မြန်မာနိုင်ငံသည် လွန်ခဲ့သောနှစ်များမှစတင် ကာ မြို့ပြအင်္ဂါရပ်ဆိုင်ရာ စီမံကိန်းတည်ဆောက် မှု
လုပ်ငန်းများအပါအဝင် ဆောက်လုပ်ရေးပိုင်း ဆိုင်ရာ လျင်မြန်သောတိုးတက်ဖြစ်ထွန်းမှု များကို
တွေ့မြင်လာရပြီး ထိုအတွက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အဓိက ဖြစ်သော
ဘိလပ်မြေသုံးစွဲမှု လုံလောက်စွာ ဖြန့်ဖြူးပေးရန်မှာလိုအပ်လာကြောင်း တွေ့ရှိရ သည်။
ထိုသို့သော အကြောင်းအရာများကြောင့် နိုင်ငံတော်၏ ဘိလပ်မြေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်
ရန်အတွက် Agrocorp International Pte Ltd မှ Ramco ဘိလပ်မြေ နှင့် စာချုပ်ချုပ်ဆို၍ မြန်
မာနိုင်ငံသို့ တင်သွင်းမှု ကို ယခုနှစ်ဧပြီလ တွင်စတင်ခဲ့ကြောင်း မြန်မာနိုင်ငံအတွက် တစ်ဦးထဲကိုယ်
စားလှယ်အဖြစ်တာဝန်ယူတင်သွင်းသည့် Agrocorp Yangon Company မှ အုပ်ချုပ်မှုဒါရိုက်တာ
Mr C. Murali က မြန်မာတိုင်း(မ်)သို့ ပြောသည်။
၎င်းကပြောရာတွင် "လက်ရှိကာလအထိ မြန်မာနိုင်ငံကို တင်ပို့မှုက တန်ချိန်ပေါင်း ၆၀,၀၀၀ ခန့် ရှိ
သွားပါပြီဖြစ်ပါတယ်။ Ramco ဘိလပ်မြေကို တာဝန်ယူ ဖြန့်ဖြူးပေးတဲ့ ကိုယ်စားလှယ် Green
Hardwood ကုမ္ပဏီက မြန်မာ တစ်နိုင်ငံလုံး မှာရှိတဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊
ပဲခူးနဲ့ ပုသိမ် မြို့တွေကို ဖြန့် ဖြူးပေးနေပြီ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။ Ramco ဘိလပ်မြေမှ
"Engineers Meet" ဟု အမည်ရသော Ramco ဘိလပ်မြေနှင့်ပတ်သက်သော ဆွေးနွေးပွဲ ကို
ဩဂုတ်လ ၆ ရက်နေ့တွင် Park Royal ဟိုတယ်၌ ကျင်းပခဲ့ပြီးအဆိုပါဆွေးနွေးပွဲတွင် Mr Bilal မှ
Ramco ဘိလပ်မြေတင်သွင်းမှုနှင့် ပတ်သက်၍ အင်ဂျင်နီယာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သလို
Ramco ဘိလပ်မြေနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်း အင်ဂျင်နီယာများနှင့် တွေ့
ဆုံ၍ အတိုချုပ်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တွင် မြန်မာနိုင်ငံရှိ Ramco ဘိလပ်မြေကိုတာဝန်ယူ ဖြန့်ဖြူးပေးမည့် အရောင်း ကိုယ်စား
လှယ်များအား Ramco ဘိလပ်မြေနှင့်ပတ်သက်၍ brand awareness ရရှိတည်ဆောက်နိုင်ရန်
အတွက် ဘိလပ်မြေနှင့်ပတ်သက်သည့် အကျဉ်းချုပ်အချက်အလက်များနှင့်ကုမ္ပဏီအကြောင်းအ
ရာများနှင့် သက်ဆိုင်သည့် မေးခွန်း များမေးမြန်းခြင်းကဏ္ဍကို ၎င်းမှ ဆက်လက်ဦးဆောင်ကျင်းပ
ခဲ့သည်။
တက်ရောက်လာသူများမှသိလိုသည်များနှင့်ပတ်သက်၍ မေးခွန်းများမေးမြန်းသည်ကိုလည်း
Mr Bilal မှ ပြန်လည်ဖြေကြားခဲ့ပြီး Ramco ဘိလပ်မြေနှင့်ပတ်သက်သည့် အဓိကအကြောင်းအရာ
အချက် အလက်များကိုလည်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
Ramco ဘိလပ်မြေအသုံးဝင်ပုံ နှင့် မည်ကဲ့သို့အချိုးကျ ရောစပ် သုံးစွဲရမည်ဆိုသည့်အကြောင်း
အရာများကိုလည်း အဆိုပါနေ့တွင် ရှင်းလင်းပြောကြားခဲ့သည်။ ျွောခသ ဂရု(ပ်)သည် အိန္ဒိယနိုင်ငံ
တောင်ပိုင်း ရှိ နာမည်ရကျော်ကြားသော ဘိလပ်မြေထုတ်လုပ် မှုဆိုင်ရာ စက်မှု အဖွဲ့အစည်းများ
တွင် တစ်ခု အပါအဝင်ဖြစ်ပြီး၎င်းလက်အောက်တွင် ကုမ္ပဏီ ပေါင်းများစွာနှင့် စီးပွားရေးလုပ်ငန်း
အရေအတွက် ပေါင်းများစွာတို့ ပါ၀င်သည်။ Ramco ဘိလပ်မြေထုတ်လုပ်သည့် ကုမ္ပဏီသည်
Ramco ဂရု(ပ်)၏ တရားဝင်အသိ အမှတ်ပြု ထားသည့်ထင်ရှားသော ကုမ္ပဏီတစ်ခုဖြစ် သည်။
Ramco ဘိလပ်မြေသည် အိန္ဒိယနိုင်ငံ တစ်ဝန်းရှိ နာမည်ရလူသိများသည့် စီမံကိန်းကြီးများတွင်
သုံးစွဲခဲ့သည်မှာနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။ Ramco ဘိလပ်မြေ
ကုမ္ပဏီသည် ဘိလပ်မြေနှင့် ပတ်သက်သည့် နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာများ ရွေးချယ်
သုံးစွဲခြင်း၊ ဘိလပ်မြေ ဖျော်စပ်ရာတွင် ဘိလပ်မြေမှုန့်များထွက်ရှိမှု အနည်းဆုံးဖြစ်ခြင်း၊ blending
material များကို အသုံးပြုခြင်းများအပြင် စွမ်းအင် ထိရောက်စွာသုံးစွဲခြင်းအတွက် ဆုများ လည်း
ရရှိခဲ့ပြီးဖြစ်သော အိန္ဒိယနိုင်ငံရှိတစ်ခု တည်းသော "င်္Four Leaves Award" ဆုရရှိထား သည့်
ကုမ္ပဏီဖြစ်သည်။
"ဒီအတွက်ကြောင့် Ramco ဘိလပ်မြေရဲ့ဆောင်ပုဒ်က "Engineering for Concrete" လို့ သတ်
မှတ်ထားတာ ဖြစ်ပါတယ်၊ အရည် အသွေးယုံကြည်စိတ်ချရတဲ့ ဏသမအူညေိ ဘိလပ် မြေကို ဖြန့်
ဖြူးရောင်းချနေတာဖြစ်တဲ့အတွက် Ramco ဘိလပ်မြေကို ဖြန့်ဖြူးသူတွေအနေနဲ့ ၀ယ်ယူသုံးစွဲသူ
တွေလိုအပ်တဲ့အရေအတွက်အတိုင်းဖြန့်ဖြူးပေးနိုင်ဖို့အတွက် ယုံကြည် စိတ်ချမှု အပြည့်အဝရှိပါ
တယ်"ဟုလည်း Mr C.Murali က ပြောကြားခဲ့သည်။
"Ramco ဘိလပ်မြေက အရည်အသွေး ကောင်းတဲ့ ဘိလပ်မြေဖြစ်တဲ့အပြင် နာမည်ရ ကျော်ကြား
တဲ့ ဘိလပ်မြေအမှတ်တံဆိပ်တစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့် အချိန်တိုအတွင်းမှာပဲ မြန်မာနိုင်ငံ
ကိုတင်သွင်းမှုတွေစတင်နိုင်ခဲ့တာဖြစ်ပြီး ၀ယ်ယူသုံးစွဲသူအများစုကလည်းလက်ခံခဲ့ကြတာ ဖြစ်ပါ
တယ်။ ဒီအတွက် ကြောင့် Ramco ဘိလပ်မြေဝယ်လိုအားက အနာဂတ်ကာလမှာ ပိုမိုများပြား
လာမယ်လို့ ယုံကြည်ပါတယ်" ဟု ၎င်းကပြောသည်။
မေးခွန်းများထဲမှ မေးမြန်းမှုတစ်ခုဖြစ်သော Ramco ဘိလပ်မြေထုတ်လုပ်သည့် ကုမ္ပဏီ အနေဖြင့်
မြန်မာနိုင်ငံတွင် လာရောက်၍ Ramco ဘိလပ်မြေထုတ်လုပ်ရန် ရှိမရှိဆိုသည့်အချက်နှင့်ပတ်
သက်၍ Mr C.Murali က"မြန်မာနိုင်ငံမှာ Ramco ဘိလပ်မြေရဲ့ဝယ်လိုအားက ကောင်းနေတဲ့
အတွက် ဒီနိုင်ငံမှာ Ramco ဘိလပ်မြေထုတ်နိုင်ဖို့အခွင့်အလမ်းက များပြားတယ်လို့ ပြောနိုင်
ပါတယ်၊ ဒီအတွက်အနာဂတ်ကာလမှာ ဒီနိုင်ငံမှာ Ramco ဘိလပ် မြေထုတ်နိုင်ဖို့ အလားအလာ
ကို စဉ်းစားရွေးချယ်သွားနိုင်စရာ အကြောင်းရှိလာနိုင်မယ်လို့ ထင်မြင်ယူဆပါတယ်"ဟု ပြန်လည်
ဖြေကြားခဲ့သည်။
"မြန်မာနိုင်ငံမှာဆိုရင် ဘိလပ်မြေသုံးစွဲမှု အားက ထုတ်လုပ်နိုင်မှုထက်ကျော်လွန်များပြားနေတဲ့
အတွက် Ramco အမှတ်တံဆိပ် ဘိလပ်မြေကို မြန်မာနိုင်ငံကိုတင်သွင်းဖြန့် ဖြူးခြင်းအားဖြင့် မြန်
မာနိုင်ငံရဲ့ ဘိလပ်မြေလိုအပ်ချက်ကို လိုအပ်သည့်အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းနိုင်အောင်
ကြိုးစားသွားမှာ ဖြစ်ပြီး ဒီနိုင်ငံရဲ့ ဘိလပ်မြေဈေးကွက်မှာ အဓိက တင်ပို့သူတစ်ဦးဖြစ်လာနိုင်ဖို့လည်း
ယုံကြည်မျှော်လင့်လျက်ရှိနေပါတယ်"ဟုလည်း Mr C.Murali က ပြောကြားခဲ့သည်။
















