တိုင်းတရားရုံးအဆောက်အအုံအား ဟိုတယ်တည်ဆောက်မှု ရှေ့နေများကွန်ရက်က ဆက်လက်ကန့်ကွက်သွားမည်ဟု ဆို

တိုင်းတရားရုံးအဆောက်အအုံအား ဟိုတယ်တည်ဆောက်မှု ရှေ့နေများကွန်ရက်က ဆက်လက်ကန့်ကွက်သွားမည်ဟု ဆို

ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စုပေါင်းတိုင်း တရားရုံး အဆောက်အအုံအား ဟိုတယ် အဖြစ် ဆောက်
လုပ်မည်ကို ရှေ့နေများ ကွန်ရက်က ဆက်လက်ကန့်ကွက်လျက် ရှိပြီး မကြာမီအချိန်အတွင်း ပုဂ္ဂ
လိကပိုင် ပြုလုပ်ရေးကော်မရှင် ဥက္ကဋ္ဌအား တရားစွဲဆိုသွားမည်ဟု ဇူလိုင်လ ၂၇ ရက် နေ့က ရှေ့
နေများကွန်ရက်က ပြုလုပ် သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြော သည်။

"ပန်းဆိုးတန်းလမ်းမှာရှိတဲ့ တရား လွှတ်တော်ချုပ်ရုံး၊ အခုတော့ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်
ပေါ့။ အဲဒီ ရုံးရယ်၊ ကမ်းနားလမ်းမှာရှိတဲ့ စုပေါင်း တိုင်းတရားရုံးလို့ ခေါ်နေကြတဲ့ အဆောက်အအုံ
နှစ်ခုကို ပုဂ္ဂလိကကို ပေးပါတယ်။ အဲဒါကြောင့် ကျွန်တော် တို့ မနှစ်ကတည်းက ကန့်ကွက်ခဲ့ပါ
တယ်။ စာနဲ့ရေးပြီး ကန့်ကွက်ပါတယ်။ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကန့်ကွက် ပါတယ်။ စီတန်း
လမ်းလျှောက်ပြီး ကန့် ကွက်ပါတယ်။ အုပ်ချုပ်ရေးပိုင်းအရ သမ္မတရုံးဝန်ကြီးနဲ့ တွေ့ဆုံပြီး သေချာ
ပြောပါတယ်။ ဥပဒေပြုရေးအရ လွှတ် တော်ကို တင်ပြပါတယ်။ အုပ်ချုပ်ရေးရော၊ ဥပဒေပြုရေးက
ပါ ကျွန်တော် တို့ကို အသိအမှတ်မပြုတဲ့ အတွက် နောက်ဆုံး တရားရေးလမ်းကြောင်း အရ ရင်
ဆိုင်မှာဖြစ်ပါတယ်" ဟု ရှေ့နေ များကွန်ရက်မှ ရှေ့နေဦးကိုနီက ပြောသည်။

တရားလွှတ်တော်ချုပ် အဆောက် အအုံအား စာကြည့်တိုက်အဖြစ် တည် ဆောက်ခြင်းအား ကန့်
ကွက်ရာတွင် တစ်ဖက်ကုမ္ပဏီက တည်ဆောက်ပြု ပြင်ခြင်းများအား ရပ်နားလိုက်ပြီဖြစ် ကြောင်း၊
သို့သော် စုပေါင်းတိုင်းတရား ရုံးအဆောက်အအုံအား ဟိုတယ်အဖြစ် ပြုပြင်မွမ်းမံမှုများမှာ ဆက်
လက်ပြုလုပ် နေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

"သမ္မတရုံးဝန်ကြီးနဲ့ တွေ့ဆုံဆွေး နွေးတဲ့အခါမှာ အဆောက်အအုံကို ဆက်လက်ထိန်းသိမ်းဖို့ ပြင်
ဆင်စရိတ်မရှိလို့ ပုဂ္ဂလိကကို ပေးရတယ်ဆိုတဲ့ စကား ကြားရပါတယ်။ နိုင်ငံတော်ဘဏ္ဍာထဲမှာ ဒီ
တရားရုံးက ရှာပေးထား တဲ့ ပိုက်ဆံတွေ အများကြီးရှိပါတယ်။ ပြင်ဖို့ ပိုက်ဆံမရှိလို့ဆိုတဲ့ စကားကို
လက်မခံနိုင်ပါဘူး" ဟု ဦးကိုနီက ပြောသည်။

အဆိုပါ အဆောက်အအုံသည် ၁၉၇၂ ခုနှစ်ဝန်းကျင်က တည်ဆောက်ခဲ့ခြင်း ဖြစ်ရာ ယခုအချိန်
တွင် နှစ်ပေါင်း ၈၀ ကျော်ကာလရှိပြီဖြစ်ပြီး သမိုင်းဝင် အဆောက်အအုံတစ်ခု ဖြစ်သည့် အတွက်
အစိုးရက ပြုပြင်ထိန်းသိမ်း သင့်သော အဆောက်အအုံဖြစ် ကြောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးရ
ပြီးနောက်ပိုင်း ပထမဆုံး လူမျိုးစု လွှတ်တော်အစည်းအဝေးအား ကျင်းပ ခဲ့သည့် သမိုင်းအစဉ်
အလာများ ရှိနေ သောကြောင့် ဟိုတယ်တစ်ခုထက် ရှေး ဟောင်း အမွေအနှစ် အဆောက်အအုံ
တစ်ခုအဖြစ်သာ ထားရှိစေလိုကြောင်း ရှေ့နေများက ပြောသည်။

"ကျွန်တော်တို့ နည်းမျိုးစုံနဲ့ ကန့်ကွက် ခဲ့ပေမယ့် အသိအမှတ်မပြုတဲ့အတွက် ရွေးချယ်စရာမရှိ
တော့လို့ တရားရုံးကို မူတည်ပြီး အဆုံးအဖြတ်ခံရခြင်း ဖြစ်ပါ တယ်" ဟု ရှေ့နေများကွန်ရက်မှ
ရှေ့နေ ဦးကြီးမြင့်က ပြောသည်။ အဆိုပါစုပေါင်းတရားရုံးအဆောက် အအုံအား ဟိုတယ်အဖြစ်
အကောင် အထည်ဖော်မည့်  JL Family Group မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသောင်းထိုက်မင်းက
ယင်းအဆောက်အအုံသည် သမိုင်းဝင်အဆောက်အအုံတစ်ခုဖြစ်သည့်အတွက် ပုံစံပြောင်းလဲမည်
မဟုတ် ဘဲ အဆောက်အအုံအတွင်းပိုင်းကိုသာ ဟိုတယ်နှင့် လိုက်လျောညီထွေရှိစေရန် မွမ်းမံသွား
မည်ဖြစ်သည်ဟု ဇူလိုင်လ ၂၉ ရက်နေ့က မြန်မာတိုင်း(မ်)နှင့် တွေ့ဆုံစဉ် ပြောသည်။

"ရှေ့နေများကွန်ရက် ဖြစ်စေချင် တဲ့ ရှေးမူမပျက်ထိန်းသိမ်းစေချင်တဲ့အတိုင်း ထိန်းသိမ်းသွား
မှာဖြစ်ပြီး ထိန်းသိမ်းပြုပြင်မှု မရှိတဲ့အတူတူ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် နိုင်ငံတော် လည်း
အကျိုးရှိ၊ တစ်ဖက်တစ်လမ်းက လုပ်ပေးတဲ့ ကုမ္ပဏီအနေနဲ့လည်း အကျိုး အမြတ်ရ၊ ဟိုတယ်
ပြီးသွားတဲ့အခါကျ ၀န်ထမ်းအင်အား ၅၀၀၊ ၆၀၀ လောက် လိုအပ်လာမှာဖြစ်တဲ့အတွက် အလုပ်
အကိုင်အခွင့်အလမ်းတွေလည်း ပေါ်လာ မယ့်အတွက် သုံးဦးသုံးဖလှယ်အကျိုးရှိ တဲ့ စီမံကိန်းတစ်
ခုဖြစ်ပါတယ်" ဟု ဦးသောင်းထိုက်မင်းက ပြောသည်။

"ရည်ရွယ်ချက်ကောင်းနဲ့ လုပ်နေတာ ဖြစ်တဲ့အတွက် ကန့်ကွက်မှုတွေ ရှိလာတဲ့အခါ အထိုက်
အလျောက်တော့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ နားလည်ပေးမယ်လို့ ယူဆပါတယ်။ ရှေ့နေ
များအနေနဲ့ အဆောက်အအုံ ကို ရှေးမူမပျက်ထိန်းသိမ်းချင်ရင် ကုမ္ပဏီ နဲ့ ပူးပေါင်းလို့ရပါတယ်။
ဥပမာ ဘယ် နေရာကတော့ ဘာအမှတ်တရရှိလို့ ဘယ်လိုလေးထားစေချင်တယ်ဆိုတာ မျိုး
ပူးပေါင်းအကြံဉာဏ်ပေးမယ် ဆိုရင် ကြိုဆိုမှာပါ" ဟု ၎င်းက ပြော သည်။

ကုမ္ပဏီအနေဖြင့် အဆိုပါ အဆောက် အအုံအား အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်းဖြင့်
တင်ဒါအောင်နိုင် ခဲ့ခြင်းဖြစ်ပြီး မြေငှားရမ်းခအနေဖြင့် ဟိုတယ်တည်ဆောက်ပြီးစီးပြီး လုပ်ငန်း
လည်ပတ်သည့်အခါ ၀င်ငွေ၏ ငါး ရာခိုင်နှုန်းကို နိုင်ငံတော်သို့ ပေးသွင်း ရမည်ဖြစ်ကြောင်း
သိရသည်။

ဟိုတယ်အမည်အား The State House ဟု ပေးရန် ရည်ရွယ်ထားပြီး အခန်းပေါင်း ၂၀၀ ကျော်
ပါ၀င်မည့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ဖြစ်မည်ဖြစ်ကာ နှစ်နှစ်အတွင်း အပြီးအစီးမွမ်းမံ ပြင်ဆင်
မှုများ ပြုလုပ်သွားရန် ရည်ရွယ် ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်