အိမ်ခြံမြေအခွန်နှုန်းသက်သာပြီး ပွင့်လင်းမြင်သာမှုရှိသော အခွန်စနစ်ဖြစ်လာစေရန် အကျိုးဆောင်များလိုလားလျက်ရှိ

အိမ်ခြံမြေအခွန်နှုန်းသက်သာပြီး ပွင့်လင်းမြင်သာမှုရှိသော အခွန်စနစ်ဖြစ်လာစေရန် အကျိုးဆောင်များလိုလားလျက်ရှိ

ဘဏ္ဍရေးဝန်ကြီးဌာနမှ ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သော အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံ၊ တိုက်ခန်း
ရောင်းဝယ်ရေးဆိုင်ရာ အခွန်နှုန်းထားများကို လျှော့ချသတ်မှတ်ခြင်းမရှိဘဲ ၃၇ ရာခိုင် နှုန်းအတိုင်း
ထားရှိသွားမည်ဆိုသည့် ကြေညာချက်ထွက်ရှိပြီး တစ်လအကြာတွင် အိမ်ခြံမြေအကျိုးဆောင်များ
က အခွန်နှုန်းထားကြီးမြင့်သည့်အတွက် ဝေဖန်မှုများရှိပြီး ပိုမိုပွင့်လင်း မြင်သာသော အခွန်စနစ်ဖြစ်
ပေါ်လာစေရန် တိုက်တွန်းလိုက်ကြောင်း ၀ါရင့်အကျိုးဆောင်များက မြန်မာတိုင်း(မ်)သို့ ပြောကြား
ခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဇူလိုင် ၂၀ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့်ထုတ်ပြန်ကြေ
ညာခဲ့သော ကြေညာချက်တွင် အိမ်ခြံမြေအဆောက် အအုံ တိုက်ခန်းအစရှိသည့်အခြေပြပစ္စည်း
များ ရောင်းဝယ်ခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများအပေါ် ယခင်က အမြတ်ခွန်ဥပဒေနှင့်
ကောက်ခံခဲ့ပြီး အမြတ်ခွန်ဥပဒေပြ ဋ္ဌာန်း ကောက်ခံခဲ့သည့် အချိန်မှ ၂၀၀၇ ခုနှစ်အထိ ရလမ်း
မဖော်ပြနိုင်သော ၀င်ငွေအပေါ် ၅၀ ရာခိုင်နှုန်းကောက် ခံခဲ့ပါသည်။

စီမံချက်စတင်သည့် ၂၀၀၇ ခုနှစ်၊ ဩဂုတ်လမှ သက်သာခွင့် ရပ်ဆိုင်းခဲ့သည့် ၂၀၁၂ ခုနှစ်အထိ
ငါးနှစ် တာကာလအတွင်း အခွန်နှုန်းလျှော့ ချပေးသော်လည်း မှန်ကန်စွာတန်ဖိုး ကြေညာ အခွန်
ဆောင်သူများရှိသကဲ့သို့ လျှော့ပေါ့ကြေညာသူများလည်း ရှိခဲ့ပါသည်။ အခွန်နှုန်းနည်းပါးမှုကို အ
ကြောင်းပြု၍အိမ်ခြံမြေကို ကုန်စည်တစ်ခုသဖွယ် အသုံးချပြီး သိုလှောင်ဝယ်ယူရောင်းချမှုများ
လည်း ဆောင် ရွက်ခဲ့ကြပါသည်။

ထို့ကြောင့် အိမ်ခြံ မြေတန်ဖိုးများသာမန်ထက် ပိုမိုမြင့်မားခဲ့ကြောင်းကိုလည်း တွေ့ရှိနိုင်ပါသည်။
ယင်းအခြေအနေအပေါ်မူတည်၍ နိုင်ငံတကာ အဖွဲ့အစည်း အချို့က လည်း ငွေမည်းခဝါချမှု ဖြစ်
ပေါ်စေနိုင် သည်ဟုလည်းကောင်း၊ ပြည်တွင်းပညာရှင်များ၊ မီဒီယာများကလည်း နိုင်ငံတော်မှ
အခွန်ငွေများနစ်နာနေ ကြောင်း ထောက်ပြ ဝေဖန်မှုများကြောင့် လည်းကောင်း၊ အခွန်နှုန်းများ
ကိုလည်း သင့်တင့်မျှတသည့် အခွန်နှုန်း ထားများအဖြစ် ပြင်ဆင်ထားရှိပြီး ဖြစ်သဖြင့်လည်း
ကောင်း၊ မူလဥပဒေပြဋ္ဌာန်းချက်များအရ ထုတ်ပြန်ထားသည့် အခွန်နှုန်းထားဖြစ်သည့် ၃၀ ရာ
ခိုင်နှုန်းဖြင့် အခွန်ပေးဆောင်ရန် ပြန်လည်သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်ဟုလည်း ထုတ်ပြန်ကြေ
ညာခဲ့ကြောင်း တွေ့ရှိရသည်။

ထိုအတွက် စိုင်းခွန်နောင်အိမ်ခြံမြေ နှင့် ဥပဒေအကြံပေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရန်
အောင်မှ ပြောကြားရာတွင် ၂၀၁၃ နှစ် ဆန်းပိုင်း မှ စတင်၍ရန်ကုန်အိမ်ခြံမြေဈေးကွက် သည်
အခွန်ရာခိုင်နှုန်းလျှော့ချပေးဆောင်ရမည်ဆိုသည့် ကောလာ ဟလ များပေါ်ထွက်ခဲ့ကြောင်း
၎င်းက ပြောသည်။

"ဒီနှစ်ဆန်းပိုင်းကနေစပြီးတော့ အခွန်က လက်ရှိနှုန်းထားထက်လျော့ မယ်ဆိုပြီးတော့ အိမ်ခြံမြေ
လောကမှာရှိတဲ့သူတွေအားလုံးက ထင်ကြေးပေးထားကြတာ၊ ဒါပေမယ့် ဇူလိုင် လမှာ ဘဏ္ဍာရေး
၀န်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ အခွန်ကြေညာချက် ကြောင့် အခွန်နှုန်းထားမပြောင်းလဲဘဲ ဆက်
လက်ထားရှိသွားမယ်ဆိုတဲ့အချက်က အရောင်းအဝယ်ကို အေးသွားစေတာ အမှန်ပါပဲ၊ လက်ရှိနှုန်း
ထားအတိုင်းဆိုရင် ၀ယ်သူက အရောင်းအဝယ်တန်ဖိုးပေါ်မှာ ၀ယ် ခွန် ၃၀ ရာခိုင်နှုန်းနဲ့ တံဆိပ်
ခေါင်းခွန် ရ ရာခိုင်နှုန်း စုစုပေါင်း ၃၇ ရာခိုင် နှုန်းအတိုင်းပဲ အိမ်ခြံမြေဝယ်ယူသူတိုင်းအတွက် ဆက်
လက်ပေးဆောင် သွားရမယ်ဆိုတာက အိမ်ခြံမြေလောကက လူတွေအားလုံးအတွက် မမျှော်လင့်
ထားတဲ့ မြင့်မားတဲ့အခွန်နှုန်းတစ်ရပ်ပါပဲ"ဟု ဦးရန်အောင်က ပြောကြားခဲ့သည်။

လက်ရှိကာလတွင် အိမ်ခြံမြေဈေးကွက်ဝယ်လိုအားအခြေအနေသည် အေးလျက်ရှိပြီး နိုင်ငံတော်မှ
ထုတ်ပြန်သော အခွန်ကြေညာချက်ကြောင့်ဟုလည်း ပြောနိုင်ကြောင်း ၎င်းကသုံးသပ်သည်။

"လွန်ခဲ့တဲ့တစ်လ၊ နှစ်လ လောက် ကစပြီး အိမ်ခြံမြေအရောင်းအဝယ်က အေးသွားခဲ့တယ်၊ လွန်ခဲ့
တဲ့လတုန်းက ထုတ်ပြန်လိုက်တဲ့ အခွန်ကြေညာချက် ကြောင့်လို့လည်း ပြောနိုင်ပါတယ်၊ဒါ့ပြင်
အိမ်ခြံမြေဝယ်ယူထားတဲ့သူတွေအနေနဲ့လက်ထဲမှာ အမြင့်ဈေးနဲ့ ကိုင်ထားတဲ့ အခြေအနေတွေ
ကြောင့် လည်းပါတယ်၊ ဒါကြောင့်မို့လို့ အိမ်ခြံ မြေဈေးကွက်မှာ တန်ဖိုးကြီးအိမ်ခြံ မြေ အရောင်း
အဝယ်တွေရပ်တန့်သွားတဲ့အပြင် လိုအပ်ချက်အရ ၀ယ်တဲ့ တန်ဖိုးလတ်၊ တန်ဖိုးနည်းအိမ် ခြံမြေ
တွေနဲ့ မြို့စွန်ဘက်မှာရှိတဲ့ မြေကွက်တွေလောက်သာ အရောင်းအဝယ်ဖြစ်ပါတယ်"ဟု ဦးရန်အောင်
က ပြောသည်။

သို့သော်လည်း လွန်ခဲ့သည့်လ တုန်းက ထုတ်ပြန်လိုက်သည့် အခွန်နှုန်းထားကို ၀ယ်ယူသူများက
အပြုသဘောဆောင်သည့်ဘက်မှ ရှုမြင်ကြပြီး ထိုအတွက်လည်း နားလည်မှုဖြင့်ညှိနှိုင်းပြီး အခွန်
ဆောင်ကြသည်များရှိကြောင်းလည်း ၎င်းက ပြောသည်။ စိုင်းခွန်နောင်အိမ်ခြံမြေနှင့် ဥပဒေအကြံ
ပေးလုပ်ငန်းအနေဖြင့် အိမ်ခြံမြေ တိုက်ခန်းများကို ရောင်းဝယ်ငှားရမ်းရာတွင် ဥပဒေလုပ်ငန်းကိုပါ
တွဲဖက်လုပ်ကိုင်သည့်အတွက် စာချုပ်စာတမ်းကိစ္စများ၊ အိမ်ခြံမြေရောင်းဝယ်ရာတွင် အမည်ပေါက်
ကိစ္စများကို ဆောင်ရွက် ပေးနေရခြင်းကြောင့် တရားဝင်အခွန်ဆောင်သူများ သင့်တင့်သည့်အရေ
အတွက်ရှိနေသည်ဟုလည်းဦးရန်အောင်က ၎င်းအကျိုးဆောင်အတွေ့အကြံုအရ ပြောသည်။

"အခွန်ကြေညာချက်ထွက်ပြီး နောက်ပိုင်းမှာလည်း တရားဝင်အခွန် ဆောင်ပြီး အမည်ပြောင်းတဲ့
သူတွေရှိတာတွေ့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခွန်ရာခိုင်နှုန်းက မပြောင်းလဲဘူးဆိုတာလည်း
သိသွားပြီ ဖြစ်တာကြောင့်လည်း ပါတယ်၊ နောက်တစ်ချက်က အခွန်စနစ်ကို ပွင့်လင်းမြင်သာမှု ရှိ
အောင်လုပ်ဖို့လိုတယ်၊ အခွန် စနစ်ကပွင့်လင်းမြင်သာမှုအားနည်း တဲ့အတွက်ရှုပ်ထွေးတယ်၊ ပွင့်
လင်း မြင်သာမှု အားနည်းတဲ့အတွက် တချို့ ၀ယ်ယူသူတွေဆိုရင် အိမ်မြေဝယ်ပြီး အခွန်ဘယ်လို
ဆောင်ရမယ်ဆိုတာတောင်သေချာမသိကြတဲ့သူတွေရှိတယ်၊ ဒီအတွက် နိုင်ငံတော်ရဲ့အခွန်ဌာန
အနေနဲ့လည်း အခွန်ပေးဆောင်ရခြင်းနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို အများပြည်သူသိရှိ
အောင် စနစ်တကျကြေညာပေးဖို့ လိုအပ်တယ် လို့ မြင်တယ်၊ အခွန်စနစ်က ပွင့်လင်း မြင်သာမှု
အားနည်းတဲ့အတွက် ငွေဖြူနဲ့ ပတ်သက်ပြီးကစားတာတို့၊ အခွန်ရှောင်တာတို့၊ အခွန်ကို လျှော့
ဆောင်တာမျိုးတွေ ဖြစ်လာ တယ်"ဟုလည်း ဦးရန်အောင်က ရှင်းလင်းပြောကြားခဲ့သည်။

အိမ်ခြံမြေတိုက်ခန်း အဆောက်အအုံရောင်းဝယ်ခြင်းဆိုင်ရာ အခွန် ပေးဆောင်ရခြင်းနှင့် ပတ်သက်
၍ နိုင်ငံ တွင်း၌ နေထိုင်သော အများပြည်သူ များ သိရှိနိုင်ရန်နှင့် အိမ်ခြံမြေအခွန် ဆိုင်ရာ ကိစ္စများ
ပိုမိုပီပြင်ခိုင်မာ ပြတ်သားမှုရှိစေနှင့် အခွန်ရှောင်ခြင်း များ လျော့ပါးလာစေရန်အတွက် အခွန် ဆိုင်
ရာ ဥပဒေတစ်ရပ်ကိုလည်း လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်း ပေးသင့်ကြောင်း ၎င်းက ဆက်လက်
ပြောကြားခဲ့သည်။

အိမ်ခြံမြေဈေးကွက် အနာဂတ်အလားအလာသည် ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမို
၀င်ရောက်လာမှုနှင့်အတူ အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်
စေရန် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပြီး အိမ်ရာ အဆောက်အအုံနှင့် တိုက်ခန်း ရောင်းဝယ်ငှားရမ်း
ခြင်းဆိုင်ရာ အခွန် ဥပဒေများကိုလည်း သေချာစွာ နားလည်သဘောပေါက်သိရှိထားမှသာလျှင်
ရပ်တည်နိုင်ခြေပိုမိုများပြား နိုင်ကြောင်း ဦးရန်အောင်က ပြော သည်။

"၂၀၁၅ မှာ အိမ်ခြံမြေထဲကို နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုအရှိန်ရ ၀င်ရောက်လာတဲ့အခါမှာ
သက်ဆိုင် ရာ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတွေအနေနဲ့ လက်ရှိအချိန်ထက်ပိုမို ပြင်ဆင်ထားဖို့
လိုတယ်။ ဆိုလိုတာက ပြည်တွင်းအိမ်ခြံမြေနဲ့ ပတ်သက်တဲ့အချက်အလက်တွေသာမကဘဲ နိုင်ငံ
တကာမှာ ဖြစ်ပေါ်နေတဲ့နိုင်ငံအလိုက်အိမ်ရာဈေးကွက်နဲ့ ပတ်သက်တဲ့ ိအေေ တွေ ယူထားမယ်၊
ပြည်ပနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ အိမ်ရာဈေးကွက်အပြောင်းအလဲတွေကိုလည်း မျက်ခြည်မပြတ်
စောင့်ကြည့်ဖို့လိုတယ်။ဒါ့အပြင် ကိုယ့်နိုင်ငံက အိမ်ခြံမြေဈေးကွက်မှာလည်း တကယ့်ကိုထဲထဲ
၀င်ဝင်နဲ့ အိမ်ခြံမြေဆိုင်ရာလုပ်ငန်း တွေကို နားလည်ပြီး ယုံကြည်မှုနဲ့ သွားမယ်ဆိုတဲ့ ကုမ္ပဏီတွေ
လောက် ပဲ ဆက်လက်ရပ်တည်နိုင်မယ်လို့ ထင်တယ်။

အိမ်ခြံမြေရောင်းဝယ်ခြင်းနဲ့ သက်ဆိုင်တဲ့ အခွန်ဥပဒေတွေကို သေချာစွာနားလည်ထားဖို့ လိုတဲ့
အပြင် အိမ်ခြံမြေနဲ့ပတ်သက် တဲ့ ငညအနမညအေငသညေူ ူတေ တွေကို ပါ တတ်ကျွမ်းနားလည်
ထားတဲ့ ကုမ္ပဏီ တွေက နိုင်ငံတကာနဲ့ ယှဉ်ပြိုင်မှု ပိုမိုများလာချိန်မှာ ဆက်လက်ရပ်တည်နိုင်မယ့်
အဓိက အားသာချက်တွေ လို့ မြင်တယ်"ဟု ၎င်းကပြောသည်။

ရွှေကံမြေအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ပိုင်ရှင် ဦးခင်မောင်အေး ကလည်း လွန်ခဲ့သည့်လက
ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သော အခွန်ဆိုင်ရာ ကြေညာချက် ထုတ်ပြန်ပြီး
နောက်ပိုင်း အိမ်ခြံမြေ ဈေးကွက်ပေါ်တွင် သက်ရောက်မှုရှိခဲ့ ကြောင်း ၎င်းကမြန်မာတိုင်း(မ်)သို့
ပြော ကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်