ဒီတစ်ပတ်မှာတော့ အဆင့်မြင့်မြင့်နဲ့ နေ ချင်သူတွေအတွက် လုံးချင်းအိမ်ကလေး တွေ မဟုတ်ဘဲ
စမ်းချောင်းမြို့နယ် မကြီးကြီးလမ်းမှာရှိတဲ့ မိုးမြင့်စံကွန်ဒို လေးကို မိတ်ဆက်ဖော်ပြပေးလိုက်ပါတယ်။
သွားရေးလာရေးလွယ်ကူပြီး ကားလမ်း အဆင်ပြေတဲ့နေရာမှာရှိ တဲ့ ကွန်ဒိုကလေးဖြစ်တဲ့အတွက်
ကြောင့် နေထိုင်သူတွေအတွက် စိတ်တိုင်းကျဖြစ်စေမယ့် ကွန်ဒိုလို့ ထင်ပါတယ်။ ဒီကွန်ဒိုရှိတဲ့
အနီးအနားမှာလည်း ရပ်ကွက်ဈေးတွေလည်း ရှိတဲ့အပြင် မြေနီ ကုန်းနဲ့ အနီးအနားမှာ ရှိလို့ ဈေးဝယ်
လွယ်ကူတဲ့ နေရာကောင်းကလေးတစ်ခု ပါ။
စမ်းချောင်းမြို့နယ် အတွင်းဘက် က တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ကလေးမှာ ရှိလို့ အေးအေးချမ်း
ချမ်းနေလိုသူ မိသားစုတွေအတွက် သင့်တော်တဲ့ နေရာတစ်ခုလို့လည်း ထင်ပါတယ်။ အငှားသီး
သန့်ပဲ ဈေးဖွင့်လှစ်ထားတဲ့ ဒီကွန်ဒိုကလေးက စုစုပေါင်း စတုရန်း ပေ ၂,၁၀၀ ကျယ်ဝန်းပါတယ်။
စာရေးသူ ကြည့်ရှုခဲ့တဲ့ ကွန်ဒိုကတော့ ဒုတိယထပ် မှာ တည်ရှိပြီး အိမ်ရဲ့ တံခါးမကိုတော့ စတီး
တံခါးကြီးတွေနဲ့ အရင်ဆုံးပြုလုပ် ထားပြီးတော့ နောက်ထပ်သစ်သားတံခါး တစ်ခုနဲ့ ထပ်ပြီးတော့
ပိတ်ထားပေးပါ သေးတယ်။ ကွန်ဒို ၀င်ဝင်ချင်းမှာတော့ အတော်အသင့် ကျယ်ဝန်းတဲ့ ဧည့်ခန်းကို
အရင်ဆုံးတွေ့ရမှာဖြစ်ပါတယ်။
ပြီး တော့ လျှောက်လမ်းကလေးကနေ ၀င် သွားလိုက်မယ်ဆိုရင်တော့ ရိုးရိုး အိပ်ခန်း နှစ်ခန်းနဲ့
ရေချိုးခန်း အိမ်သာ တွဲလျက်ပါတဲ့ အိပ်ခန်းနှစ်ခန်းကို တစ်ဖက်တစ်ချက်စီမှာ အခန်းကလေး တွေ
ဖွဲ့ပေးထားပါတယ်။ ဒီအနီးအနား မှာပဲ ရေချိုးခန်းသတ်သတ် အိမ်သာ သတ်သတ်ခွဲပေးထားတာ
ကိုလည်း သတိပြုမိခဲ့ပါတယ်။
ကွန်ဒိုရဲ့ နောက်ဆုံးဘက်မှာတော့ မီးဖိုချောင်နဲ့ ထမင်းစားခန်းကို သတ်သတ်စီ ဖွဲ့ပေးထားတာကို
တွေ့ခဲ့ ရပါတယ်။ နောက်ဖေး မီးဖိုချောင် ကို အဆင့်မြင့်ပြင်ပေးထားပြီး ပစ္စည်း အပြည့်အစုံပါ၀င်
တဲ့အတွက် ငှားရမ်း သူတွေအတွက် အဆင်ပြေနိုင်မယ့် အိမ်ကလေးလို့ ထင်ပါတယ်။
ဒီကွန်ဒိုကလေးကို အဆင့်မြင့် ပြင်ဆင်ပေးထားတဲ့အပြင် အခန်း ပတ်ပတ်လည်မှာ ပြတင်းပေါက်
တွေ ကို များများစားစား ပြုလုပ်ပေးထား တဲ့အတွက် သဘာဝ အလင်းရောင် ကောင်းကောင်းရ
တာကိုလည်း တွေ့ခဲ့ရပါတယ်။ ကြမ်းခင်းတွေကို ကျွန်းပါကေး ခင်းပေးထားပြီး စုစုပေါင်း လေအေး
ပေးစက် လေးလုံးပါ၀င်မှာဖြစ်ပါတယ်။
ကွန်ဒိုမှာပါ၀င်တဲ့ ပြတင်းပေါက် တွေကိုလည်း အဆင့်မြင့် ခန်းဆီး လိုက်ကာကလေးတွေနဲ့ အလှ
ဆင် ပေးထားပါသေးတယ်။ ဒီကွန်ဒိုကလေးက အရမ်းကြီး မကျယ်ဝန်းပေမယ့် မိသားစုတွေ ကိုယ်
ပိုင်သီးသန့်အခန်းနဲ့ နေထိုင်နိုင် ပြီး အဆင့်မြင့်မြင့်နေနိုင်တဲ့ ကွန်ဒို လေးလို့ ထင်ပါတယ်။
ဒီကွန်ဒိုလေး မှာ ပရိဘောဂများများစားစား မပါ၀င် ပေမယ့် လိုအပ်တဲ့ ပရိဘောဂလေးတွေ ကို
တော့ ထည့်ပေးထားတဲ့အပြင် အဆင့်မြင့် ပြင်ပြီးဆင်ပြီးဖြစ်လို့ ငှားရမ်းသူတွေ ချက်ချင်းတက်
နေနိုင် ဖို့ အဆင်ပြေတဲ့ ကွန်ဒိုအခန်းလေးဖြစ် ပါတယ်။ ရေမီးအပြည့်အစုံ ပါ၀င်ပါ တယ်။
ဒီကွန်ဒိုလေးကို စိတ်ဝင်စားလို့ ငှားချင်သူတွေအတွက် Estate Myanmar အကျိုးဆောင်
ကုမ္ပဏီထံ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
တည်နေရာ - မကြီးကြီးလမ်း၊ စမ်းချောင်းမြို့နယ်။
ဈေးနှုန်း - ကျပ် ၂၅ သိန်း(အငှား)။ ဖုန်း - ၀၁ ၅၁၂၀၂၉၊ ၀၁ ရ၀၁၀၆၂။
ဆက်သွယ်ရန် - Estate Myanmar Co.,Ltd.
















