ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အအုံဖြစ်သည့် ရှန်ဟိုင်းတာဝါ၏ အဓိက အစိတ်အပိုင်း ဆောက်
လုပ်ပြီးစီး ရှန်ဟိုင်းတာဝါ အဆောက်အအုံ၏ နောက်ဆုံးယက်မကို တင်ပြီးသွားပြီ ဖြစ်သည့်အတွက်
ကမ္ဘာ့ဒုတိယအမြင့် ဆုံး မိုးမျှော်တိုက်၏ အဓိကအပိုင်း တည်ဆောက်မှုသည် ဩဂုတ်လ ၃ ရက်
နေ့တွင် အောင်မြင်စွာ ပြီးစီးသွား ပြီဖြစ်သည်။
တရုတ်နိုင်ငံ၏ စီးပွားရေးမြို့ဖြစ် သည့် ရှန်ဟိုင်းမြို့ရှိရှန်ဟိုင်းတာဝါ အဆောက်အအုံ စီမံကိန်း၏
နောက်ဆုံး စတီးရက်မကို ကရိန်း တစ်ခုဖြင့် ၅၈၀ မီတာ အမြင့်တွင် တပ်ဆင်ပြီးခဲ့ပြီဖြစ်ရာ အဆိုပါ
အဆောက်အအုံသည် ထိုင်ဝမ်ရှိ ၅၀၉ မီတာမြင့်သည့် ထိုင်ဝမ် ၁၀၁ ထပ် အဆောက်အအုံထက်
ပိုမြင့်သွားပြီး အာရှရှိ အမြင့်ဆုံးတာဝါ အဆောက်အအုံဖြစ်လာသကဲ့သို့ တစ်ကမ္ဘာလုံး အတိုင်းအ
တာအရလည်း ဒူဘိုင်းရှိ ၈၃၀ မီတာ မြင့်သည့် Burj Khalifa အဆောက်အအုံပြီးလျှင် ကမ္ဘာ့ ဒုတိ
ယ အမြင့်ဆုံး အဆောက်အအုံ ဖြစ်လာသည်။
ခန့်မှန်းခြေ ယွမ် ၁၄ ဒသမ ၈ ဘီလျံ (ကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ) ကုန်ကျ မည့် အဆိုပါတာဝါ
အဆောက်အအုံ သည် အပြီးသတ် ဆောက်လုပ်ပြီးသည့့် အခါ အမြင့် ၆၃၀ မီတာကျော် ရှိမည် ဖြစ်
သည်။
"ဒီ အဆောက်အအုံကတော့ ရှန်ဟိုင်းရဲ့ အထင်ကရ အဆောက် အအုံ တစ်ခုဖြစ်ပြီး ရှန်ဟိုင်းရဲ့
မိုးခြေ မျဉ်းကိုလည်း အပြောင်းအလဲ ဖြစ်လာစေမှာပါ"ဟု အဆိုပါ တာဝါစီမံကိန်း အတွက် ဒီဇိုင်း
ရေးဆွဲ ပေးခဲ့သည့် အမေရိကန် ကုမ္ပဏီ Gensler မှ Xia Jun က နောက်ဆုံးရက်မ တပ်ဆင်
သည့် အခမ်းအနားအပြီး မီဒီယာနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
"ဗိသုကာပညာရဲ့ တန်ဖိုးဟာ အဆောက်အအုံရဲ့ အမြင့်ပေါ်မှာ လုံးလုံးလျားလျားကြီး မူတည်
တယ်လို့ ကျွန်တော်မထင်ပါဘူး"ဟု ၎င်းက ပြောကြားခဲ့သည်။ အဆိုပါ အဆောက်အအုံသည်
တရုတ်နိုင်ငံ၏ ယခင်က အမြင့်ဆုံး အဆောက်အအုံ ဖြစ်ခဲ့သည့် ၄၉၂ မီတာ အမြင့်ရှိ ရှန်ဟိုင်း
ကမ္ဘာ့ငွေကြေး စင်တာ အဆောက်အအုံ ဘေးတွင် တည်ရှိသည်။ အဆိုပါအဆောက်အအုံ ကို
လာမည့်နှစ်တွင် ဖွင့်လှစ်ရန် သတ်မှတ်ထားပြီး ယင်းအချိန်တွင် တရုတ်နိုင်ငံ၏ တစ်ခါက အမြင့်
ဆုံး အဆောက်အအုံကဲ့သို့ပင် ၎င်းထက် ပိုမြင့်သည့် အဆောက်အအုံ ပေါ် ပေါက်လာဖွယ်ရာရှိ
သည်။
တရုတ်နိုင်ငံ၏ အဓိကမြို့တစ်မြို့ ဖြစ်သည့် ဃ့ညေါျ့ေ မြို့တွင် ၈၃၈ မီတာ အမြင့်ရှိ တာဝါ
အဆောက်အအုံ တစ်ခုကို ဆောက်လုပ်ရန်စီစဉ်ထား ကြောင်းနှင့် ယင်းအဆောက်အအုံကို
ဧပြီလတွင် အပြီးသတ် ဆောက်လုပ် မည်ဟု တရုတ် ဆောက်လုပ်ရေး ကုမ္ပဏီ Changsha
က သတင်း ထုတ်ပြန်ထားသည်။ သို့သော် ဒေသအစိုးရ၏ သဘောတူညီမှု အပြည့်အဝ မရရှိ
သည့်အတွက် အဆိုပါစီမံကိန်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ပြီးခဲ့
သည့်လက ဖော်ပြခဲ့သည်။
သို့သော် အဆိုပါသတင်းသည် မမှန်ကန်ကြောင်းနှင့် စီမံကိန်းရပ်ဆိုင်း ရန် တောင်းဆိုခံထားရခြင်း
လည်း မရှိ ကြောင်း အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီက သတင်းထုတ်ပြန်ထား သည်။ ရှန်ဟိုင်း
တာဝါဆောက်လုပ်ရေးကို ၂၀၀၈ ခုနှစ်မှ စတင်ခဲ့ပြီး ရှန်ဟိုင်းမြို့တော်အစိုးရ၏ ထောက်ခံအားပေး
မှုလည်း ရရှိထားသည်။ ပြီးခဲ့သည့်နှစ်တွင် အဆိုပါ အဆောက်အအုံအနီး မြေပေါ်တွင် အက်ကြောင်း
ကြီးတစ်ခု ပေါ်လာခဲ့ သည့်အတွက် အဆိုပါအဆောက်အအုံကြီး မြေကျွံသွားမည်ကို စိုးရိမ် ပူပန်
နေကြသည်။
သို့သော် အဆိုပါတာဝါကို ပူးပေါင်း ပုံစံရေးဆွဲပေးခဲ့သည့် ဗိသုကာပညာရှင် Ding Jiemin က
စိုးရိမ်ပူပန်မှု များ လျော့ကျစေရန် အဆောက်အအုံနှင့် ပတ်သက်ပြီး တနင်္ဂနွေနေ့က ပြောကြားခဲ့
သည်။
"ဒါမျိုးက ဆောက်လုပ်ရေးလုပ်နေစဉ် ကာလအတွင်းမှာ ဖြစ်တတ်ပါတယ်။ ဒါက အဆောက်အအုံ
ကို ဘာမှတော့ မဖြစ်စေပါဘူး"ဟု ၎င်းက ပြောသည်။
(အေအက်ဖ်ပီ)
















