TATA ကုမ္ပဏီမှ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ စတင်သွင်းမှုအတွက် ရှင်းလင်းဆွေးနွေးပွဲကျင်းပခဲ့

TATA ကုမ္ပဏီမှ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ စတင်သွင်းမှုအတွက် ရှင်းလင်းဆွေးနွေးပွဲကျင်းပခဲ့

အိန္ဒိယနိုင်ငံအခြေစိုက် TATA International ကုမ္ပဏီမှ ဦးဆောင်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံး
ပစ္စည်းများ မြန်မာနိုင်ငံသို့ စတင်တင်သွင်းမိတ်ဆက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲနှင့် ရှင်းလင်းမိတ်ဆက်
ပွဲကို ဩဂုတ်လ ၁၃ ရက်နေ့တွင် ကုန်သည်ကြီးများဟိုတယ် ၌ ကျင်းပခဲ့ပြီး ပထမအကြိမ် တင်သွင်း
မှုသည် စက်တင်ဘာလဆန်းတွင် ရောက်ရှိမည်ဖြစ်ကြောင်း TATA International ကုမ္ပဏီမှ မြန်
မာနိုင်ငံအတွက်အကြီးအကဲဖြစ်သူ Mr Sunil Seth က မြန်မာတိုင်း(မ်)သို့ ပြော ကြားခဲ့သည်။

" TATA International ကုမ္ပဏီ က မြန်မာနိုင်ငံကို ရောက်ရှိတာ ခုနစ်လ လောက် ရှိသွားပါပြီ၊
TATA International ကုမ္ပဏီအနေနဲ့ သတ္ထု၊ တွင်းထွက်ပစ္စည်း၊ ဉားရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းတွေအပြင် မော်တော်ယာဉ်တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး
စက် ပစ္စည်းကဏ္ဍတွေမှာ ၀င်ရောက်လုပ်ကိုင်လျက်ရှိပါတယ်၊ ဒီနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲကတော့
မြန်မာနိုင်ငံကို ဆောက်လုပ်ရေးလုပ်ငန်းသုံး စက် ပစ္စည်းတွေ တင်သွင်းမှုနဲ့ပတ်သက်ပြီး မိတ်ဆက်
ရှင်းလင်းဆွေးနွေးတဲ့အခမ်းအနား ဖြစ်ပါတယ်၊ မြန်မာ နိုင်ငံကို စတင်သွင်းမှုနဲ့ ပတ်သက်ပြီး ပထမ
ဆုံးအကြိမ် အော်ဒါအတွက် လက်ခံရှိထားပြီး စက်ပစ္စည်းတွေက တော့ စက်တင်ဘာလဆန်းပိုင်း
မှာ ရောက်ရှိမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

TATA International ကုမ္ပဏီမှတင်သွင်းမည့်ပစ္စည်းများမှာ အသင့်ဖျော် စပ်ပြီး ကွန်ကရစ်များကို
ထုတ်လုပ်ပေးသည့် ready mixed cement (RMC) batching plant, line pump, boom
pump နှ င့် transit mixers များဖြစ်ကြောင်း ၎င်းက ပြောသည်။

"ဒီဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ပစ္စည်းတွေကို တင်သွင်းရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်
ငံ မှာ ဒီစက်ပစ္စည်းတွေရဲ့ ၀ယ်လိုအား အလားအလာ ကောင်းမယ်လို့ သုံးသပ်တဲ့အတွက် ဖြစ်ပါ
တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံမှာ မြို့ပြအင်္ဂါရပ်ဆိုင်ရာ တည်ဆောက် မှုစီမံကိန်းတွေ အများ
ကြီးရှိတဲ့အတွက် ကြောင့်ပါ၊ ဒီအတွက်ကြောင့် မြန်မာ နိုင်ငံအတွက် ဒီစက်ပစ္စည်းတွေရဲ့ အနာဂတ်
၀ယ်လိုအား အလားအလာ က အလွန်ပဲကောင်းမယ်လို့ ယုံကြည် ပါတယ်"ဟု Mr Sunil Seth က
ဆက်လက်ပြောကြားခဲ့သည်။

"ဒီနေ့ဆွေးနွေးပွဲနဲ့ ရှင်းလင်းမိတ်ဆက်ပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက် တစ်ခုကလည်း ဒီနိုင်ငံမှာရှိ
တဲ့ သူတွေ ကို Tata Brand ကိုပိုပြီးတော့ အသိအမှတ်ပြုလာဖို့အတွက်လည်း ပါ၀င် ပါတယ်၊
TATA International အနေနဲ့ အနာဂတ်မှာ မြန်မာနိုင်ငံမှာ Tata ရဲ့စက်ပစ္စည်းတွေကို ၀ယ်ယူတဲ့
demand အရေအတွက်ပိုများလာမယ် လို့လည်း ယုံကြည်မျှော်လင့်ပါတယ်" ဟုလည်း Mr Sunil
Seth က အဆိုပါနေ့ အခမ်းအနားတွင် ပြော ကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်