မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်များအတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းခွင်ဘေး
အန္တရယ်ကင်းရှင်းရေး (Safety First) အား မြန်မာနိုင်ငံ လုပ်ငန်းခွင်ဘေးန္တရာယ်ကင်းရှင်းရေးနှင့်
ကျန်းမာရေးဥပဒေ ထွက်ရှိလာပါက မည်သည့်ဆောက်လုပ်ရေးလုပ်ငန်းမဆို လိုက်နာရမည်ဖြစ်
သည့်အတွက် ယခုအခါတွင် အသေးစား ဆောက်လုပ်ရေးလုပ်ငန်း အများစုမှာ လုပ်ငန်းခွင်ဘေး
အန္တရာယ် ကင်းရှင်းမှုအား လိုက်နာမှုအားနည်းလျက်ရှိကြောင်း လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်း
ရှင်းရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများက မြန်မာတိုင်း(မ်) သို့ ဩဂုတ်လ ၁၃ ရက်နေ့တွင်
ပြော သည်။
"ဆောက်လုပ်ရေးအတွက် လုပ်ငန်း ခွင် ဘေးအန္တရာယ်ကင်းရှင်းရေး က နှစ်ပိုင်းရှိတယ်။ တစ်ပိုင်း
က နိုင်ငံ ခြား ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး လုပ်တဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေ နဲ့ အသေးစား
ပုဂ္ဂလိက တည်ထောင် ထားတဲ့ ဆောက်လုပ်ရေးကုမ္ပဏီဆိုပြီး ရှိတဲ့ အထဲမှာ အသေးစားဆောက်
လုပ်ရေး လုပ်ငန်းတွေက လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းရေးကို လိုက်နာမှု အားနည်းနေသေး
တာ တွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ လုပ်ငန်း ခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အပိုင်းကို ကြည့်မယ်ဆို
ရင်လည်း အခု နောက်ပိုင်းမှာတော့ ရှေ့တန်းနည်းနည်းရောက်လာပြီလို့တော့ ပြောလို့ ရပါတယ်။
လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး ဥပဒေထွက်လာရင်တော့ လုံးဝကို နေရာပေးရတော့မှာ ပါ။
ဒီဥပဒေထွက်လာပြီဆိုရင်တော့ အကုန်လုံး ဘယ်လုပ်ငန်းခွင်မဆို လုံးဝလိုက်နာပြီး ဆောင်ရွက်ရ
တော့ မှာပါ"ဟု မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးညွန့်ဖေက
ပြောသည်။
အသေးစားဆောက်လုပ်ရေး လုပ်ငန်းများအနေဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်
ဆောင် မည်ဆိုပါက ငွေးကြေးအကုန်အကျခံရမည်ဖြစ်သည့်အတွက် အတိအကျလိုက်နာမှုများ
လျော့နည်းခြင်းဖြစ် ကြောင်း United Engineering ကုမ္ပဏီ၏ safety လုပ်ငန်းကျွမ်းကျင်
သူ တစ်ဦးဖြစ်သူ ကိုမြတ်မင်းသန့် က ပြောသည်။
"ကိုယ့်လုပ်ငန်းမှာ တကယ် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို ထည့်သွင်းလုပ်ဆောင်
တော့မယ်ဆိုရင် အဲဒီ လုပ်ငန်းရဲ့ ရင်းနှီးမှုထဲက ၁၃ ရာခိုင်နှုန်းလောက်က သူ့အတွက် အသုံးပြု
ရမယ်။ သူ့အတွက် အဲ့လောက် ကို ပိုက်ဆံသုံးပေးရတယ်။ ကိုယ့် လုပ်ငန်းမှာ safety ကျွမ်းကျင်
သူ ကို အလုပ်ခန့်ရမယ်။ မခန့်ရင် safety လုပ်တဲ့ ကုမ္ပဏီတွေကနေ လူ ငှားရမယ်။ နောက်ပြီး
လုပ်ငန်းရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စီမံကိန်းတွေဆွဲပေးရမယ်။ နောက်ပြီး အသုံးပြု
မယ့် လက်သုံးကိရိယာ၊ စက် သုံး ကိရိယာကအစ အရည်အသွေး ပြည့်ဝတဲ့ ပစ္စည်းတွေကိုပဲ
သုံးပေးရ မယ်။ နောက်ပြီးအလုပ်သမားအတွက် ဦးထုပ်၊ ဖိနပ်ကအစ တစ်ယောက် ချင်းစီပေး
ရမယ် အဲဒါကြောင့် သူ့ အတွက် အဓိကပိုက်ဆံကုန်ပေးရ တော့ တချို့လုပ်ငန်းတွေက အပြည့်
အဝ မလုပ်နိုင်ကြဘူး" ဟု ၎င်းက မြန်မာတိုင်း(မ်)ကိုပြောသည်။
ထို့ပြင် မည်သည့်လုပ်ငန်းခွင်တွင် ဖြစ်စေ လုပ်ကိုင်နေသည့် အလုပ်သမားများသည် အသက်
အာမခံကြေး ပြုလုပ်ထားသည့် အလုပ်သမားများ ကိုသာ အလုပ်ခန့်အပ်ခြင်းစသည့် စည်းကမ်း
ချက်များစွာရှိသည့်အတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပီပီပြင်ပြင်လုပ်ဆောင်
နိုင်မှုမှာ အလွန်အားနည်းကြောင်း ၎င်းက ဆက်၍ပြောသည်။
"အခုနောက်ပိုင်းမှာတော့ ကုမ္ပဏီ တော်တော်များများတော့ လုပ်လာကြ ပါတယ်။ ဒါပေမဲ့ သေချာ
မလုပ်ကြ တာကိုတွေ့ရတယ်။ တကယ်တမ်း စည်းကမ်းချက်တွေ အတိုင်းလိုက်နာမယ်ဆိုရင်
အများကြီးလိုသေးတယ်။ လုံခြံုတဲ့အဆင့် မဟုတ်သေးဘူး။ အလုပ်သမားတွေရဲ့ ဦးထုပ်တို့၊ ဖိနပ်
တို့ကအစ လုံးဝသတ်မှတ်ချက်နဲ့အညီဖြစ်နေရမှာ။ အဲဒီပစ္စည်းတွေကလည်း တစ်ခုကို ကျပ်တစ်
သောင်းကျော်မှာရှိတော့ အလုပ်သမား အများကြီးဆိုရင် အကုန်အကျတော့ များတာပေါ့။ အမှန်
တကယ်ဆိုရင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးက အထပ်မြင့်အဆောက်အအုံမှ မဟုတ်
ဘူး။ ခြောက်ပေအထက် အဆောက် အအုံမှန်သမျှ ဘေးအန္တရာယ်ကင်းရှင်း ကို အဲဒီလုပ်ငန်းခွင်
မှာ လိုကိုလိုအပ် တယ်"ဟု ဦးညွန့်ဖေက ပြောသည်။
သို့သော် အဆိုပါလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး (Safety first) အား မြို့ပြများ၏ ဆောက်
လုပ် ရေးလုပ်ငန်းများတွင် တတ်နိုင်သမျှ ထည့်သွင်း လုပ်ဆောင်လာကြပြီး ဆောက်လုပ်ရေး လုပ်
ငန်းကြီးများ အနေဖြင့် နိုင်ငံတကာနှင့်ချိတ်ဆက်ကာ ဘေးအန္တရာယ်ကင်းရှင်းရေး အား နိုင်ငံတကာ
အဆင့်မီစေရန်အတွက် လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးသာဌေးက ပြောသည်။
"အခုနောက်ပိုင်းမှာ ဆောက်လုပ် ရေးလုပ်ငန်းတော်တော်များများ လုပ်လာကြပါပြီ။ မလိုက်နာလို့
လည်းမရ တော့ဘူးလေ။ လူတွေရဲ့လုံခြံုရေးက အရမ်းအရေးကြီးတဲ့အတွက် သူတို့တွေ ထိခိုက်မှု
နည်းနိုင်သမျှ နည်းအောင် ဘေးအန္တရာယ်ကင်းရှင်းရေးကို လုပ်ဆောင်မှ ဖြစ်မှာလေ။ အထပ်မြင့်
အဆောက်အအုံတွေအနေနဲ့လည်း ဒီအပိုင်းကို အရေးထားလာကြပါ တယ်" ဟု ဦးသာဌေးက
ပြောသည်။
မြန်မာနိုင်ငံ၏ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးသည် ၁၉၅၁ ခုနှစ် အက်ဥပဒေတွင်ပါရှိ သော်
လည်း ယခုအခါတွင် အလုပ် သမားဝန်ကြီးဌာနအောက်တွင်ရှိသည့် အလုပ်ရုံနှင့် အလုပ်သမားဥပ
ဒေစစ်ဆေးရေး ဦးစီးဌာနမှ ပြန်လည်ပြင်ဆင်ကာ မူကြမ်းရေးဆွဲလျက်ရှိပြီး ၂၀၁၅ ခုနှစ်မတိုင်မီ ဥပ
ဒေထွက်ရှိရန် မျှော်လင့်လျက်ရှိသည်။
"လွန်ခဲ့တဲ့နှစ်၂၀ လောက်ကတော့ မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးက
ရှေ့တန်း မရောက်ခဲ့ဘူးပေါ့နော်။ အခုအစိုးရသစ် လက်ထက်မှာတော့ အလုပ်သမားဝန်ကြီးက
ပြန်လည်ပြီး ပြင်ဆင်ရေးဆွဲခဲ့တယ်။ ပြင်ပက အနေနဲ့ကတော့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက
အကြံဉာဏ်ပေးတယ်။ ဒီလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဥပဒေ ထွက်လာပြီဆိုရင်တော့
အလုပ်သမားတွေထိခိုက်ဒဏ်ရာရတာတွေ နည်းလာမယ်။ လုပ်ငန်းခွင်မှာ ဘေးအန္တရာယ်တွေ
ကင်းရှင်း လာမယ်။ နောက်ပြီး လုပ်ငန်းခွင်က ပစ္စည်းတွေကအစ ပျက်စီးဆုံးရှုံးမှုတွေနည်းလာမယ်
အဲ့ဒီအကျိုးကျေးဇူးတွေကိုတော့ ရလာမှာပါ" ဟု ဦးညွန့်ဖေက ပြောသည်။
















