြားတွေခင်းပေးထားပြီး တော့ နံရံ
တွေကို မတူတဲ့ ကြွေပြား ဒီဇိုင်းကလေးတွေ ကပ်ပေးထားတဲ့ အတွက် အမြင်တစ်မျိုးကို ၀င်ဝင်
ချင်း ခံစားမိပါတယ်။
ဒီအိမ်ခန်းရဲ့ ၀င်ဝင်ချင်း တံခါး ပေါက်ရဲ့ ဘေးဘက်မှာ ဧည့်ခန်းတစ်ခု ရှိပြီး ဧည့်ခန်းကအဝိုင်း
ပုံသဏ္ဌာန် ကလေး ဖွဲ့စည်းပေးထားပါတယ်။ အလယ်မှာတော့ အခန်းတွေကို မဖွဲ့ပဲ နဲ့ ပစ္စည်း
အလှကလေးတွေတင်တဲ့ စင် ကလေးနဲ့ အလှဖော်ထားတာကိုတွေ့ခဲ့ ရပါတယ်။

အိမ်တံခါးပေါက်ရဲ့ နောက်တစ်ဖက်မှာ တီဗီကြည့်ဖို့အခန်း ကလေး သပ်သပ်ခွဲပေးထားတဲ့
အတွက် တီဗီကို သီးသန့်ကြည့်နိုင်ပါတယ်။ အိမ် ရဲ့ နောက်ဆုံးဘက်မှာတော့ အရမ်းကြီး
မကျယ်လှတဲ့ မီးဖိုချောင်ကလေးကို မီးဖိုချောင်ပစ္စည်းအပြည့်အစုံနဲ့ တွေ့ခဲ့ ရပါတယ်။
မီးဖိုချောင်က ထမင်းစားခန်း ပါ သုံးနိုင်လောက်အောင် မကျယ် ပေမယ့် မီးဖိုချောင်ရဲ့ အရှေ့မှာ
ထမင်း စားခန်းသီးသန့် ပါ၀င်ပါတယ်။ အိမ်ရဲ့အပေါ်ထပ်ကို ကျွန်းလှေကားကနေ တစ်ဆင့်
တက်နိုင်ပြီးတော့ အိမ်ပေါ်ထပ်ရဲ့ အလယ်လောက်မှာ ဘုရားခန်းကို ပြုလုပ်ထားပါတယ်။
ဒီအပေါ်ထပ်ရဲ့ ဘေးပတ်ပတ်လည်မှာ တော့ ရေချိုးခန်းနဲ့ အိမ်သာ တွဲလျက်ပါတဲ့ အိပ်ခန်း
စုစုပေါင်းလေးခန်းနဲ့ ဖွဲ့စည်းပေးထားတာကိုတွေ့ရပါတယ်။ အိပ်ခန်းတိုင်းနီးပါက အိမ်ရှေ့ဝရန်
တာ လေးတွေပါပြီးတော့ အလင်းရောင်ကောင်းကောင်း ရနိုင်ပါတယ်။
ဒီနှစ်ထပ်တိုက်ကြီးကအိမ်ရဲ့ ဘေးဘက်မှာမိသားစုစကားဝိုင်းလေးတစ်ခုပြုလုပ်နိုင်ပြီးလွတ်လွတ်
လပ်လပ်နဲ့ စကားပြောနိုင်တဲ့နေရာတစ်ခု ရှိတာကို သတိထားမိခဲ့ပါတယ်။ ဒီအိမ် မှာ စုစုပေါင်း
လေအေးပေးစက် ခုနစ်လုံး ပါ၀င်ပြီးတော့ ပရိဘောဂကလည်း အပြည့်အစုံပါ၀င်ပါတယ်။
အငှား ဈေးကတော့ ဒေါ်လာနဲ့ ဖြစ်တာမို့ စိတ်ဝင်စားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ ပဲဖြစ်ဖြစ် ဒါမှမဟုတ်
ကြွယ်ဝချမ်းသာ တဲ့ မိသားစုတွေ သီးသီးသန့်သန့် နေထိုင်ဖို့အတွက်ဖြစ်ဖြစ် အကျိုး ဆောင်နဲ့
တိုက်ရိုက်တွေ့ဆုံညှိနှိုင်းနိုင် တယ်လို့ သိရပါတယ်။
















