၂၀၁၃ ခုနှစ် ဒုတိယသုံးလပတ်အတွင်း ရှန်ဟိုင်းအဆင့်မြင့် လူနေအိမ်ရာ ဈေးကွက်၏ ရောင်းအား
ပမာဏ သိသိသာသာ မြင့်တက်ခဲ့သော်လည်း ဈေးနှုန်းများ၌ သိသာထင်ရှားသော တိုးတက်မှုမရှိ
ကြောင်း တွေ့ရသည်။
၂၀၁၃ ဒုတိယသုံးလပတ်အတွင်း အရောင်းအဝယ်နှုန်းထားများမှာ သုံးလပတ်အလိုက်အားဖြင့်
၃၉ ဒသမ ၆ ရာခိုင်နှုန်းနှင့် နှစ်အလိုက်အားဖြင့် ၁၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း
အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီကြီး Knight Frank ၏ ရှန်ဟိုင်း ဈေးကွက်အတွက် ယခုနောက်
ဆုံး ထုတ်ပြန်ခဲ့သော အဆင့်မြင့်လူနေအိမ်ရာဈေးကွက် အစီရင်ခံစာအရ သိရသည်။
ဒုတိယသုံးလပတ်အတွင်း ရောင်းအားနှုန်းထားများ မြင့်တက်မှုရှိခဲ့သော်လည်း ပထမသုံးလပတ်နှင့်
နှိုင်းယှဉ်မှုအရ ဈေးနှုန်းတိုးတက်မှုမှာ နှေးကွေးနေကြောင်း သိရသည်။ "ဒီနှစ် ဒုတိယသုံးလပတ်
အတွင်းမှာ အစိုးရရဲ့ အိမ်ရာဆိုင်ရာ စည်းမျဉ်း စည်းကမ်းပြဋ္ဌာန်းမှုတွေ မရှိဘူး။ နောက်ပြီး တခြား
အစိုးရမူဝါဒတွေနဲ့ပတ်သက်ပြီး နောက်ထပ် အသေးစိတ် အချက်အလက်တွေကို စောင့်ကြည့်
နေရတုန်းပါပဲ။ ဒါကြောင့် ပြီးခဲ့တဲ့သုံးလအတွင်း အစိုးရစည်းမျဉ်းစည်းကမ်းတွေရဲ့ အိမ်ရာဈေးကွက်
အပေါ် အကျိုးသက်ရောက်မှုဟာ အတော်လေးနည်းပါးခဲ့တာကို တွေ့ရပါတယ်"ဟု
Knight Frank ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့ရာတွင် မကြာသေးမီက ကျင်းပ ခဲ့သော ပြည်နယ်ကောင်စီအုပ်ချုပ်ရေးအစည်းအဝေးကြီးအရ
အိမ်ရာ ဆိုင်ရာ မူဝါဒအသစ်သည် ပထမအိမ်ရာ ၀ယ်သူများအတွက် ဘဏ်ချေးငွေ ဆိုင်ရာ
လိုအပ်ချက်များကို အထောက်အကူပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆင့်မြင့်အိမ်ရာအငှားဈေးကွက် တွင် ယခုနှစ်ဒုတိယသုံးလပတ်အတွင်း သုည ဒသမ ၄
ရာခိုင်နှုန်းဖြင့် ငှားရမ်းမှု များတွင် အနည်းငယ်တိုးတက်မှုရှိခဲ့သည်။ ငှားရမ်းမှုပမာဏ တွင်လည်း
Lujiazui ရှိ ၀န်ဆောင်မှု ပါ လူနေတိုက်ခန်းများဖြစ်သော Mandarin Oriental ဖွင့်လှစ်ခြင်းနှင့်
အတူ ဈေးကွက်အတွင်း ၀န်ဆောင် မှုပါ တိုက်ခန်းအသစ် ၁၂၀ ၀င်ရောက် လာမည်ဖြစ်သည်။
နိုင်ငံတကာကျောင်းများအတွက် ကျောင်းအပ်နှံမှုကာလရောက်ရှိတော့မည့်အချိန်တွင် နိုင်ငံခြား
သား ၀န်ထမ်းများက ၎င်းတို့၏ သားသမီး များအား အဆိုပါကျောင်းများတွင် ကျောင်းအပ်နှံခွင့်ရ
ရှိရန်အတွက် နေစရာအိမ်များကို စတင်ရှာဖွေနေကြသည်။ ထို့ကြောင့် ဒုတိယသုံးလပတ်အတွင်း
၀ယ်လိုအားများမြင့်တက်ခဲ့ ရာမှ အဆင့်မြင့်လူနေအိမ်ရာဈေးကွက် အတွင်း အခန်းလွတ်နှုန်းထား
များမှာ ၄ ဒသမ ၁ ရာခိုင်နှုန်း၊ သုံးလပတ်အလိုက် ကျဆင်းမှုအမှတ် သုည ဒသမ ၅ ရာခိုင် နှုန်းဖြင့်
ကျဆင်းခဲ့သည်။
ရောင်းအားဘက်တွင် ယခုနှစ် ဒုတိယသုံးလပတ်အတွင်း၌ အဆင့်မြင့် လူနေအိမ်ရာများအတွက်
ရောင်းချ မှုအသစ်များမှာ စတုရန်းမီတာ၂၈၀,၀၀၀ ဖြင့် သုံးလပတ်အလိုက် ၄ ဒသမ ၃ ရာခိုင်နှုန်း
မြင့်တက်ခဲ့သည်။
အထူးသဖြင့် မြို့ပြဒေသလူနေတိုက် ခန်းများအတွက် ရောင်းချမှုမှာ စတုရန်းမီတာ ၈၀,၀၀၀ အထိ
ရောက်ရှိ ခဲ့သည်ကို တွေ့ရသည်။ ဒုတိယသုံးလပတ်အတွင်း အဆင့်မြင့် လူနေအိမ်ရာဈေးကွက်၏
အရောင်းအဝယ်ဖြစ်မှုပမာဏမှာ စတုရန်းမီတာ ၁၄၈,၀၀၀ အထိ ရောက်ရှိခဲ့ပြီး ယင်းပမာဏမှာ
ယခုနှစ်အတွက် မြင့် တက်မှုနှုန်းထားအသစ်ဖြစ်ပြီး သုံးလ ပတ်အလိုက်အားဖြင့် ၃၉ ဒသမ ၆
ရာခိုင်နှုန်းနှင့် နှစ်အလိုက်အားဖြင့် ၁၂ ဒသမ ၉ ရာခိုင်နှုန်းတို့ဖြင့် အသီးသီး ရရှိခဲ့သည်။
(ပရောပါးတီးဝိုင်ယာ)















