အိုင်တီနည်းပညာနှင့် အင်တာနက် ကွန်ရက်ဖြေရှင်းနည်းများ ထုတ်လုပ်မှုနှင့် နည်းစနစ်ပေါင်းစပ်
ထုတ်လုပ်မှု တို့တွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည့် ဂျပန်နိုင်ငံအခြေစိုက် NEC ကော်ပိုရေးရှင်း
က ၎င်း၏ ရုံးခွဲများအား နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင်တရားဝင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း
ဩဂုတ်လ ၆ ရက်နေ့တွင်နေပြည်တော် ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။
အဆိုပါ စာနယ်ဇင်း ရှင်းလင်းပွဲအခမ်းအနားတွင် NEC ကော်ပိုရေး ရှင်းမှ Senior Vice President
ဖြစ် သူ Mr Takayuki Morita က NEC စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနား တွင် အမှာစကားပြော
ကြားခဲ့သည်။ "အလွန်တရာ အားကောင်းသော ဖြစ်ထွန်းတိုးတက်မှုတွေ မြန်မာ နိုင်ငံအတွင်းမှာ
ရှိနေပြီး နိုင်ငံ၏ အိုင်တီနည်းပညာ လိုအပ်မှုများကို ဆက်လက် အကူအညီပေးရန် ယင်း အခြေ
အနေမှာ NEC အတွက် အချိန် သင့်အခါသင့်ဖြစ်ပါတယ်၊ NEC က အဓိက နိုင်ငံတကာဆက်သွယ်
ရေး ကွန်ရက်များဖြစ်သော ပင်လယ်ရေ မျက်နှာပြင်အောက်မှ ကေဘယ်စနစ် များ၊ စက်မှုဇုန်အထူး
စီမံနေရာများ အတွက် အိုင်တီစီ အခြေခံအဆောက် အအုံများ၊ သဘာဝဘေးအန္တရာယ် ကာကွယ်
ရေးနည်း စနစ်များ၊ လုံခြံုရေး စနစ်များ၊ eGovernment စနစ်များ နှင့် စုပေါင်းဈေးကွက် အိုင်တီဖြေ
ရှင်း နည်းပညာများ စသည်တို့အပေါ် အဓိက အာရုံစိုက်သွားမည်"ဟု Mr Takayuki Morita က
ပြောကြားခဲ့သည်။
NEC ရန်ကုန်ရုံးခွဲကို ၂၀၁၃ ဖေဖော်ဝါရီလတွင် စတင်တည်ထောင်ခဲ့ပြီး NEC အနေဖြင့် ဒေသဖွံ့ဖြိုး
တိုးတက်မှု ရေရှည်အကူအညီပေးနိုင်ရန် အခွင့်အလမ်းများအတွက် အဓိက ရည်မှန်းချက်များချမှတ်
ခဲ့ပြီးဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ NEC အနေဖြင့် မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း အခြေခံအဆောက် အအုံနှင့် လက်တွဲလုပ်ကိုင်ခဲ့သည်မှာ ၃၅ နှစ်ထက်ပို၍ကြာမြင့်ပြီး ဖြစ်
ကာ ယင်းအထဲ၌ တယ်လီဖုန်းစက်ခုံများ၊ ကြိုးမဲ့ကိရိယာ၊ မြေအောက်ဂြိုဟ်တုစခန်းများနှင့် ထုတ်
လွှင့်နည်းစနစ်များ စသည်တို့ပါ၀င်ပြီး နိုင်ငံ၏ စက်မှုနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်
လက်အထောက်အကူပြုနိုင်မည့် ခိုင်မာသည့် အခြေခံအုတ်မြစ်တစ်ခုကို NEC အနေဖြင့် တည်
ဆောက်ထားပြီး ဖြစ်ကြောင်း သိရသည်။
ယခုနှစ် မေလ ၁၄ ရက်နေ့တွင် စူမီတိုမိုကော်ပိုရေးရှင်းနှင့် NEC အပြင် NTT ဆက်သွယ်ရေး
ကော်ပိုရေးရှင်း တို့နှင့် ပူးပေါင်းဆောင်ရွက်လျက် နိုင်ငံ၏ "အရေးပေါ်ဆက်သွယ်ရေးလုပ်ငန်း
ကွန်ရက် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်" ကို အထောက်အကူပြုနိုင် ရန် ပြည်ထောင်စု မြန်မာနိုင်ငံ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာနနှင့် စာချုပ် ချုပ်ဆိုခဲ့ကြောင်း
NEC ၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။ ယင်းအစီအစဉ်ထဲ၌ ဆက်သွယ်ရေး အခြေခံ
အဆောက်အအုံများ ဖြစ် သော မြန်နှုန်းမြင့်၊ လုပ်ဆောင်နိုင်စွမ်း မြင့်သည့် ဗဟိုချက်ဆက်သွယ်
မှုလုပ် ငန်းသုံး ထုတ်လွှင့်ခြင်း ကွန်ရက် အထူးသဖြင့် ၃၀ွဘဈ အထိ ထုတ်လွှင့်ပေးနိုင်သည့်စနစ်
ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်စသည့်မြို့များ၌ တပ်ဆင်ပြီး ၂၀၁၃ ဆီးဂိမ်း၏ မြင်ကွင်း
များ၊ သတင်းပေးပို့ချက်များ ထုတ်လွှင့် ပေးနိုင်ရန် LTE ဆက်သွယ်ရေးစနစ် ကွန်ရက်များကိုလည်း
မြို့တစ်ခုစီအတွင်း တပ်ဆင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နည်းပညာဆိုင်ရာ သင်တန်းနှင့် လုပ်ငန်းလည်ပတ်မှု အကူအညီများမှတစ်ဆင့် လုပ်ငန်းစနစ်များ
အားလုံး လာမည့်နိုဝင်ဘာ ၂၀၁၃ ၌ အားလုံး အပြီးသတ်ပြီးစီးနိုင်လိမ့်မည်ဟု မျှော် လင့်ထားကြောင်း
လည်း ၎င်းသတင်း ထုတ်ပြန်ချက်အရ သိရသည်။
NEC မြန်မာကို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးယူနစ်၊ တရုတ်နှင့် အာရှ ပစိဖိတ်ဒေသဆိုင်ရာမှ မစ္စတာ
ယာစူ ရှီ တီရာနီရှီက ဦးဆောင်မည်ဖြစ်သည် ဟု သိရသည်။















