ဒီတစ်ပတ်တော့ အိမ်ကျယ်ကျယ် ခြံကျယ်ကျယ်တွေရှိတဲ့ နေရာတစ်ခု ဖြစ်တဲ့ နတ်မောက်ရိပ်သာ
လမ်းသွယ် (၁)ထဲက အိမ်ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ ခြံက လမ်းရဲ့ အတွင်းဘက် နေရာမှာရှိ
ပြီးတော့ တိတ်ဆိတ်တဲ့နေရာတစ်ခုဖြစ်တဲ့ ဗဟန်းမြို့နယ်မှာ ရှိတဲ့အတွက် စာဖတ်သူတွေ စိတ်ကြိုက်
တွေ့စေမယ့်နေရာတစ်ခုလို့ ထင်ပါ တယ်။
စတုရန်းပေ ၁၀,၈၉၀ လောက် ကျယ်ဝန်းပြီးတော့ ခြံထဲကို ၀င်ဝင်ချင်း မှာပဲ အလှစိုက်ထားတဲ့
မြက်ခင်းစိမ်းကလေးတွေကို သတိထားမိခဲ့ပါ တယ်။ ဒီခြံကြီးရဲ့ အပေါ်မှာ ထုထည်ကြီးမားတဲ့
နှစ်ထပ်တိုက်ကျယ်ကျယ် ကြီးကိုဆောက်ထားတာ ဖြစ်ပါတယ်။ ခြံဝင်းရဲ့ ကြမ်းခင်းကိုတော့
ကွန်ကရစ် လေး လောင်းထားပါတယ်။ အိမ်ထဲဝင်ဝင်ချင်းမှာပဲ ကျယ်ကျယ်ဝန်းဝန်းရှိလှတဲ့
ဧည့်ခန်းကို အရင်ဆုံး တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဧည့်ခန်းရဲ့ ဘေးဘက်မှာတော့ မီးဖိုခန်းနဲ့ ထမင်း
စားခန်း သတ်သတ်ခွဲထားတဲ့ အခန်း ကျယ် နှစ်ခုကို ထပ်ပြီးတွေ့ရမှာဖြစ်ပါ တယ်။
ဒီအိမ်ကလေးမှာက အခန်းတွေအားလုံးကို ကျယ်ကျယ်ဝန်းဝန်းနဲ့ ဖွဲ့ပေးထားတာကို တွေ့ခဲ့ရ
ပါတယ်။ အိမ်ရဲ့ အောက်ထပ်မှာတော့ ရေချိုး ခန်းအိမ်သာ တွဲလျက်ပါတဲ့ အိပ်ခန်း နှစ်ခန်းနဲ့
အပေါ်ထပ်မှာ ရေချိုးခန်းအိမ်သာတွဲလျက်ပါတဲ့ အိပ်ခန်း သုံးခန်း ဖွဲ့ပေးထားတဲ့အတွက် ဒီအိမ်
ကလေးမှာ စုစုပေါင်း အိပ်ခန်းငါးခန်းပါ၀င်ပါတယ်။ အိမ်ရဲ့ ကြမ်းခင်းကို အပေါ်ထပ်ရော၊ အောက်
ထပ်ပါ ကျွန်းပါကေးတွေ ခင်းပေးထားပြီးတော့ အပေါ်ထပ်ကို တက်ဖို့အတွက် ကျွန်းလှေကားကြီး
ရှိပါတယ်။ ဒီအိမ်ကလေးရဲ့ ထူးခြားတဲ့အချက် က ပြတင်းပေါက်တွေကို ကျယ်ကျယ် ပြုလုပ်ပေး
ထားပြီး အခန်းတိုင်းနီးပါးက အလင်းရောင်ကို ကောင်းကောင်းရစေပါတယ်။
ပြီးတော့ ဒီအိမ် မှာ အိမ်တွင်းအပြင်အဆင်ကို ကျွန်းသစ်သားတွေနဲ့ အများအပြား အသုံးပြုထား
တာကို တွေ့ခဲ့ရပါတယ်။ ဒီအိမ်က အသစ်စက်စက်တော့ မဟုတ်ပေမယ့် ပြန်လည်ပြုပြင်ပေးထား
တဲ့ အတွက်နေထိုင်မယ့်သူတွေ တော့ အထူးတလည်ပြုပြင်နေစရာမလိုပေမယ့် အိမ်အတွင်းဘက်
မှာက ပရိဘောဂတွေ အပြည့်အစုံမပါ၀င် တဲ့အတွက် ငှားနေမယ့်သူတွေ ပရိ ဘောဂအတွက် စဉ်း
စားပြီး ယူလာဖို့ လိုမယ်လို့ ထင်ပါတယ်။
ခြံရဲ့ အနောက်ဘက်ဆုံးနေရာမှာ ကားနှစ်စီးထားဖို့ နေရာလုံလောက် တဲ့ ကားဂိုဒေါင်ရှိတဲ့အတွက်
ကားကို အိမ်ရှေ့မှာသတ်သတ်ထုတ်ပြီး ထား စရာ လိုမယ်လို့ မထင်ပါဘူး။ ပြီးတော့ ကား ဂိုဒေါင်
အပေါ်ဘက်မှာ အလုပ်သမား တွေ နေနိုင်တဲ့ အိပ်ခန်းရှိပြီးတော့ ရေချိုးခန်း အိမ်သာ သီးသန့်
ခွဲထုတ် ပေးထားတာကို တွေ့ခဲ့ရပါတယ်။ ဒီအိမ်ကလေးမှာ စုစုပေါင်း လေအေးပေးစက် ကိုး
လုံးပါ၀င်ပြီးတော့ ဖုန်းကလည်း နှစ်လုံးပါ၀င်မှာဖြစ်ပါတယ်။ ရေကတော့ အဝီစိရေ ဖြစ်ပြီးတော့
မီတာကတော့ ရိုးရိုး မီတာရော၊ ပါ၀ါမီတာပါ ရရှိနိုင်မယ်လို့ သိရပါတယ်။
တည်နေရာ - နတ်မောက်ရိပ်သာလမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်။
ဈေးနှုန်း - ညှိနှိုင်း (အငှား)။ ဖုန်း ၀၁ ၅၁၂၀၂၉။
ဆက်သွယ်ရန် - Estate Myanmar Co.Ltd။
















