ဆွီဒင်နိုင်ငံမှ တင်သွင်းသော "Aritco"အမှတ်တံဆိပ် platform lifts များကိုတစ်ဦးတည်း
ကိုယ်စားလှယ်အဖြစ် K Link ကုမ္ပဏီက မြန်မာပြည်ဈေးကွက်သို့ စတင်သွင်းမိတ်ဆက်လိုက်ပြီ
ဖြစ်ကြောင်း ဩဂုတ်လ ၂၄ ရက်နေ့တွင် အင်းလျားလိပ်ဟိုတယ်၌ ကျင်းပပြုလုပ်သော platform
lifts များ စတင် မိတ်ဆက်ပွဲအခမ်းအနားမှသိရသည်။
"အခုမိတ်ဆက်လိုက်တဲ့ platform lifts တွေက အိမ်သုံးတွေအတွက် ဖြစ်ပါတယ်၊ အခုခေတ်မှာ
အိမ်တွေ ကို အပြိုင်အဆိုင်ဆောက်လာကြ တယ်ဆိုတော့ အိမ်တွေမှာလိုအပ် တဲ့ Luxury
Product အနေနဲ့ ထည့်သွင်း တည်ဆောက်နိုင်အောင် ဖြစ်ပါတယ်။ အိမ်တွေမှာ ရေကူးကန်ရှိ
သလိုပဲပေါ့၊ Aritco လူနေအိမ်သုံး ဓာတ်လှေကားတွေကို အထပ်နှစ်ထပ်၊ သုံးထပ်လောက်မြင့်တဲ့
အိမ်တွေအထိ ပုံမှန်သုံးကြပါ တယ်"ဟု KLink ကုမ္ပဏီ မှ ဥက္ကဋ္ဌ ဒေါ်ယဉ်ဝင်းသူက မြန်မာတိုင်း(မ်)
သို့ အဆိုပါနေ့အခမ်းအနားတွင် ပြောသည်။
"အားသာချက်ကတော့ အိမ်သုံး ဓာတ်လှေကားဖြစ်တဲ့အတွက် တပ် ဆင်ရလွယ်ကူတယ်၊ တပ်
ဆင်ဖို့ အတွက်လည်း နံရံတစ်ဖက်ပဲလိုတယ်။ ဒီအတွက် မြေကြီးတူးရတာတို့၊ ခေါင်မိုးကို ဖောက်
တာတို့လုပ် စရာ မလိုဘူး၊ နောက်ပြီးနေအိမ်မှာ အသုံးများကြတယ် ဆိုတာကလည်း အိမ်တိုင်းမှာ
လူကြီးတွေရှိတဲ့အတွက် ရိုးရိုးလှေကားထည့်တာက သူတို့ အတွက် အတက်အဆင်း အဆင်မပြေ
ဘူးပေါ့၊ နိုင်ငံတကာမှာဆိုရင် နေအိမ် တွေမှာ ထည့်ကို ထည့်ကြတယ်၊ lifestyle တစ်ခုအနေနဲ့ပေါ့"
ဟု ဒေါ်ယဉ်ဝင်းသူက ပြောသည်။
အဆိုပါ ဓာတ်လှေကားများကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၄၀ တွင်အသုံးပြုနေပြီး ဈေးနှုန်းများမှာ
ကန် ဒေါ်လာ ၂၈,၀၀၀ မှ ဒေါ်လာ ၄၅,၀၀၀ အထိရှိကြောင်း သိရသည်။ Platform Lifts အရွယ်
အစားများမှာ အလျား ၉၀၀ မီလီမီတာ၊ အနံ ၈၇၀ မီလီမီတာမှ အလျား ၁၁၀ မီလီမီတာ နှင့် အနံ
၁၁၀ မီလီမီတာ အထိရှိကြောင်း သိရသည်။ လူဦးရေလေးယောက်မှ ခြောက်ယောက်အထိ အသုံး
ပြုနိုင် ကြောင်း သိရသည်။
ဓာတ်လှေကား အမြင့်မှာ ၁၀ ပေခန့် ရှိကြောင်း သိရ သည်။ "Aritco အတွက် K Link ကုမ္ပဏီ က
အေးဂျင့်ရတာက လေးလလောက် ရှိပါပြီ၊ ပစ္စည်း sample ကတော့ နောက်နှစ်လလောက်ဆို
ရောက်ပါပြီ။ လောလောဆယ်မှာတော့ client order မရှိသေးပေမယ့်အခု official launch လုပ်
တဲ့ ပွဲလေးပြီးသွားရင်တော့ စိတ်ဝင်စားတဲ့သူတွေ ရှိလာနိုင်ပါတယ်။
နိုင်ငံတကာမှာ လေ့လာကြည့်မယ်ဆိုရင်လည်း ၀ယ်လိုအားက တစ်နှစ်၊ နှစ်နှစ်လောက်နေမှ
တက်လာတာဆိုတော့ ဒီမှာလည်းဝယ်လိုအားတက်လာဖို့ အနည်းဆုံး တစ်နှစ်လောက် အချိန်
ယူရမယ်လို့ ထင်ပါတယ်"ဟု ၎င်းကရှင်းပြခဲ့သည်။
"မြန်မာနိုင်ငံမှာ နေအိမ်သုံး platform liftsတင်သွင်းတဲ့သူမရှိသေးပါဘူး၊ ဒါကြောင့်လည်း
တင်သွင်းဖြစ် သွားတာပါ။ platform lifts ကို တပ်ဆင်အသုံးပြုတဲ့အတွက် ဓာတ်လှေကားထဲမှာ
ပိတ်မိနေစရာ အကြောင်း မရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မီးပျက်သွားရင် ရပ်သွားတဲ့နေရာရဲ့
အောက်တစ်ထပ်ကို ဆင်းတယ်၊ safety အရ ကြည့်မယ်ဆိုရင် soft landing ဖြစ်တဲ့ ဓာတ်လှေ
ကားအမျိုး အစားဖြစ်တဲ့အတွက် ဓာတ်လှေကားထဲမှာ ပိတ်မိနေစရာ အကြောင်း မရှိပါဘူး"ဟု
ဒေါ်ယဉ်ဝင်းသူက ဆက်လက်ရှင်းပြခဲ့သည်။
Aritco lift မိတ်ဆက် ရှင်းလင်းပွဲအခမ်းအနားသို့ ဆွီဒင်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူ
များ၊ ဗိသုကာ ပညာရှင်များ၊ ဆောက်လုပ်ရေးလောကမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် home
owners များ တက်ရောက်ခဲဲ့ကြသည်။















