အသင့်နေထိုင်နိုင်တဲ့ ဗဟန်းမြို့နယ်က အငှားဖွင့်လှစ်ထားတဲ့ သုံးထပ်တိုက်

အသင့်နေထိုင်နိုင်တဲ့ ဗဟန်းမြို့နယ်က အငှားဖွင့်လှစ်ထားတဲ့ သုံးထပ်တိုက်

ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်ကိုတော့ ဗဟန်းမြို့နယ်မှာရှိတဲ့ တိတ်တိတ်ဆိတ် ဆိတ် ပတ်ဝန်း
ကျင်တစ်ခုဖြစ်တဲ့ ရွှေတောင်ကြားလမ်းက လုံးချင်းခြံကလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။

အေးချမ်းတဲ့ ပတ်ဝန်းကျင် နဲ့ မိသားစုသီးသန့်နေချင်သူတွေ အတွက် မရိုးနိုင်တဲ့ သင့်တော်တဲ့
လုံးချင်းခြံကိုပဲ ဖော်ပြပေးထားလို့ စာဖတ်သူတွေ သဘောကျနှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။
ဒီခြံကလေးက အငှားသီးသန့်ပဲ ဈေးဖွင့်လှစ်ပေးထားပြီး ခြံရဲ့ အကျယ် အဝန်းကတော့ စုစုပေါင်း
၃,၆၀၀ စတုရန်းပေ ကျယ်ဝန်းပါတယ်။ ခြံ ကလေးအတွင်းမှာတော့ အလှဆင်ပန်းကလေးတွေနဲ့
အလှဖော်ထားပေးထားတဲ့အတွက် ခြံထဲဝင်ဝင်ချင်း အမြင်တစ်မျိုးဆန်းနေစေမှာပါ။

ဒီခြံကလေးထဲမှာ ပုံစံဆန်းသုံးထပ်တိုက်ကလေးကို ဆောက်ထားပါတယ်။ ခြံရဲ့ ရှေ့ကွက်လပ်က
တော့ နေရာလွတ် များများစားစား မကျန်ပေမယ့် မိသားစု တွေ လွတ်လွတ်လပ်လပ်နေနိုင်ဖို့
အတွက်တော့ သင့်တော်တဲ့ ခြံဝင်း ကလေးပါ။

တိုက်ကလေးကိုလည်း အရောင်ဆန်းဆန်းတွေ မသုတ်ထားဘဲ အဖြူ ရောင်ကိုပဲ သုတ်ထားပြီး
အလှဒီဇိုင်း ဆင်ပေးထားပါတယ်။ အိမ်ကလေးရဲ့ အတွင်းဘက်မှာတော့ အောက်ဆုံးမြေညီထပ်
မှာ ဧည့်ခန်းသတ်သတ် အခန်းဖွဲ့ပေးထားပါတယ်။

ဧည့်ခန်းရဲ့ ဘေးဘက်မှာ တော့ ထမင်းစားခန်းနဲ့ မီးဖိုချောင် ကို သတ်သတ်ခွဲပေးထားတာကို
တွေ့ခဲ့ ရပါတယ်။ ထမင်းစားခန်းနဲ့ မီးဖိုခန်းကို ကျယ်ကျယ်ဝန်းဝန်း ဖွဲ့ပေးထားလို့ အိမ်ရှင်မတွေ
စိတ်ကြိုက်အသုံးပြုနိုင် မယ်လို့ ထင်ပါတယ်။ နောက်ပြီး အောက်ထပ်မှာပဲ စာဖတ်ခန်းပဲဖြစ်ဖြစ်၊
အလုပ်ခန်းပဲဖြစ်ဖြစ် ပြုလုပ်နိုင်တဲ့ အခန်းငယ်တစ်ခန်း ရှိပါသေးတယ်။

အိမ်ကလေးရဲ့ ဒုတိယထပ်မှာတော့ ရေချိုးခန်း အိမ်သာတွဲလျက်ပါတဲ့ အိပ်ခန်းကျယ် နှစ်ခန်းဖွဲ့ပေး
ထားပါ တယ်။ ဒါ့အပြင် အခန်းအပြင်ဘက်မှာလည်း အလင်းရောင် ကောင်းကောင်းရတဲ့ အခန်း
ငယ်လေး တစ်ခန်း လည်းထပ်ပြီး ဖွဲ့ထားတာကို သတိပြု မိခဲ့ပါတယ်။

အိမ်ရဲ့ တတိယထပ်အပေါ်ဆုံး အခန်းမှာတော့ အိပ်ခန်းကျယ် နှစ်ခန်း ကို ဖွဲ့စည်းထားပြီး အဝတ်
လဲခန်းလိုမျိုး အသုံးပြုလို့ရတဲ့ အခန်းကိုပါ ထပ်ပြီး ဖွဲ့ပေးထားပါတယ်။ ဒီအိမ်ကလေးမှာ အခန်း
တွေ များများပါပြီး သီးသန့်စီဖွဲ့ပေးထား တဲ့အတွက် နေထိုင်သူတွေအတွက် အဆင်ပြေစေမယ့်
အိမ်ကလေးပါ။ အိမ်ရဲ့ ကြမ်းခင်းတွေကိုတော့ ကျွန်း ပါကေးတွေ ခင်းပေးထားပြီး လေအေး ပေး
စက် စုစုပေါင်း ခုနစ်လုံးပါ၀င် မှာဖြစ်ပါတယ်။

ဒီအိမ်ကလေးကို ငှားရမ်းမယ့်သူတွေအတွက် အိမ်ထောင်ပရိဘောဂ အပြည့်အစုံ ပါပြီးသားဖြစ်တဲ့
အပြင် အိမ်ကပြင်ဆင်ပြီးသားဖြစ်တဲ့ အတွက် ချက်ချင်း နေချင်တဲ့သူတွေအတွက် လည်း အဆင်
ပြေပြီး ပရိဘောဂ အတွက် အထူးတလည်ယူလာစရာ မလိုတော့တဲ့အတွက် အဆင်ပြေ သဘော
ကျစေမယ့် အိမ်ကလေးပါ။ရေမီးကတော့ အပြည့်အစုံပါပြီးသား အပြင် ကိုယ်ပိုင်မီးစက် တစ်လုံးပါ
ပါ၀င် မယ်လို့ သိရပါတယ်။

တည်နေရာ - ရွှေတောင်ကြား(၁)လမ်း၊ ဗဟန်းမြို့နယ်။
ဈေးနှုန်း - ဒေါ်လာ ၆,၀၀၀ (အငှား)။ ဖုန်း - ၀၁ ၅၁၂၀၂၉။
ဆက်သွယ်ရန် - Estate Myanmar Co.,Ltd.



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်