ဟောင်ကောင်ရှိ လူနေအိမ်ရောင်းအားသည် ၂၀၁၃ ခုနှစ် ပထမနှစ်ဝက် တွင် နှစ်အလိုက် ၃၂
ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု အိမ်ခြံမြေ အကြံ ပေးကုမ္ပဏီ နိုက်ဖရန့်၏ နောက်ဆုံး
ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။ မြေယာမှတ်ပုံတင်ဌာန၏ ကိန်းဂဏန်းများအရ ဧပြီလတွင်
ရောင်းချခဲ့ ရသည့် လူနေအိမ်အရောင်း ၃,၄၂၇ သာရှိရာ ၂၀၁၃ ခုနှစ်အတွင်း ယခု အချိန်အထိ
အိမ်ရာရောင်းအားနှုန်းထားများတွင် ယင်းသည် အနိမ့်ဆုံးဖြစ် သည်ဟု အဆိုပါ အစီရင်ခံစာတွင်
ဖော်ပြထားသည်။
ဖေဖော်ဝါရီလတွင် တံဆိပ်ခေါင်း ခွန် နှစ်ဆတိုး စည်းကြပ်ခြင်းကို စတင် ကျင့်သုံးလိုက်ခြင်းနှင့်
ဧပြီလတွင် လူနေအိမ် (ပထမအကြိမ်အရောင်း) ဆိုင်ရာ စည်းမျဉ်းကို ပြဋ္ဌာန်းခဲ့ပြီး နောက်ပိုင်းတွင်
ယခုကဲ့သို့ အိမ်ရောင်း အားများ ကျဆင်းသွားခြင်းဖြစ်သည်။
အိမ်ရောင်းသူများသည် ၎င်းတို့ရောင်းချမည့် အိမ်ရာများနှင့် ပတ်သက်သည့် ဈေးကွက်ဆိုင်ရာ
အချက်အလက်များ ကို ပြောင်းလဲမှုရှိသည့်အတိုင်း အမြဲ ဖော်ပြ ပေးရန်နှင့် ယင်းအချက်အလက်
များကို ထိန်းသိမ်းထားရန် ပြဋ္ဌာန်းထားသည့် လူနေအိမ်အရောင်းဆိုင်ရာ စည်းမျဉ်း အတည်ပြုခဲ့ပြီး
နောက်ပိုင်း တွင် ဈေးကွက်အတွင်း ရောင်းချမည့် အိမ်အရေအတွက်သည် ၅၀၀ အောက်တွင်သာ
ရှိတော့သည်။
သို့သော် ယခုနှစ် ဒုတိယနှစ်ဝက်တွင် အိမ်ရောင်းအား မြင့်တက်လာ စေလိုသည့် ဆောက်လုပ်ရေး
ကုမ္ပဏီ များသည် စည်းမျဉ်းသစ်နှင့်အညီ ၎င်း တို့၏ အိမ်ရာအရောင်းဆိုင်ရာ အချက် အလက်များ
ကို ပြင်ဆင်ပြီးနောက် ၎င်းတို့၏ စီမံကိန်းများကို စတင်သည့် အခါ သို့မဟုတ် ပြန်လည်စတင်သည့်
အခါ ရောင်းချမည့်အိမ်အရေအတွက် များသည် လာမည့်လများတွင် ပြန်လည် များပြားလာနိုင်မည်
ဟု ကုမ္ပဏီများက ခန့်မှန်းထားသည်။
ယခုနှစ် ပထမနှစ်ဝက်တွင် လူနေ အိမ်အရောင်းများ ကျဆင်းသွားသော် လည်း ဈေးနှုန်းမှာမူ သိသိ
သာသာ ပြောင်းလဲသွားခြင်း မရှိချေ။ နိုက်ဖရန့် ၏အချက်အလက်များအရ အဆင့်မြင့်အိမ်ရာ
ဈေးနှုန်းများသည် ဧပြီလတွင် ၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သော် လည်း ယင်းကာလ နောက်
ပိုင်းတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ် နေသည်ဟု သိရသည်။
ပထမအကြိမ် အိမ်ဝယ်သူများနှင့် နေထိုင်ရန် ရည်ရွယ်ချက်ဖြင့် အိမ် ၀ယ်သူများသာ ရှိသည့် ယင်း
အိမ်ရာ ဈေးကွက်ကို ရေရှည်ရင်းနှီးမြှုပ်နှံသူ များနှင့် နိုင်ငံခြား သားဝယ်လက်များက ရှောင်ရှားနေ
ကြဆဲပင် ဖြစ်သည်။
"ဒီလိုမျိုး သေးငယ်တဲ့ ၀ယ်လက် အုပ်စုလေးပဲ ရှိတဲ့အတွက် ဒီနှစ်ရဲ့ အိမ်ရောင်းအားဟာ ပြီးခဲ့
တဲ့နှစ်က ထက်၁၀ ရာခိုင်နှုန်း ကျဆင်းသွားမယ်လို့ ထင်ပါတယ်။ သာမန်အိမ်ရာတွေရဲ့ ဈေးနှုန်း
ကတော့ ၂၀၁၃ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်းလောက်တော့ ကျဆင်းသွားမယ်လို့ ထင်ပါတယ်။ အဆင့်
မြင့် အိမ်ရာကဏ္ဍမှာတော့ ငါးရာခိုင်နှုန်း လောက် ကျဆင်းသွားနိုင်ပါတယ်" ဟု နိုက်ဖရန့်၏ အစီ
ရင်ခံစာတွင် ဖော်ပြထားသည်။
တစ်ဆင့်ခံအရောင်းဈေးကွက်တွင် မူ အိမ်အရောင်းအဝယ်နှုန်းထားသည် ၂၀၁၃ ခုနှစ် ပထမ ငါးလ
တွင် နှစ်အလိုက် ၃၈ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားသည်။ သို့သော် တစ်ဆင့်ပြန် ရောင်းသည့်
အိမ်ခန်းများကို သတ်မှတ် ထားသည့်အတိုင်း အာမခံကြေးပေးစရာမလိုဘဲ ၀ယ်ခွင့်ပေးမည့် အစီ
အစဉ်တစ်ခုကို စတင်ပေးခဲ့ပြီးသည့် နောက် တွင် တစ်ဆင့်ပြန်ရောင်းသည့် အိမ်ခန်း နှင့် အစိုးရ
အိမ်ရာ အရောင်းဈေးကွက် များ ပြန်လည်အသက်ဝင်လာခဲ့သည်။
မြေယာမှတ်ပုံတင်ဌာနမှ စာရင်းများ အရ ဇွန်လတွင် ရောင်းချခဲ့ရသည့် တိုက်ခန်းများအားလုံး၏
၇၅ ရာခိုင်နှုန်း ကျော်သည် ဟောင်ကောင်ဒေါ်လာ ငါး သန်းအောက်တွင်ရှိသည့် အသေးစားနှင့်
အလတ်စားအရွယ် အိမ်ခန်းများ ဖြစ်သည်။ ပထမအကြိမ် ရောင်းချသည့် အိမ် အသစ်ဈေးကွက်
တွင် ဆောက်လက်စ အိမ်များ ကြိုပွိုင့်ဖြင့် ရောင်းချခြင်းကို လပေါင်း ၂၀ မှ ၃၀ အထိ တိုးမြှင့်ပေး
လိုက်ကြောင်း အစိုးရက ကြေညာ ထားရာ ဈေးကွက်ဝယ်လိုအား ပြည့်မီ ရန်အတွက် ဆောက်
လုပ်ရေးကုမ္ပဏီ များ၏ ဆောက်လက်စစီမံကိန်းများကို ၁၀ လ ပိုစောပြီး ကြိုတင်ရောင်းချခွင့်
ရသွားစေသည်။
ဇူလိုင်လတွင် စတင်မည့် အဆိုပါပြောင်းလဲမှုသည် အမှန်တကယ် အိမ် ရောင်းလိုအား အရေ
အတွက်ကို တိုး တက်စေမည် မဟုတ်သည့်အတွက် ယင်းစီမံချက်သစ်သည် အိမ်ရောင်း
လိုအားနှင့် ၀ယ်လိုအား အခြေအနေ အပေါ် သက်ရောက်မှု တစ်စုံတစ်ရာ မရှိနိုင်ချေ။
(ပရောပါးတီးဝိုင်ယာ)
















