ဂျပန်နိုင်ငံဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေ (JFPR) က မြန်မာနိုင်ငံရှိ
လမ်းမကွန် ရက်များ အကဲဖြတ်ရန်နှင့် ပြုပြင်ရန်အတွက် နည်းပညာအကူအညီပေးမည်ဖြစ်ရာ
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ စီမံခန့်ခွဲမှုဖြင့်နိုင်ငံတော်
အစိုးရက အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း သုံးစွဲသွားမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်
က စက်တင်ဘာ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ကူညီမှုတွင် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) က စီမံခန့်ခွဲသွားမည်ဖြစ်ရာ လမ်းမကွန်ရက်
များ၏ အခြေ အနေအား သုံးသပ်မှုများ လုပ်ဆောင် ခြင်း၊ ပြုပြင်ထိန်းသိမ်းရမည့်လမ်းများ အား
ဦးစားပေးသတ်မှတ်ခြင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်စပ်သည့် အဆောက်အအုံများအား အသေးစိတ်
စာရင်းပြုစုခြင်း စသည်တို့ အဓိက လုပ်ဆောင်သွားမည်ဖြစ်သည်။
"အခုလက်ရှိ မြန်မာနိုင်ငံရဲ့ လူဦး ရေ ၁,၀၀၀ အတွက် လမ်းအရှည် နှစ်ကီလိုမီတာစီ ရှိပေမယ့်လမ်း
အများစုကလည်း သိပ်မကောင်း ဘူး။ ကျေးလက်ဒေသဈေးနဲ့ မြို့ပြတွေရဲ့ ကုန်လမ်းဆက်သွယ်မှုကို
ကောင်းမွန်အောင် ပြုလုပ်မယ်ဆိုရင် အခွင့်အလမ်းတွေ ပွင်းလင်းလာပြီး ပြည်သူတွေအတွက်
အလျင်အမြန် အကျိုးရှိစေမှာပါ" ဟု မြန်မာနိုင်ငံ ဆိုင်ရာ အာရှဖွံ့ဖြိုးရေးဘဏ်မှ အကြီး အကဲဖြစ်သူ
မစ္စတာ ပုတုကမာရာနာ က သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားသည်။
အဆိုပါ နည်းပညာအထောက်အပံ့သည် ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် ၎င်း၏ ပြည်သူ့ဆောက်
လုပ် ရေး လုပ်ငန်းဌာနများအား ပံ့ပိုးသွား မည်ဖြစ်ပြီး ကုန်းလမ်းနှင့်ဆိုင် သည့် အဆောက်အအုံများ
ဥပမာ ပလက်ဖောင်းများ၊ တံတားများ၊ လူသွားစင်္ကြံများ သို့မဟုတ် ရေနုတ်မြောင်း ဖွဲ့စည်းတည်
ဆောက်မှုများ အတွက် အသေးစိတ်စာရင်းပြုစုသွား မည်ဖြစ်သည်။
ထို့ပြင် လမ်းများအကဲဖြတ်သည့်လုပ်ငန်း၊ လမ်းပြုပြင်ထိန်းသိမ်းရန် ဦးစားပေးသည့်လုပ်ငန်း၊ အနာ
ဂတ် တွင် လမ်းများပြုပြင်ထိန်းသိမ်းရန်အတွက် ငွေကြေးထောက်ပံ့ပေးနိုင်မည့်နည်းလမ်းများရှာ
ဖွေခြင်းဆိုင်ရာ လုပ်ဆောင်မှုများ တိုးတက်စေရန် အတွက်လည်း အဆိုပါအထောက်အပံ့ငွေအား
သုံးစွဲမည်ဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားသည်။
မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍအား နိုင်ငံတော်အစိုးရ၏ရန်ပုံငွေဖြင့် အဓိက သုံးစွဲလျက်ရှိသည်မှာ
၁၉၉၀ ပြည့်နှစ်များမှ စတင်ခဲ့ပြီး ယင်းသို့ ဆောင်ရွက်မှုများနှင့် ပြုပြင်ထိန်းသိမ်းမှုများအတွက် သုံးစွဲ
မှုမှာအလွန်းနည်းပါးသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အားထားနိုင်သည့် လုံလောက်သော
့ဆောင်ရေး ဆက်သွယ်မှုမှာနည်းပါးခဲ့ရသောကြောင့် နိုင်ငံတော်အနေနှင့် စီးပွားရေးဖွံ့ဖြိုးမှုမှာ
အလွန်နှောင့် နှေးခဲ့ရကြောင်း အာရှဖွ့ံဖြိုးရေးဘဏ်က သုံးသပ်ပြောကြားခဲ့သည်။
ယခုကဲ့သို့ မြန်မာနိုင်ငံ၏ တည်ဆဲလမ်းမများအား အသေးစိတ်စာရင်း ပြုစုခြင်း၊ အကဲဖြတ်ခြင်းနှင့်
မြို့ပြလုပ် ငန်းများအား ဦးစားသတ်မှတ်ခြင်းတို့သည် မြန်မာနိုင်ငံ၏ ယာဉ်ကြောပိတ်ဆို့မှုလျော့ကျ
မှုအား အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း မစ္စတာ ပုတုကမာရာနာက ပြောသည်။
"ကျွန်တော်တို့ ထောက်ပံ့သွားမယ့် နည်းပညာအကူအညီအတွက် အမေရိ 'ကန်'ဒေါ်လာ ၁ ဒသမ
၃ သန်းကိုတော့ လာမယ့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ ပေးအပ်သွားဖို့ ရှိပါတယ်။အဲဒီအထောက်
အပံ့နဲ့ မြန်မာနိုင်ငံက အဆောက်အအုံ တွေကို အသေးစိတ်စာရင်းပြုစုတာတို့၊ ထိန်းသိမ်းဖို့လိုအပ်
တဲ့ လမ်းနဲ့ လုံးဝ ပြုပြင်ရမယ့်လမ်းတွေကို သတ်မှတ်ဖို့ အတွက် လေ့လာမှုတွေနဲ့ ပြုပြင်ထိန်းသိမ်း
ဖို့လိုအပ်တဲ့ဦးစားပေးလမ်းတွေကို အကဲ ဖြတ်သုံးသပ်မှု စတာတွေကို ဆောင်ရွက် သွားမှာပါ" ဟု
အာရှဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ တွင် အခြေစိုက်သော အာရှဖွံ့ဖြိုးရေး ဘဏ်သည် ၁၉၆၆ ခုနှစ်
တွင် စတင် တည်ထောင်ခဲ့ပြီး ဒေသ ၄၈ ခုမှ အဖွဲ့ဝင်ပေါင်း ၆၇ နိုင်ငံရှိသည်။
၂၀၁၂ ခုနှစ်တွင် ယင်းဘဏ်၏ တွဲဖက်ငွေကြေးပံ့ပိုးသည့်ပမာဏမှာ အမေရိကန် ဒေါ်လာ ၈ ဒသမ
၃ ဘီလျံ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၆ ဘီလျံ ထောက်ပံ့ပေးခဲ့ကြောင်း
သိရသည်။















