မြန်မာနိုင်ငံတွင် ထိုင်းဘိလပ်မြေ စက်ရုံ တည်ဆောက်မည်

မြန်မာနိုင်ငံတွင် ထိုင်းဘိလပ်မြေ စက်ရုံ တည်ဆောက်မည်

မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံလာရောက်တည်ဆောက်မည့် အာဆီယံ၏ ရှေ့ဆောင်စီးပွားရေး
လုပ်ငန်းပေါင်းစု ကော်ပိုရေးရှင်း SCG ကုမ္ပဏီက ပထမဦးဆုံးသော ဘိလပ်မြေစက်ရုံ အပါအဝင်
ပူးတွဲစက်ရုံများတည် ဆောက်ရန်အတွက် ထိုင်းဘတ်ငွေသန်းပေါင်း ၁၂,၄၀၀ ခန့်ရင်းနှီးမြှုပ်နှံ
မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဘိလပ်မြေတန် ၁ ဒသမ ၈ သန်းထုတ်လုပ် သွားမည်ဖြစ်ကြောင်း
ထိုင်းနိုင်ငံအခြေစိုက် SCG ကုမ္ပဏီက ဩဂုတ်လ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

"ကျွန်တော်တို့ SCG ကုမ္ပဏီက ဒါရိုက်တာ ဘုတ်အဖွဲ့တွေနဲ့အတူ မြန်မာနိုင်ငံမှာ ဘိလပ်မြေ
စက်ရုံ တည်ဆောက်ဖို့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံရေးဥပဒေနဲ့အညီ ထိုင်းဘတ်ငွေသန်းပေါင်း
၁၂,၄၀၀ ပမာဏ ကို ရင်းနှီးမြှုပ်နှံဖို့ သဘောတူခဲ့ကြပါတယ်။ နောက်ပြီး စက်ရုံကနေ ဘိလပ်မြေ
တွေ စတင်ထုတ်လုပ်မှုကိုတော့ ၂၀၁၆ ခုနှစ် နှစ်လယ်လောက် မှာ စတင်နိုင်မယ်လို့ ကျွန်တော်
တို့ မျှော်မှန်းထားပါတယ်။ ဒီဘိလပ်မြေ တန် ၁ ဒသမ ၈ သန်းထုတ်လုပ်မယ့် စက်ရုံကိုလည်း
ရေရှည်ထုံးကျောက်ရရှိနိုင် မယ့် မော်လမြိုင်မြို့မှာတည်ဆောက်သွားမှာဖြစ်လို့ မြန်မာနိုင်ငံရဲ့
အဓိက ကုန်သွယ်ရေးဗဟိုမြို့ဖြစ်တဲ့ ရန်ကုန်ကိုလည်း ရေလမ်းကနေ လွယ်လွယ်တင်ပို့ရောင်းချ
သွားနိုင်မှာပါ" SCG ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ မစ္စတာ ကမ်ထရာကူဟွန်းက
ပြောသည်။

အဆိုပါ ဘိလပ်မြေစက်ရုံ တည်ဆောက်မှုတွင် တန် ၁ ဒသမ ၈ သန်း ထွက်ရှိမည့် ဘိလပ်မြေ
စက်ရုံ အပြင် ပြည်တွင်းအတွက် လိုအပ်သော စွမ်းအင်၊ ဆိပ်ကမ်းအတွက် အထောက် အကူပြု
ပစ္စည်းများနှင့် အနာဂတ် တိုးချဲ့မည့် အခြေခံအဆောက်အအုံ များ ထုတ်လုပ်ရန်အတွက်အထောက်
အပံ့ဖြစ်စေမည့် နောက်ဆုံးပေါ်အသန့်စင်ဆုံး နည်းပညာသုံး လျှပ်စစ်စွမ်းအင် ၄၀ မဂ္ဂါ၀ပ်ထုတ်
လုပ်ပေး သော စက်ရုံလည်း ပါ၀င်မည်ဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက် တွင်
ပါ၀င်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ဘိလပ်မြေသုံးစွဲမှုသည် ၂၀၁၁၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန်ပေါင်း လေးသန်း
ခန့်ရှိခဲ့ကြောင်းနှင့် လာမည့်ငါးနှစ်အတွင်း နှစ်စဉ် ဆယ်ရာခိုင်နှုန်းအထိ တိုးတက်လာစေရန် မျှော်
မှန်းထားကြောင်းလည်း ၎င်းကပြောသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံ လာရောက်တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်
သည် မြန်မာ နိုင်ငံတွင် ဘိလပ်မြေသုံးဆောက်လုပ် ရေးပစ္စည်းလုပ်ငန်းများ တိုးတက်မှု အား
ပံ့ပိုးပေးနိုင်ရန်အတွက် အဓိက ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း မစ္စတာကမ်က ပြောကြားသည်။

"ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ကမ္ဘောဒီယား၊ အင်ဒိုနီးရှား တို့မှာ လည်း ဘိလပ်မြေစက်ရုံတည်
ဆောက်ဖို့ စီစဉ်ပြီးတဲ့ နောက်ပိုင်းမှာ မြန်မာ နိုင်ငံကိုလည်း လာရောက် တည်ဆောက် မယ်ဆိုပြီး
ဆုံးဖြတ်ခဲ့တာပါ" ဟု ၎င်းကပြောသည်။

အဆိုပါ ဘိလပ်မြေစက်ရုံအပြင် နောက်ဆုံးပေါ် အသန့်စင်ဆုံး နည်း ပညာသုံး လျှပ်စစ်စွမ်းအင်
၄၀ မဂ္ဂါ၀ပ် ထုတ်လုပ်ပေးသောစက်ရုံ၊ ဆိပ်ကမ်းအထောက်အကူပြု ပစ္စည်းများနှင့် အနာဂတ်
အခြေခံ အဆောက်အအုံ များအတွက် ပစ္စည်းများထုတ်လုပ်ရာ တွင် လျှပ်စစ်သုံးစွဲမှုကို သက်သာ
စေ သော ၉ မဂ္ဂါ၀ပ် Waste-heat Generator ကို အသုံးပြုသွားမည်ဖြစ် ကြောင်းလည်း ၎င်းက
ဆက်လက်ပြော ကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်