မလေးရှားနိုင်ငံရှိ အကြီးဆုံးစီမံကိန်းတစ်ခုဖြစ်သော "Iskandar" စီမံကိန်း ကြီးအား ပထမဆုံး
အကြိမ် စတင်မိတ် ဆက် ရှင်းလင်းခြင်းနှင့် ဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာ ရ ရက် နှင့်
၈ ရက်နေ့များတွင် ရန်ကုန်မြို့ Sedona ဟိုတယ်၌ ကျင်းပသွားမည် ဖြစ်ကြောင်းOrange Tee
(Singapore) ၏ International Projects Department မှ အကြီးအကဲဖြစ်သူ Mr Johnny
Chng က မြန်မာတိုင်း(မ်) သို့ ပြောကြားခဲ့သည်။
"မလေးရှားမှာ တည်ဆောက်နေတဲ့ Iskandar စီမံကိန်းကြီးက ၂၀၀၆ ခုနှစ် မှာ စတင်ခဲ့တာပါ၊
ဒီစီမံကိန်းကြီး ကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်က တော့ မလေးရှားနိုင်ငံရဲ့စီးပွားရေးကို
အရှိန်အဟုန်နဲ့ ပိုမိုဖွံ့ဖြိုးတိုးတက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်၊ Iskandar စီမံကိန်းကြီးက
၂၂၁,၆၃၄ ဟက်တာ (၂,၂၁၇ စတုရန်းကီလိုမီတာ) မြေအကျယ်ဝန်းရှိပြီး ဲသ့သမ မြို့တော်ရဲ့တောင်
ဘက်ပိုင်းမှာ တည်ရှိ ပါတယ်၊ Iskandar စီမံကိန်းကြီး တစ်ခုလုံးလုံးရဲ့ အကျယ်အဝန်းကို ပြောရ
မယ်ဆိုရင် စင်ကာပူနိုင်ငံရဲ့ သုံးဆလောက် ကျယ်ဝန်းပြီး ဟောင်ကောင်ရဲ့ နှစ်ဆလောက် ကျယ်
၀န်းပါတယ်၊ ကျွန်တော်တို့ အနေနဲ့ Iskandar စီမံကိန်းကြီးကို သဘာဝပတ်ဝန်းကျင်ကို ထိရောက်
စွာ အကျိုးပြုပြီး ကြီးမားခိုင်မာတဲ့ နိုင်ငံတကာ အလည်မှာ ၀င့်ထည်နိုင်တဲ့ စီမံကိန်းကြီးအဖြစ် ဂုဏ်
ယူစွာ ရပ်တည်သွားနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်"ဟုလည်း Mr Johnny Chngက
ပြောသည်။
Iskandar စီမံကိန်းကြီးတွင် ထင်ရှားသည့် အဓိကဇုန်ကြီးငါးဇုန် ပါ၀င်ပြီး ၎င်းတို့ကို Iskandar
စီမံကိန်း ကြီး၏ မြို့ပြဆိုင်ရာဖွ့ံဖြိုးတိုးတက်မှုအလိုက် ခွဲခြားသတ်မှတ်ထားသည်။ ၎င်းတို့မှာ
Zone A, Zone B, Zone C, Zone D, Zone E ဟူ၍ ဖြစ်ပြီး Zone A ဧရိယာမှာ Johor
မြို့တော်၏ စီပွားရေးဆိုင်ရာ အချက်အချာနှင့်ပင်မ မြို့တော်ဖြစ်သည့် Johor Bahru City
ဖြစ်ပြီး Zone B ဧရိယာမှာ Johor မြို့တော်၏ ဖန်တီးမှုအနုပညာရပ်ဝန်း၊ ဖျော်ဖြေရေးကဏ္ဍ၊
ကျန်းမာရေးနှင့်ဆိုင်သော ပံ့ပိုးမှုအင်္ဂါရပ်များ၊ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များ အပါအဝင်
နိုင်ငံ ခြားသားများအတွက် ဆွဲဆောင် နိုင်သောနေရာ အစရှိသည့် ကဏ္ဍ ရပ်ဝန်းစုံတို့ ဖြစ်တည်
ရာ Nasajaya နှင့် Medini ဧရိယာများဖြစ်သည်။
Zone C ဧရိယာတွင် ထောက်ပံ့ပို့ဆောင်ရေး၊ ဆိပ်ကမ်းနှင့် ပင်လယ်ထွက်ပစ္စည်း ၀န်ဆောင်မှု
လုပ်ငန်းများ၊အစားအစာထုတ်လုပ် သည့်လုပ်ငန်းများ၊ ရေနံဓာတု ပစ္စည်းလုပ်ငန်းများ အစရှိသည်
တို့ စုစည်းဖြစ်တည်သည့်Western Gate Development တည်ရှိပြီး Zone D မှာ Johor မြို့
တော်၏ စက်မှုနှင့် ကုန်ထုတ်လုပ်ငန်းများ စုစည်းတည်ရှိသည့် Eastern Gate Development
ဟုခေါ်တွင်ကြောင်း သိရသည်။ Zone Eမှာ သီးနှံစိုက်ပျိုး မှု ဆိုင်ရာ ကဏ္ဍများနှင့်အစား အစာ
ထုတ်လုပ်မှု၊ ဆက်သွယ်ရေး၊ သတင်း နှင့် အချက်အလက် ဆိုင်ရာ နည်းပညာကဏ္ဍများနှင့်
Retail Tourism ဆိုင်ရာ ကဏ္ဍများပါ၀င်သည့် Senai-Skudai ဟု သတ်မှတ်ခေါ်တွင်ထားသည်။
မလေးရှားနိုင်ငံရှိ Iskandar စီမံ ကိန်းကြီးသည် ၂၀၀၆ ခုနှစ်တွင်ကနဦးရင်းနှီးမြှုပ်နှံမှု RM ၁၁
ဘီလျံ ဖြင့် စတင် တည်ဆောက်ခဲ့ပြီး လွန်ခဲ့သည့် ခုနစ်နှစ်ခွဲကာလအတွင်း ရင်းနှီးမြှုပ်နှံ မှုပမာဏ
မှာ နှစ်စဉ် ၃၆ ဒသမ ၉ ရာခိုင် နှုန်း တိုးမြင့်လာကြောင်း Mr Johnny Chngက ပြောသည်။
၎င်းစီမံကိန်း ကြီးသည် ၂၀၁၃ ခုနှစ် ဇွန်လတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏပေါင်း RM ၁၁၈ ဒသမ ၉
ဘီလျံသို့ ရောက်ရှိခဲ့ကြောင်း လည်း သိရသည်။
၂၀၂၅ ခုနှစ်တွင် Iskandar စီမံကိန်းကြီး၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ RM ၃၈၃ ဘီလျံ ရှိလာမည်ဖြစ်
ကြောင်းလည်း Mr Johnny Chngက ရှင်းလင်းပြောကြား ခဲ့သည်။
"Iskandar Development Region (IDR) က မလေးရှားနိုင်ငံ ဖက်ဒရယ်အစိုးရရဲ့ ကနဦး ခွင့်
ပြုချက်နဲ့ စတင်လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းကြီးဖြစ်ပါတယ်။
Iskandar Regional Development Authority (IRDA) က Iskandar စီမံကိန်းကြီး ပိုမိုပီပြင်
ဖွံ့ဖြိုး တိုးတက်လာစေဖို့အတွက် မလေးရှား နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားရင်းနှီး မြှုပ်နှံသူတွေ
အပြင် ပုဂ္ဂလိကရင်းနှီး မြှုပ်နှံသူတွေကိုပါ အများအပြား လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တွန်း
အားပေးတဲ့ လမ်းညွှန်ချက်တွေ ကိုလည်း ချမှတ်လမ်းညွှန်ထားပါတယ်၊ စီမံကိန်းဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်မှု နည်းလမ်းတွေဖြစ်တဲ့ မလေးရှားနိုင်ငံသားများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ဖက်စပ်
ရင်းနှီးမြှုပ်နှံ မှု၊ ပုဂ္ဂလိကလုပ်ငန်းရှင် သီးသန့် ရင်းနှီးမြှုပ်နှံမှု၊ မလေးရှားနိုင်ငံနိုင်ငံ အစိုးရအပါအဝင်
၎င်းနှင့်ဆက်နွှယ် သော အဖွဲ့အစည်းများမှ ရင်းနှီးမြှုပ်နှံ မှု၊ မလေးရှားနိုင်ငံရှိ ပြည်တွင်း သို့မဟုတ်
ပြည်ပနိုင်ငံအဖွဲ့အစည်း များမှ တည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများက ရင်းနှီးမြှုပ်နှံမှု
များကဲ့သို့သော ကိစ္စများတွင် မလေးရှားနိုင်ငံနိုင်ငံအစိုးရအပါအဝင် ၎င်းနှင့်ဆက်နွှယ်သော အဖွဲ့
အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၏ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုစတာတွေမှာ IDR ဟာ အပြည့်
အဝ ပူးပေါင်းဆောင် ရွက်လျက်ရှိပါတယ်၊ဒါဟာ IDR ရဲ့ အားပေးတိုက်တွန်းမှုကြောင့်လို့
ကျွန်တော်တို့ယုံကြည်ပါတယ်"ဟု Mr Johnny Chngက ပြောကြားခဲ့သည်။
Iskandar Regional Development Authority (IRDA) တွင်ရှိသည့် Iskandar စီမံကိန်း ကြီး
တွင် မြို့ပြဆိုင်ရာ ပံ့ပိုးမှုအင်္ဂါရပ်တည်ဆောက်ခြင်းများကို တရားဝင် ကြေညာချက် ထုတ်ပြန်ပြီး
သည့်အချိန် ၂၀၀၆ ခုနှစ်တွင်စတင်ခဲ့ပြီး စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်သည့် ပထမငါးနှစ်
တာ အစီရင်ခံစာတွင် Iskandar စီမံကိန်းကြီး၏ ဆောင် ရွက်ပြီးစီးမှု အခြေအနေနှင့် ရင်းနှီး မြှုပ်နှံ
မှု ဆောင်ရွက်ထားပြီးသည့် အခြေအနေများကို ထည့်သွင်းရေးသားဖော်ပြခဲ့သည်။
Iskandar စီမံကိန်း ကြီးသည် သေးငယ်သော အိမ်ရာစီမံ ကိန်းတစ်ခုမဟုတ်ဘဲ စင်ကာပူနိုင်ငံ
ထက်သုံးဆမျှ ကျယ်ဝန်းသော အဆင့်မြင့်ဖွံ့ဖြိုးမှုပေါင်းများစွာဖြင့်ပါ၀င်ဖွဲ့စည်းထားသည့် ဒေသ
ရပ်ဝန်း တစ်ခုသဖွယ် တည်ရှိပြီး စီမံကိန်းပေါင်း များစွာကိုလည်း လျာထားဆောင်ရွက် လျက်ရှိ
သည်။
မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံများရှိ စီးပွားရေး လုပ်ငန်းများအား ပိုမိုအထောက်အကူ ပြုနိုင်
စေရန်အတွက် ၎င်းစီမံကိန်းများ ကို နောင်လာမည့် ၁၅ နှစ်မှနှစ် ၂၀ အတွင်း ဖွံ့ဖြိုးလာမည့်
မလေးရှား နိုင်ငံ၏ စီးပွားရေးကို အစိမ်းရောင် စီးပွားရေးအသွင်ဖြင့် အထောက်အကူ ပြုနိုင်ရန်
စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
"စင်ကာပူနိုင်ငံအတွက်ဆိုရင်တော့Iskandar Development Region (IDR) က မလေးရှားနိုင်
ငံနဲ့ အနီးကပ်ဆုံးမှာတည်ရှိတဲ့စီမံကိန်း ဖြစ်ပါတယ်၊စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့
ဖြိုးတိုးတက်မှုတွေ ပိုမို ခိုင်မာလာစေဖို့အတွက်ဆိုရင် IDR ဟာ ဒီစီမံကိန်းမှာ ဘက်ပေါင်းစုံက
လာရောက်ရင်းနှီးမြှုပ်နှံမယ့် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာတွန်းအားတွေအတွက် စိတ် ၀င်စားခြင်းခံနေ
ရတဲ့ အချက်အချာ နေရာ ဖြစ်ပါတယ်၊ ဒါ့အပြင် မြေရာဝယ်လို အားမြင့်မားမှုနဲ့ စင်ကာပူဒေါ်
လာဈေးနှုန်းမြင့်တက်မှုတွေက စင်ကာပူ နိုင်ငံက လုပ်ငန်းရှင်တွေရဲ့ IDR မှာ အိမ်ခြံမြေနဲ့ပတ်
သက်တဲ့ ရင်းနှီးမြှုပ်နှံမှုကို ပိုပြီး တိုးလာစေပါတယ်၊ ဟာ ဆိုရင် စင်ကာပူနိုင်ငံအတွက် အနီး
ဆုံးမှာတည်ရှိတဲ့အတွက် စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်တွေအတွက် နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှုတွေကို ပြုလုပ်နိုင်တဲ့အပြင် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာအကျိုးအမြတ်ပြန်လည် ရရှိမှုအရရော
Second Home အတွက် ပါ ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံလာကြပါ တယ်"ဟု ၎င်းက
ပြောကြားခဲ့သည်။
"စင်ကာပူနိုင်ငံအစိုးရနဲ့ မလေးရှား နိုင်ငံ အစိုးရတို့ရဲ့ စဉ်ဆက်မပြတ်ကူညီ ဆောင်ရွက်ပေးခဲ့မှု
ကြောင့် IDR ဟာ အခုအချိန်မှာဆိုရင် မလေးရှားနိုင်ငံ ရဲ့ထင်ရှားတဲ့ မြို့ပြအင်္ဂါရပ်အများ အပြား
တစ်စုတစ်ဝေးတည်းတည်ရှိတဲ့ စီမံ ကိန်းကြီးတစ်ခုအဖြစ် တည်ရှိလာမှာ ဖြစ်တဲ့အပြင် ရင်းနှီးမြှုပ်နှံ
မှုအတွက်ပထမဦးစားပေးရွေးချယ်လာတဲ့နေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်"ဟုလည်း
၎င်းကပြောသည်။
















