အိမ်ခြံမြေနှင့် အိမ်ရာဈေးကွက်တွင်အိမ်ရာနှင့် မြေဈေးများမြင့်တက်နေမှုများနှင့်ပတ်သက်၍ မည်ကဲ့
သို့ဆောင်ရွက်လျှင် ပိုမိုကောင်းမွန်မည်ဟူသောအချက်နှင့်ပတ်သက်၍ modernize city များ ဖန်
တီးတည်ဆောက်ပေးသွားနိုင်မည်ဆိုပါက ရန်ကုန်မြို့၏ ဈေးအကြီးမြင့်ဆုံးဖြစ်နေသော ရန်ကုန်
မြို့လယ်ရှိ အိမ်ခြံမြေဈေးနှုန်းများကို ကျဆင်းအောင် ဆောင်ရွက်ပေးသွား နိုင်မည်ဖြစ်သည်ဆို
သည့်ကိစ္စများကို မြန်မာတိုင်း(မ်)မှ အိမ်ခြံမြေစာတည်း ထားထားခင်က စိုင်းခွန်နောင် အိမ်ခြံမြေနှင့်
ဥပဒေနှင့်အကြံပေးလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုင်းခွန်နောင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
* ၂၀၁၃ အိမ်ခြံမြေဈေးကွက်အလားအလာ
ဘယ်လိုရှိသလဲဆိုတာကိုလည်း ပြောပြပေးပါဦး။
ကျွန်တော့်အမြင်ကတော့ ၂၀၁၃ အိမ်ခြံမြေဈေးကွက်က သိပ်ပြီး အပြောင်းအလဲများတာကို မတွေ့
ရ သေးပါဘူး၊ ၀ယ်လိုအားလည်း အေးပါ တယ်၊ ဒါပေမဲ့ ဈေးကွက်ဝယ်လို အားကို ထိခိုက်လောက်
အောင်တော့ အရောင်းအဝယ်အေးတာ မဟုတ် ပါဘူး။ သိန်းတစ်သောင်းအထက် အိမ်ခြံမြေတွေ
ကတော့ အရောင်းအဝယ်ပါးနေပြီး သိန်းတစ်သောင်း အောက်တွေကတော့ အရောင်းအဝယ် ဖြစ်
နေပါတယ်။
* စိုင်းခွန်နောင် အိမ်ခြံမြေကုမ္ပဏီ အနေနဲ့ အိမ်ခြံမြေရုံးခွဲတွေများများ
ဖွင့်လှစ်တာက အိမ်ခြံမြေလုပ်ငန်း တွေ သွက်လက်စွာ စီးဆင်းနိုင်ဖို့ အတွက်
အရေးပါတယ်လို့ ထင်ပါ လား။
ဟုတ်ပါတယ်။ အချက်တစ်ချက်က နိုင်ငံခြားကုမ္ပဏီတွေက မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်ထဲကို
၀င်လာ ပြီ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်မထားရင် အများကြီးနောက်ကျကျန်မယ့်သဘော
ရှိပါတယ်။ ဒါ ကြောင့် ကြိုပြီး ပြင်ဆင်တဲ့သဘော ပါ။ Real Estate network ပိုကျယ်လာ
အောင် လုပ်တာလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့သွားလာ ရေးတွေကလည်း traffic ဖြစ်တဲ့
အတွက် အခုလိုတောင်ဥက္ကလာပ မြို့နယ်မှာ သီးသန့်ဖွင့်လှစ်လိုက်တယ် ဆိုရင်ပဲ တောင်ဥက္ကလာ
က ခကျအသာနမ တွေအတွက် အိမ်ခြံမြေရောင်းဝယ် ခြင်းနဲ့ ပတ်သက်လို့ အဆင်ပြေမှာ
ဖြစ်ပါတယ်။
*Foreign Direct Investment (FDI) စီမံကိန်းတွေ အနီးတစ်ဝိုက်မှာ
မြေဈေးတွေက သာမန်နေရာတွေထက် ဘယ်လောက်ပိုတက်နိုင်ပါ သလဲ။
FDI နဲ့ဆက်စပ်တဲ့စီမံကိန်းတွေမှာ မြေဈေးတွေ ပိုတက်တာကတော့ သဘာဝပဲလေ။ အကြောင်းရင်း
က တော့ ခိုင်မာတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်တဲ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရှိတဲ့ စီမံကိန်းနေရာနား
တစ်ဝိုက်က ၀ယ်လိုအား သာမန်နေရာတွေထက်ပိုများတာကြောင့် ဆက်ပြီးတော့ အရောင်းအဝယ်
ဖြစ်ကြမှာပါပဲ။
* မရမ်းကုန်းမြို့နယ် တစ်ဝိုက်ဧရိယာကို second CBD ဧရိယာအဖြစ်
သတ်မှတ်ထားတယ်ဆိုတော့ ဒီနေရာတစ်ဝိုက်ရဲ့ အနာဂတ်ကာလမှာရှိမယ့်
အိမ်ခြံမြေ ၀ယ်လိုအားကိုလည်း သုံးသပ်ပေးပါဦး။
ဒုတိယမြို့တော် second CBD စီမံ ကိန်း တကယ်လုပ်ဖြစ်မယ်ဆိုရင် မရမ်းကုန်းတစ်ဝိုက်က
တကယ်ကောင်း တဲ့နေရာပါ။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် နဲ့နီး
တယ်၊ နောက်ပိုင်းဆိုရင် ဒီနေရာတွေက ိနလနူသစ ဖြစ်လာတာလည်း မြန်တယ်။ အလားအလာေ
ကာင်းတယ်ပေါ့။
* ဒါဆိုရင် မရမ်းကုန်းမြို့နယ်က second CBD စီမံကိန်းဖွံ့ဖြိုးမှုအလားအလာနဲ့အတူ အိမ်ခြံမြေဈေးတွေအကောင်းဆုံးဖြစ်လာနိုင်တယ်လို့ပြောနိုင်ပါသလား။
Downtown က လူဦးရေတဖြည်း ဖြည်းများပြီး မွန်းကျပ်လာပြီ။ ဒီတော့ မြို့နယ်မြေလွတ်မြေရိုင်း
တွေရှိပြီးစီမံကိန်းလုပ်လို့ရတဲ့ မရမ်းကုန်းဘက်မှာ ျနခသညိ ဃြီ စီမံကိန်းအရှိန်အဟုန် နဲ့ ဖွံ့ဖြိုးလာ
ခဲ့မယ်ဆ်ိုရင် second CBD ဖြစ်လာနိုင်ပြီး လူတွေလည်းနေဖို့ ရွေးချယ်လာကြမယ်။
* ဒါဆိုရင် ဗဟန်း၊ ရန်ကင်းလို မြို့နယ် တွေရော
second CBD ထဲ ပါ၀င် လာနိုင်မလား။
မရမ်းကုန်းမြို့နယ်နဲ့ ထိစပ်နေတဲ့နေရာတွေကတော့ ပါကောင်းပါ၀င် နိုင်ပါတယ်။ မရမ်းကုန်းနဲ့
ထိစပ်နေ တဲ့ မြို့နယ်တွေဖြစ်တဲ့အတွက်လည်း အိမ်ခြံမြေ ၀ယ်လိုအား ကောင်းမှာ ပါ။
* မြင့်တက်နေတဲ့ အိမ်ခြံမြေဈေးနှုန်းတွေကို
ထိန်းချုပ်ဖို့ကိုရော ဘယ်လိုမြင်ပါသလဲ။
အိမ်ခြံမြေဈေးနှုန်းကို ထိန်းချုပ်ဖို့က အိမ်ခြံမြေအခွန်နှုန်းထားတစ်ခု ထဲနဲ့ မလုံလောက်ဘူးလို့မြင်
တယ်။second city, third city တွေအမြန်ဆုံးအကောင်အထည်ဖော်ပြီးတော့ဒါတွေကို
Modernized city ဖြစ်အောင်ဖန်တီးပေးရမယ်၊ ဒါမှနေထိုင်သူတွေ နေချင်လာမယ်၊ ဥပမာပေး
ရမယ်ဆိုရင်ကားလိုပဲပေါ့၊ modernize ကားတွေဝင်လာရင် ကားဟောင်းတွေ ဈေးကျသလိုပဲ
ပေါ့၊ ဒီလိုပဲ အိမ်ခြံမြေ မှာလည်း modernize city တွေဖန်တီးပေးနိုင်မယ်ဆိုရင် downtown က
ဈေးတွေကျသွားနိုင်မယ်လို့ ထင်ပါ တယ်။
* ာသိနမညငဖန ခငအပ ဆိုတာမျိုးက။
ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေး၊ ဈေးဝယ်စင်တာတွေ ပြည့်စုံပြီး အိမ်ခြံ မြေဈေးနှုန်းတွေလည်း
သက်သာမယ့် ပြီးပြည့်စုံတဲ့ မြို့တော်တစ်ခုကိုတော့modernize city လို့ ခေါ်ပါတယ်။ ဒါတွေ
အားလုံးပြည့်စုံရင်လည်းလူတွေ က နေချင်ကြမှာပါပဲ။
* ရန်ကုန်မြို့တော် မြို့တွင်းနဲ့ မြို့စွန်ဧရိယာတွေ အိမ်ခြံမြေဈေးနှုန်း
ကွာခြားချက်တွေက လမ်းပန်းဆက်သွယ်ရေးနဲ့ ပံ့ပိုးမှုအင်္ဂါရပ်မပြည့်စုံ
တာတွေကြောင့် အဓိကလို့ ထင်ပါသလား။
မြို့တွင်းနဲ့ မြို့စွန်ဧရိယာတွေ အိမ်ခြံမြေဈေးနှုန်းကွာခြားချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ မြို့ပြဆိုင်ရာ
ပံ့ပိုးမှုအင်္ဂါရပ်In နဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ပြည့်စုံဖို့က အဓိကျတယ်
လို့မြင်ပါတယ်။
* ၂၀၁၅ အိမ်ခြံမြေနဲ့ အိမ်ရာဈေးကွက် ကရော
ဘယ်လိုဆက်ရှိသွားမယ်လို့ မျှော်မှန်းပါသလဲ။
၂၀၁၅ က ကျွန်တော်တို့နိုင်ငံအတွက် ပြောင်းလဲမယ့် နှစ်တစ်နှစ် ပါ။ ဒီအပြောင်းအလဲ ကောင်းမယ်
ဆိုရင် real estate sector လည်း ကောင်းလာမှာပါပဲ။
* အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အခုလို ဖြေကြားခွင့်ရတဲ့အတွက် လည်း ကျေးဇူးတင်ပါတယ်။
















