ဂျပန်ရန်ပုံငွေအဖွဲ့အကူအညီဖြင့် လမ်းအရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်မည်

ဂျပန်ရန်ပုံငွေအဖွဲ့အကူအညီဖြင့် လမ်းအရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်မည်

ဂျပန်ရန်ပုံငွေအဖွဲ့(Japan Fund for Poverty Reduction, JFPR) က ထောက်ပံ့ပြီး အာရှဖွံ့ဖြိုး
ရေးဘဏ် ADBက စီမံခန့်ခွဲမည့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ သန်းဖြင့် မြန်မာနိုင်ငံရှိလမ်းများ
အရည်အသွေး စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အကူအညီ ပေးသွားမည်ဖြစ်ကြောင်း
ADBက စက်တင်ဘာလ ၉ ရက် နေ့တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါထောက်ပံ့မှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ပေးအပ်မည်ဖြစ်ကြောင်းလည်း အဆိုပါထုတ်
ပြန်ချက်တွင် ပါရှိသည်။

"လက်ရှိက မြန်မာနိုင်ငံမှာ လူဦးရေ ၁၀၀၀ အတွက်လမ်းအရှည် ၂ ကီလိုမီတာစီရှိတယ်၊ လမ်း
အများစုက လည်းသိပ်မကောင်းဘူး။ ကျေးလက်ဒေသ၊ဈေးနဲ့မြို့ပြတွေကိုကုန်းလမ်း ဆက်သွယ်မှု
တွေတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်မယ်ဆိုရင် အခွင့်အလမ်းတွေ ပွင့်လင်းလာပြီး ပြည်
သူတွေအတွက်အလျင် အမြန်အကျိုးရှိစေမှာ ဖြစ်ပါတယ်ဟု" မြန်မာနိုင်ငံဆိုင်ရာအာရှဖွံ့ဖြိုးမှု
ဘဏ်မှအကြီးအကဲ Mr. Putu Kamayana ကပြောသည်။

လမ်းကွန်ရက်များ၏ အခြေအနေများ သုံးသပ်ခြင်း၊ ပြုပြင်ရမည့်လမ်းများ ဦးစားပေးသတ်မှတ်ခြင်း၊
ပို့ဆောင်ရေးနှင့် ပတ်သက်သည့် အဆောက်အဦးများ အသေးစိတ်စာရင်းပြုစုခြင်းတို့ကို ဂျပန်
ထောက်ပံ့ငွေဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်က လုပ်ဆောင်မည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထား
သည်။

အာရှဖွံ့ဖြိုးရေးဘဏ်က ဆောက်လုပ်ရေးဝန်ကြီးဌာနကို နည်းပညာအထောက်အပံ့ပေးကာ
ကုန်းလမ်းနှင့်ဆိုင်သည့် အခြေခံ အဆောက်အဦးများဖြစ်သော တံတားများ၊ လူသွားစင်္ကြံများ၊
ရေနုတ်မြောင်း ဖွဲ့စည်းမှု များကို အသေးစိတ်စာရင်း ပြုစုမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်
က ဆိုသည်။

မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုများသည် အစိုးရဘတ်ဂျက်ကို အဓိက
သုံးစွဲခဲ့ပြီး ယခုအချိန်ထိ ပို့ဆောင်ရေး အတွက် ပြုပြင်ထိန်းသိမ်းမှု နည်းပါးမှုကြောင့် နိုင်ငံစီးပွားရေး
ဖွံ့ဖြိုးမှုနှောင့်နှေးခဲ့ရသည်ဟု အဆိုပါ ADB၏ထုတ်ပြန်ချက်ကဆိုသည်။

အေဒီဘီ



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်