တောင်ဥက္ကလာပတွင် စိုင်းခွန်နောင် ရုံးခန်းဖွင့်လှစ်

တောင်ဥက္ကလာပတွင် စိုင်းခွန်နောင် ရုံးခန်းဖွင့်လှစ်

စိုင်းခွန်နောင်အိမ်ခြံမြေနှင့် ဥပဒေ အကြံပေးလုပ်ငန်းက စိုင်းခွန်နောင်ကုမ္ပဏီ၏ တတိယမြောက်
အိမ်ခြံမြေရုံးခန်းကို အမှတ် (၁၂၃၅)၊ သစ္စာလမ်းနှင့် သုမင်္ဂလာလမ်းထောင့်၊ တောင်ဥက္ကလာပမြို့
နယ်တွင် စက်တင်ဘာ ၁ ရက်နေ့၌ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

"အခု ဖွင့်လှစ်လိုက်တာက တတိယမြောက် ရုံးခန်းပါ၊ ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့မူလ
ရုံးခန်းတွေ ဖွင့်လှစ်ခဲ့တဲ့ ရည်ရွယ်ချက်အတိုင်းပါပဲ၊ အိမ်ခြံမြေ ၀န်ဆောင်မှု ရယ်၊ အိမ်ခြံမြေနဲ့ ပတ်
သက်တဲ့ဥပဒေရှေ့နေရှေ့ရပ်လုပ်ငန်းတွေ၊ အကြံပေးလုပ်ငန်းတွေ၊ ဆောက်လုပ် ရေးနဲ့ အိမ်တွင်း
အလှဆင်လုပ်ငန်းတွေအတွက် အိမ်ခြံမြေဝန်ဆောင်မှုတွေကို အဓိကလုပ်ဆောင်သွားမှာ ဖြစ်ပါ
တယ်"ဟု စိုင်းခွန်နောင်အိမ်ခြံမြေနှင့် ဥပဒေ အကြံပေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ
ဦးရန်အောင်က ပြောသည်။

"အဓိက အချက်တစ်ချက်ကလည်း တောင်ဥက္ကလာပမှာ လုံးချင်းနဲ့ ပတ်သက်တဲ့ မြေကွက်တွေ
ကလည်းတကယ်ကို ဖွံ့ဖြိုးတိုးတက်လာတယ်၊ အရောင်းအဝယ်လည်း တော်တော်လေးကောင်း
ပြီး ဈေးကွက်လည်းကျယ်ပြန့်လာတယ်၊ ရန်ကုန်မြို့မှာဆိုရင်အချက်အချာကျတဲ့နေရာ ဖြစ်တယ်၊
အိမ်ရာစီမံကိန်းတွေများတယ်၊ ဆိတ် ငြိမ် ရပ်ကွက်တစ်ခုဖြစ်တဲ့ ရွှေ တောင်ကြားလိုနေရာမျိုးကို
ယှဉ်ပြီး တော့ ဒီမြို့နယ်ထဲမှာ ငွေကြာယံကို သတ်မှတ်ထားတယ်၊ ဒါမျိုးတွေက တောင်ဥက္ကလာ
မှာပဲရှိတာ၊ တောင်ဥက္ကလာပမြို့နယ်ရဲ့ အိမ်ခြံမြေ ဖွံ့ဖြိုး တိုးတက်လာတဲ့အပေါ် မူတည်ပြီးတော့
လုပ်ငန်းတွေ ဖြန့်ကျက်ချင်တာပါ"ဟု လည်း ဦးရန်အောင်က ရှင်းပြခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်