ထုထည်ကြီးကြီးမားမားနဲ့ လှပခမ်းနားတဲ့ ခြံဝင်းကျယ်ထဲက နေချင်စဖွယ်လုံးချင်းအိမ်

ထုထည်ကြီးကြီးမားမားနဲ့ လှပခမ်းနားတဲ့ ခြံဝင်းကျယ်ထဲက နေချင်စဖွယ်လုံးချင်းအိမ်

ဒီတစ်ပတ်တော့ စာဖတ်သူတွေစိတ်ကြိုက်တွေ့စေမယ့် ခြံဝင်းကျယ်ထဲမှာတည်ရှိတဲ့ ထုထည်ကြီး
ကြီးမားမားနဲ့ ခံ့ညားတဲ့ ဘောက်ထော်ဘက်က လုံးချင်းအိမ်တစ်လုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မြို့တွင်းနဲ့ အနည်းငယ်အလှမ်းဝေးတဲ့ ဘောက်ထော် ဘက်မှာ ရှိတယ်ဆိုပေမယ့် သွားရေးလာရေး
လွယ်ကူတဲ့ နေရာတစ်ခုဖြစ်တဲ့အတွက်စာဖတ်သူတွေ စိတ်ကြိုက်တွေ့စေမယ့် နေရာတစ်ခုလို့ ထင်
ပါတယ်။

ဒီခြံတည်ရှိတဲ့လမ်းမှာ အရိပ်ရစေ တဲ့ သစ်ပင်ကြီးကြီးမားမားတွေရှိလို့ လမ်းထဲဝင်တာနဲ့ အရိပ်ကောင်း
ကောင်းနဲ့ စိတ်အေးချမ်းမှုကိုရစေမှာ ပါ။ ခြံကလေးကလည်း လမ်းထဲကို အရမ်းမဝင်ရဘဲ လမ်းထိပ်
ပိုင်းမှာ တည်ရှိတဲ့အတွက် ခြံကိုရှာရလွယ်ကူ စေပါတယ်။ ခြံအဝင်ဝကိုရောက်တာနဲ့ ခြံစည်းရိုးကို
စကျင်ကျောက်ပုံစံအုတ်ကွက်ပုံစံလေးနဲ့ လှလှပပဒီဇိုင်းဖော်ထားတာကို တွေ့ခဲ့ရပါတယ်။ ခြံအတွင်း
ပိုင်းကိုလည်း အလှစိုက်ပန်းခင်းတွေ နဲ့ အလှဆင်ပေးထားတဲ့အတွက် သစ်ပင်ပန်းမန်တွေနဲ့ စိမ်းလန်း
စိုပြည်ပြီး အလှကြိုက်နှစ်သက်သူတွေ သဘောကျနှစ်သက်စေမယ့် အိမ်ခြံ ၀င်းကလေးဖြစ်ပါတယ်။

ခြံရဲ့ နောက်ဖက်မှာလည်း အလှရေတံခွန်ကလေးတစ်ခုကိုလည်း ပြုလုပ်ပေးထား ပါတယ်။ ဒီခြံရဲ့
အကျယ်အဝန်းကတော့ စတုရန်းပေစုစုပေါင်း ၆,၃၀၀ ခန့် ကျယ်ဝန်းပြီးတော့ ခြံရဲ့ အတွင်းဘက် မှာ
လှပခံ့ညားတဲ့ နှစ်ထပ်တိုက်ကြီး ကို စိမ်းပြာရောင် အရောင်ဆန်းဆန်း ကလေးနဲ့ ခေတ်မီပုံစံဆောက်
ပေးထားပါတယ်။

အိမ်ကိုထုထည်ကြီးကြီးပြုလုပ်ထားတဲ့အတွက် ခြံရှေ့မြေကွက် လပ်ကတော့ အရမ်းကျယ်ကျယ်
၀န်းဝန်းနေရာတော့ မရှိတော့ တာ ကိုသတိပြုမိခဲ့ပါတယ်။ အိမ်ရဲ့ ၀င်ဝင်ချင်းတံခါးပေါက်ရဲ့ ဘယ်
ဘက်ခြမ်းမှာ အလုပ်ခန်း၊ ဒါမှမဟုတ်ရင် စာဖတ်ခန်းပြုလုပ်နိုင်တဲ့ အခန်းတစ်ခန်းနဲ့ ညာဘက်ခြမ်း
မှာ တော့ ဧည့်ခန်းဆိုပြီး သီးသန့် အခန်းကလေးတွေ ခွဲပြီးဖွဲ့ပေးထားပါ တယ်။

ဒီအခန်းတွေရဲ့ နောက်ဘက်မှာ တော့ ရေချိုးခန်းအိမ်သာတွဲလျက်ပါ တဲ့အခန်းကျယ်တစ်ခန်းကို
ဖွဲ့ပေးထားပါတယ်။ မီးဖိုချောင်နဲ့ ထမင်းစားခန်းကို သီးသန့်ဖွဲ့ပေးထားပြီး အိမ်ရဲ့ နောက်ဆုံးဘက်
မှာထားရှိပြီးတော့ အပြင် ဘက်မှာ ရေချိုးခန်းအိမ်သာ သီးသန့် ပါ၀င်တာကို တွေ့ခဲ့ရပါတယ်။

အိမ် အောက်ထပ်ကြမ်းခင်းတွေက အခန်း တွေကို ကျွန်းပါကေးတွေ ခင်းပေးထား ပေမယ့် ကျန်
အခန်းတွေကိုတော့ ကြွေပြားခင်းပေးထားပါတယ်။ အိမ်အပေါ်ထပ်ကို တက်မယ့်လှေကားကို ကျွန်း
လှေကားပြုလုပ်ထား ပြီးတော့ ကြမ်းခင်းကိုတော့ ကျွန်းပါကေးတွေပဲခင်းပေးထားပါတယ်။

အိမ်ရဲ့အပေါ်ထပ်မှာ ရေချိုးခန်းအိမ်သာ တွဲလျက်ပါတဲ့ နှစ်ယောက်အိပ်ခန်း နှစ်ခန်းနဲ့ တစ်ယောက်
အိပ်ခန်း တစ်ခန်းပါ၀င်ပါတယ်။ ဒါ့ပြင်အပေါ်ထပ်မှာလည်း ဘုရားခန်းကို ကျယ်ကျယ်ဝန်းဝန်း ဖွဲ့ပေး
ထားတာ ကို တွေ့ခဲ့ရပါတယ်။ အိမ်အပေါ်ထပ် မှာ ပစ္စည်းအတိုအစ ထားနိုင်တဲ့ ထပ်ခိုး တစ်ခုကို
လည်းပြုလုပ်ပေးထားပါသေးတယ်။ ဒီအိမ်ကလေးကို အဆင့်မြင့်ပြင်ဆင်ပေးထားပြီး အရောင်းသီး
သန့်ဈေးဖွင့်ပေးထားပါတယ်။ ၀ယ်လိုသူတွေအတွက် ပရိဘောဂ အဖြစ် နံရံကပ်အဆင့်မြင့် ဗီရိုကြီး
တွေ ပါ၀င်ပြီးသားဖြစ်တဲ့အတွက် ပရိဘောဂအတွက် များများစားစား သီးသန့်စဉ်းစားနေစရာ မလို
တော့ပါဘူး။

ဒီအိမ်မှာ တစ်အိမ်လုံးနီးပါး ကျွန်းတွေကိုသာ ဦးစားပေး အသုံးပြုကာ အလှဆင်ပေးထားတာကို
တွေ့ရပါတယ်။ အိမ်ကြီးက ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့အတွက်လည်း မိသားစု များများ နေထိုင်လို့
အဆင်ပြေစေမယ့် အဆင့် မြင့် လုံးချင်းအိမ်တစ်လုံးလို့ ထင်ပါ တယ်။ ပြီးတော့ လေအေးပေးစက်
ကို လည်း အခန်းတိုင်းမှာတပ်ဆင်ပေး ထားပြီးတော့ ရေမီးကတော့ အပြည့် အစုံပါ၀င်ပါတယ်။

ဒီလုံးချင်းအိမ်ကြီးကို ကြိုက်နှစ်သက်လို့ ၀ယ်ယူချင်တယ်ဆိုရင်တော့ ဖီးနစ်အိမ်ခြံမြေနှင့်
ကားအထွေထွေ အကျိုးဆောင်လုပ်ငန်းနဲ့ ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

တည်နေရာ - မိုးကောင်းဘုရားလမ်း၊ ရန်ကင်းမြို့နယ်။ ဖုန်း - ၀၉ ၈၆၁၃၃၈၈။
ဈေးနှုန်း -ကျပ်သိန်း တစ်သောင်းခွဲ (ညှိနငိင်း) (အရောင်း)။
ဆက်သွယ်ရန် - ဖီးနစ် အိမ်ခြံမြေကားနှင့် အထွေထွေအကျိုးဆောင်လုပ်ငန်း။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်