ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်ကတော့ မြို့တွင်းဘက်နဲ့ အလှမ်းဝေးဝေးမှာရှိတဲ့ တောင်ဥက္ကလာပ
မြို့နယ်က ခြံ ကလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ခြံက မြသီတာ အိမ်ရာထဲမှာရှိပြီးတော့အိမ်ရာအတွင်း ဘက်မှာ အရိပ်ရ သစ်ပင်ကြီးတွေစိုက်ပျိုး
ပေးထားပြီး တိတ်တိတ်ဆိတ်ဆိတ်ရှိလှတဲ့ အိမ်ကလေးဖြစ်လို့ စာဖတ်သူတွေ သဘောကျနှစ်သက်
လိမ့်မယ်လို့ ထင် ပါတယ်။
ဒီတောင်ဥက္ကလာပမြို့နယ်က ခြံကလေးက အေးအေးချမ်းချမ်း နဲ့ မိသားစုသီးသန့်နေဖို့အတွက်
အထူးသင့်တော်တဲ့ နေရာတစ်ခု ဖြစ်ပြီး ခြံကလေးကို အရောင်းရော အငှားအတွက်ပါ ဈေးဖွင့်လှစ်
ပေးထား ပါတယ်။
ခြံရဲ့ အကျယ်အဝန်းကတော့ စုစု ပေါင်း စတုရန်းပေ ၂,၄၀၀ ကျယ်ဝန်း လို့ အရမ်းတော့ ကျယ်
ကျယ်ဝန်းဝန်း မရှိပေမယ့် မိသားစုနည်းနည်းနဲ့ ကိုယ်ပိုင်ခြံဝင်းနဲ့နေချင်သူတွေအတွက် အဆင်ပြေ
စေမယ့် နေရာတစ်ခုပါ။ ခြံဝင်းရဲ့ ကြမ်းခင်းကို ကွန်ကရစ်ပဲ လောင်းထားပေးပြီး ခြံပေါ်မှာ ရိုးရိုး ရှင်း
ရှင်း နှစ်ထပ်တိုက်ကလေးကိုဆောက်ထားပေးပါတယ်။ တိုက်ရဲ့ ရှေ့မှာတော့ နေရာလွတ် အနည်း
ငယ်ပဲ ရှိတဲ့အတွက် အလှထား ပန်းပင်ကလေး တွေ များများစိုက်ဖို့ နေရာတော့ မရှိလို့ ပန်းပင်များ
များ စိုက်ချင်တဲ့သူ တွေအတွက် နေရာအခက်အခဲ အနည်းငယ်တော့ ရှိပါတယ်။
ဒီအိမ်ရဲ့ ၀င်ဝင်ချင်း ဘေးဘက်မှာ တော့ အတော်အသင့်ကျယ်ဝန်းတဲ့ဧည့်ခန်းကို တွေ့ရမှာဖြစ်ပါ
တယ်။ အောက်ထပ်မှာတော့ အိပ်ခန်းအနေ နဲ့ ရိုးရိုးအိပ်ခန်း တစ်ခန်းပဲရှိပါတယ်။ အိမ်ရဲ့ နောက်ဆုံး
ဘက်မှာတော့ နောက်ဖေးမီးဖိုခန်းကို တွေ့ရမှာဖြစ် ပြီး မီးဖိုခန်းရဲ့ ရှေ့မှာ ထမင်းစားခန်း ကို သီးသန့်
ခွဲပေးထားပါတယ်။ အိမ် အောက်ထပ်ရဲ့ ကြမ်းခင်းတွေမှာ အခန်းတွေကို ကျွန်းပါကေး ခင်းထားပြီး
တော့ ကျန်တဲ့ နေရာတွေကို ကြွေပြားတွေ ကပ်ပေးထားပါတယ်။အိမ်အပေါ်ထပ်ကိုတော့ ကျွန်းပါ
ကေး တွေပဲခင်းပေးထားပြီး ရိုးရိုးအိပ်ခန်း နှစ်ခန်းနဲ့ ရေချိုးခန်းအိမ်သာ တွဲလျက် ပါတဲ့ အိပ်ခန်းတစ်
ခန်းကို ဖွဲ့ပေး ထားပါတယ်။ ဒီအိမ်က အခုမှဆောက်ပြီးသား အသစ်မဟုတ်ပေမယ့် အိမ်ကလေးကို
ပြန်လည်ဆေးသုတ်ပြီး ပြင်ဆင်ပေး မယ်လို့ သိရပါတယ်။ အိမ်က ပြင်ပြီး ဆင်ပြီးဖြစ်တဲ့အတွက် ငှား
ရမ်းမယ့်သူတွေရော၊ ၀ယ်လိုသူတွေပါ အသစ် ပြန်လည်ပြင်ဆင်ဖို့အတွက် စဉ်းစားနေစရာ
မလိုတော့ဘူးလို့ ထင်ပါတယ်။
ဒီအိမ်ကလေးမှာ ပရိဘောဂတော့ အပြည့်အစုံမပါ၀င်တဲ့အတွက် ကိုယ့် စိတ်ကြိုက်ပရိဘောဂကို
၀ယ်ယူပြီး အလှဆင်နိုင်ပါတယ်။ ဒီအိမ်ကလေးမှာ ပြတင်းပေါက် ကျယ်ကျယ်တွေ မပါပေမယ့်
သစ်ပင် တွေပေါတဲ့ အိမ်ရာအတွင်းဘက်ဖြစ် နေလို့ အဆင်ပြေနိုင်တဲ့ အိမ်ရာထဲက ခြံတစ်ခုလို့
ထင်ပါတယ်။
ဒီအိမ် မှာ လေအေးပေးစက် ငါးလုံးပါ၀င်ပြီးတော့ အဝီစိရေလည်း ပါပါတယ်။ အိမ်ကလေးကို
ကြိုက်နှစ်သက်လို့ ၀ယ်ယူချင်တယ်ပဲဖြစ်ဖြစ်၊ ငှားချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် (မြ) ပန်းသခင် အိမ်၊
ခြံ၊ မြေ အကျိုးဆောင်နဲ့ ဆက်သွယ် နိုင်ပါတယ်။
တည်နေရာ - မြသီတာအိမ်ရာ၊တောင်ဥက္ကလာပမြို့နယ်။ ဖုန်း - ၀၉ ၄၃၁၂၇၂၈၈။
ဈေးနှုန်း - ကျပ်သိန်း ၉,၀၀၀ (အရောင်း)၊ ကျပ်သိန်း ၂၀ (အငှား)။
ဆက်သွယ်ရန် - (မြ)ပန်းသခင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း။
















