စင်ကာပူနိုင်ငံရှိ ဦးဆောင် အဖွဲ့အစည်းတစ်ခုဖြစ်သော Far East Organization မှဦးဆောင်၍
စင်ကာပူနိုင်ငံ ရှိ အိမ်ခြံမြေတိုက်ခန်း ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဆွေးနွေးဟောပြောပွဲကို ဩဂုတ်လ
၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ Park Royal ဟိုတယ်တွင်
မွန်းလွဲ ၁ နာရီမှ ၅ နာရီအထိ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ဩဂုတ်လ ၁၀ ရက်နေ့တွင်
ကျင်းပပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲအခမ်းအနားမှ သိရသည်။
"ဒီပွဲကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လာမည့်ဩဂုတ်လ ၁၇ နဲ့ ၁၈ ရက်တွေမှာ Far East
က ဦးဆောင်ကျင်းပတဲ့ စင်ကာပူအိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း ရောင်း၊ ၀ယ်၊ ငှားရမ်းခြင်းနဲ့ ပတ်သက်တဲ့
ဆွေးနွေးဟောပြောပွဲနဲ့ ပြပွဲကိုပါ ကျင်းပသွားမှာဖြစ်ပါတယ်၊အခုဆိုရင် Far East က ဦးဆောင်
ကျင်းပတဲ့ ဆွေးနွေး ဟောပြောပွဲနဲ့ ပြပွဲတွေ (၁၃) ကြိမ်မြောက်ကျင်းပပြီးခဲ့ပါပြီ။ အခုဒီပွဲကတော့
၁၄ ကြိမ်မြောက် ပါ၊
ဒီပွဲမှာ စင်ကာပူနိုင်ငံရဲ့ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းနဲ့ ပတ်သက်တဲ့ update တွေ၊ ဘယ်လိုမျိုး အိမ်၊
ခြံ၊ မြေတွေ ရှိနေလဲ၊ ၀ယ်ရင် ဘယ်လိုပေးရမလဲ စတဲ့ အကြောင်းအရာတွေကို ရှင်းလင်း ဆွေးနွေး
မှာ ဖြစ်ပါတယ်" ဟု င်္မေ နေျအ မှ မြန်မာနိုင်ငံအတွက် စင်ကာပူ အိမ်၊ ခြံ၊ မြေ ကိုယ်စားလှယ်အဖွဲ့
ခေါင်းဆောင် ကိုကျော်မင်းဇင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
စင်ကာပူနိုင်ငံရှိ အကြီးဆုံးဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Far East Organization သည်
၁၉၆၀ ပြည့် နှစ်မှစတင်၍ စင်ကာပူနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင် တည်ဆောက်ခဲ့ပြီး
လက်ရှိအချိန်တွင် အဆင့်မြင့် ကွန်ဒိုပေါင်း ၁,၀၀၀ ကျော် ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း
သိရသည်။
"မြန်မာပြည်မှာ ၂၀၁၀ ပြည့်နှစ်က စ ပြီး င်္မေ နေျအ က စင်ကာပူအိမ်ခြံမြေ နဲ့ ပတ်သက်တဲ့ ဟော
ပြောဆွေးနွေး ပွဲနဲ့ ပြပွဲတွေ လုပ်ခဲ့တယ်။ အခုကျင်းပ မယ့် ဩဂုတ်လ ၁၇ ရက်နဲ့ ၁၈ ရက်ပွဲမှာ စင်
ကာပူမှာ ရှိတဲ့စီမံကိန်း ခြောက်ခု အကြောင်းကို လာရောက်ရှင်းလင်းဆွေးနွေးတာဖြစ်ပြီး ရောင်းချ
ပေးမှာ လည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေက တော့Ferra, Eco, Sea Strand,Town Houses,
West Com နဲ့ Singapore Business Financial Centre-SBFC တို့ဖြစ်ပါတယ်"ဟု ကိုကျော်မင်း
ဇင်က ပြောသည်။
"အရင်အကြိမ်တွေ တုန်းကတော့ စင်ကာပူမှာရှိတဲ့ လူနေအိမ်တွေကို လာရောက်မိတ်ဆက်ရှင်း
လင်းရောင်းချတာ များခဲ့တယ်။ ဒီတစ်ခေါက်မှာတော့ မြန်မာလူမျိုးတွေ ပိုကြိုက်မယ်ထင်တဲ့ West
com လို commercial warehouse တွေ၊ နောက်ပြီး ရုံးခန်းဖွင့် လို့ရတဲ့ SBFC လို စီမံကိန်း
တွေကိုပါ မိတ်ဆက်ပေးဖို့ ယူလာပါတယ်၊ Industrial ဆိုတော့ ပြန်ငှားစားလို့ ရတယ်၊ ရုံးခန်းဖွင့်
လဲရတယ်၊ one complete solution ပေါ့"ဟု ၎င်းကပြောသည်။
ယခုအကြိမ် လာရောက်ရှင်းလင်းပြသရောင်းချသည့် စင်ကာပူနိုင်ငံ ရှိ နာမည်ရ ကွန်ဒိုများမှာ
နေရာအကျယ်အဝန်း၊ အထပ်အနိမ့်အမြင့် ပေါ်မူတည်၍ စင်ကာပူဒေါ်လာ ၁.၇ သန်းမှ ၅ သန်း
အထိ ရှိကြောင်း သိရသည်။















