မြန်မာနိုင်ငံရှိ အိမ်ခြံမြေဈေးနှုန်းများ အား အစိုးရအနေဖြင့် ဈေးနှုန်းသင့်တင့်အောင် သတ်မှတ်ပေး
မည်ဟူသော အိမ်ခြံမြေလောကအတွင်းရှိ သတင်းစကားများကြောင့် ရန်ကုန်မြို့ တွင်းရှိ မြို့နယ်
များအားလုံးနီးပါး၌ အိမ်ခြံမြေ အရောင်းအဝယ်များ ထက်ဝက်ခန့် လျော့ကျသွားကြောင်း အိမ်ခြံ
မြေအကျိုးဆောင်များက စက်တင်ဘာ ပထမပတ်တွင်ပြောသည်။
"အစိုးရက ဈေးနှုန်းသတ်မှတ်ပေးမယ်ဆိုတော့ အိမ်ခြံမြေအရောင်းအဝယ်တွေ တော်တော်ပါးသွား
တယ်။ ငါးဆယ်ရာခိုင်နှုန်းလောက်ကိုနည်းသွားတယ်။ ကျွန်တော့် အထင်တော့ အားလုံးကစောင့်
ကြည့်နေကြတယ် ထင်ပါတယ်။ လောလောဆယ်အခြေအနေကို သေချာမသိနိုင်သေးတော့
အရင်တုန်းကလို တစ်နေရာဆို တစ်နေရာ စုပြံုပြီးမဝယ်ကြတော့ဘူး။ အဲဒါကြောင့် အိမ်ခြံမြေဈေး
ကွက်ထဲမှာ အရောင်းအဝယ်လုပ်ငန်းတွေက ပါးသွားတာပါ" ဟု မြပန်းသခင်အိမ်ခြံမြေအကျိုးဆောင်
လုပ်ငန်းမှ ကိုမင်းမင်းစိုးက ပြောသည်။
အဆိုပါအိမ်ခြံမြေ ၀ယ်ရောင်းလုပ်ငန်းများမှာ ရန်ကုန်တစ်မြို့လုံးနီးပါး အရောင်းအဝယ် အေးလျက်
ရှိပြီး မြောက်ဒဂုံနှင့် ဒလမြို့များတွင်မှု မြေဈေးနှုန်းများအနည်းငယ်ကျဆင်းမှုရှိကြောင်း အိမ်ခြံမြေ
အကျိုးဆောင် လုပ်ငန်းများက ပြောသည်။
"အခုတစ်လော ကျွန်မတို့ဆီမှာ အိမ်အငှားလောက်ပဲ လုပ်ငန်းရှိတယ်။ ၀ယ်ရောင်းတွေက တော်
တော်ပါး သွားတယ်။ မရှိသလောက်ကို ရှားသွားတယ်။ အဲဒီလိုဖြစ်သွားတာက တော့ အခွန်ဆောင်
ရမယ့်ဆိုတဲ့ ကိစ္စတွေ၊ အစိုးရကအိမ်ဈေး မြေဈေးတွေ သတ်မှတ်သွားမယ်ဆိုတဲ့ ကိစ္စတွေကြောင့်
ထင်မိပါတယ်" ဟု မိုးမြင့်သော်တာ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ မမြတ်သူက ပြောသည်။
ထို့ပြင် မြောက်ဒဂုံမြို့နယ်အတွင်း ရှိ မြေဈေးနှုန်းများမှာလည်း လွန်ခဲ့သည့် ၁၅ ရက်အတွင်း ကျပ်
သိန်း နှစ်ဆယ်ခန့် ကျဆင်းခဲ့ပြီး အဆိုပါကျဆင်းမှုသည် လွန်ခဲ့သည့်လပိုင်းခန့်၌ မြေဈေးနှုန်းများ အဆမတန်မြင့်တက်မှုများကြောင့် ပြန်လည်ကျဆင်းခြင်းဖြစ် ကြောင်း ရွှေရည်စံ အိမ်ခြံမြေအကျိုး
ဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ မဇင်မျိုးနိုင်က ပြောသည်။
"ပြီးခဲ့တဲ့လတွေက မြောက်ဒဂုံ မြို့နယ်က မြေဈေးတွေက မဖြစ်နိုင်တဲ့ဈေးတွေအထိကို မြင့်တက်
ခဲ့တယ်။ အဲဒီလိုအဆမတန်ဈေးတွေ မြင့်တက်တော့ ကြာတော့ အဆင်မပြေနိုင်ဘူး။ အဲဒါကြောင့်
အခုနည်းနည်းပြန်ကျ လာတာဖြစ်မှာပါ။ ပေလေးဆယ် ခြောက်ဆယ်မြေကို ကျပ်သိန်းတစ်ရာဝန်း
ကျင်လောက်တန်ရင် ကျပ်သိန်း ရ၀ ၀န်းကျင် လောက်ကို ပြန်ကျသွားတယ်။
အရင်က အဲဒီမြေဈေးတွေက ကျပ် သိန်းလေးဆယ်လောက်နေ တက်လာ တဲ့ ဈေးတွေ။
ကျတော့ပြန်ကျလာတယ် ဒါပေမဲ့ မူလဈေးနှုန်းကိုတော့ ပြန်မရောက်သေးဘူးပေါ့နော်။ နောက်ပြီး
အစိုးရကလည်းဈေးတွေ သတ်မှတ်ပေး မယ်ဆိုရင်တော့ ဈေးတွေက အရမ်းကြီး မလှုပ်တော့ဘူး။
အရောင်းအဝယ်လည်း ငြိမ်သွားတယ်"ဟု ၎င်းကပြောသည်။
လွန်ခဲ့သည့် နှစ်လခန့်က မြောက် ဒဂုံမြို့နယ်အတွင်းရှိ မြေဈေးနှုန်း များ မြင့်တက်နှုန်းသည်
တစ်ရက်လျှင် ကျပ်နှစ်သိန်းခွဲခန့်ထိ မြင့်တက်မှုများ ရှိခဲ့ကြောင်း ကိုမင်းမင်းစိုးကပြောသည်။
"ပြီးခဲ့တဲ့ လပိုင်းတွေက ရန်ကုန်မြို့ က အိမ်ခြံမြေတွေ ဈေးမြောက်တဲ့အချိန် မှာ မြောက်ဒဂုံမြို့နယ်
က အတက် ဆုံးပဲ။ ဥပမာပြောရရင် ပေလေးဆယ် ခြောက်ဆယ် မြေကွက်တွေက ဒီနေ့ သိန်းခုနစ်
ဆယ်ဈေးပေါက်တယ်ဆိုရင် နောက်နေ့ သိန်းတစ်ရာနီးပါးတက်သွား တယ်။ တစ်ရက်တစ်ရက်ဈေး
တက်နှုန်း က ကျပ်နှစ်သိန်းခွဲလောက်ရှိတယ်။ အဲဒါကြောင့်လည်း အစိုးရက ဈေးတွေ သတ်မှတ်
ပေးတာထင်တယ်။ အဲလိုလုပ် တာလည်းကောင်းပါတယ်။ အောက်ခြေ လူတန်းစားတွေအတွက်
အရမ်းကို ကောင်းပါတယ်"ဟု ၎င်းကပြောသည်။
ထို့ပြင် ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ ဒလမြို့နယ်အတွင်း၌လည်း မြစ်ကူး တံတား စီမံကိန်း
လတ်တလောအကောင်အထည်ဖော်ဆောင်မှု မရှိသေးသည့်အခြေအနေများကြောင့် အိမ်ခြံမြေ
အရောင်းအဝယ်လုပ်လိုသူ များ လျော့နည်းလာကြောင်းလည်း ၎င်းက ပြောသည်။















