အိန္ဒိယအောက်လွှတ်တော်က အတည်ပြုလိုက် သည့် မြေယာပြုပြင်ပြောင်းလဲမှု ဥပဒေကြမ်းသည်
လေးလံနှေးကွေးနေသော နိုင်ငံ့စီးပွား ရေး တိုးတက်စေရန် ကြိုးပမ်းရာတွင် မလုပ်မဖြစ် လုပ်ရမည့်
စွန့်စားရသော ရင်းနှီးမြှုပ်နှံမှုအခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း အိန္ဒိယ စီးပွားရေးလုပ်ငန်းအုပ်
စုများက သတိပေးပြောကြားခဲ့သည်။
ထိုအငြင်းပွားဖွယ်ရာ မြေယာသိမ်းယူမှုဥပဒေကြမ်းမှာ ဆောက်လုပ်ရေးစီမံကိန်းများ အတွက် မြေ
ယာသိမ်းယူခြင်းခံရသည့် တောင်သူလယ်သမားများအတွက် မျှတသော မြေယာ လျော်ကြေးများ
ပေးချေနိုင်ရန်နှင့် ယခင်ကိုလိုနီ အစိုးရ ချမှတ်ခဲ့သော နှစ်ပေါင်း ၁၁၉ နှစ်ကြာ မြေယာဥပဒေအ
ဟောင်းကို အစားထိုးရန်အတွက် ရေးဆွဲခဲ့သည်။
ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့က အောက်လွှတ်တော်တွင် အတည်ပြုခဲ့သည့် ယင်းဥပဒေ
ကြမ်းမှာ မြေပိုင်ရှင်အခွင့်အရေး များ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းနှင့် စက်မှုလုပ်ငန်း
စီမံကိန်းများအတွက် မြေယာဝယ်ယူမှုလုပ်ငန်းစဉ်များ တိုးတက်မြန် ဆန်လာအောင် ဆောင်ရွက်ခြင်း
တို့အကြား သင့်တင့်ညီမျှသည့် လိုက်ဖက်ညီသော ဥပဒေ တစ်ခုအဖြစ် အစိုးရ၏ မှတ်ချက်ပေးခြင်း
ကို ရရှိခဲ့သည်။
သို့သော် စီးပွားရေးလုပ်ငန်းစုများက ယင်း ဥပဒေကြမ်းမှာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ဆယ်စုနှစ်ကြာ
နှေးကွေးမှုဖြစ်ပေါ်နေသည့်အချိန် အတောအတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ အခြေခံအဆောက်
အအုံနှင့် အိမ်ရာဆောက် လုပ်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု တု့ံဆိုင်း သွားနိုင်ပြီး ဆောက်လုပ်ရေး
စီမံကိန်းများ ၏ ကုန်ကျစရိတ်များလည်း အဆပေါင်းများစွာ မြင့်မားသွားစေနိုင်ကြောင်းဆိုသည်။
"စက်မှုလုပ်ငန်းစီမံကိန်းတွေနဲ့ အိမ်ခြံမြေ လုပ်ငန်းတွေအတွက် မြေယာဝယ်ယူမှုကုန်ကျစရိတ်ဟာ
မိုးထိုးအောင် မြင့်မားသွားနိုင်တယ်လို့ ယူဆမိပါတယ်"ဟု စီးပွားရေးနှင့် စက်မှု လုပ်ငန်းရှင်များ
အသင်းက ထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြထားသည်။ အထက်လွှတ်တော်က အတည်ပြု၊
သမ္မတက ထောက်ခံမှုပြုလုပ်ရန်ကျန်ရှိနေသော အဆိုပါ ဥပဒေသစ်တွင် မြေပိုင်ရှင်များသည်
မြေယာ လျော်ကြေးအဖြစ် ကျေးလက်ဒေသမှ မြေများ အတွက်ဆိုလျှင် ဈေးကွက်ပေါက်ဈေး၏
လေးဆကျော်နှင့် မြို့ပြဒေသတွင်ရှိသော မြေ များအတွက်ဆိုလျှင် ဈေးကွက်ပေါက်ဈေး ၏ နှစ်ဆ
ကျော် ရရှိမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။
ထို့ပြင် ပြောင်းရွှေ့ခံတောင်သူများအတွက် ပြန်လည်နေရာချထားရေးနှင့် အိုးအိမ်ပြန်လည်
တည်ဆောက်ရေးများအတွက် လိုအပ်ချက်ကိုလည်း အဆိုပါဥပဒေသစ်တွင် ဖော်ပြ ပါရှိသည်။
ယင်းဥပဒေကြမ်းတွင် ပြဋ္ဌာန်းထားသည့် မြေယာဝယ်ယူမှုတစ်ခုမလုပ်မီ မြေပိုင်ရှင် ၈၀ ရာခိုင်နှုန်း၏
သဘောတူခွင့်ပြုချက်ရရှိရ မည်ဟုဆိုသောသီးခြားပြဋ္ဌာန်းချက် တစ်ခုမှာ ဖြစ်နိုင်ရန် အလွန်ခဲယဉ်း
ကြောင်း ASS-OCHAM အထွေထွေအတွင်းရေးမှူး ဒီအက်စ် ရာဝပ်က ဆိုသည်။
မြေယာဝယ်ယူမှုများသည် အိန္ဒိယတွင် နိုင်ငံရေးအရ အရေးယူခံရသည့် ကိစ္စရပ်များ ဖြစ်ပြီး စက်မှုလုပ်ငန်းစီမံကိန်းများအတွက် မြေယာသိမ်းယူမှုများမှာ တောင်သူများ၊ လူမျိုး စုအုပ်စုများနှင့်
နိုင်ငံအာဏာပိုင်များအကြား တင်းမာမှုများကိုလည်း ဖြစ်ပေါ်စေသည်။ အိန္ဒိယအရှေ့ပိုင်းဒေသတွင်
ဆောက်လုပ် မည့် တောင်ကိုရီးယား သံမဏိလုပ်ငန်းကြီး POSCO က ဒေါ်လာ ၁၂ ဘီလျံ အကုန်
အကျခံ ဆောက်လုပ်မည့် သံမဏိစက်ရုံစီမံကိန်း အပါအဝင် ပမာဏကြီးသော ရင်းနှီးမြှုပ်နှံမှု များ
မှာ ယခုအခါ တုံ့ဆိုင်းနေပြီး နှစ်ပေါင်း များစွာကြာသည့် အထိပင် ရပ်တန့်သွား နိုင်မည့် အခြေအနေ
ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း ရူပီးတန်ဖိုး စံချိန်တင် ထိုးကျသွားခဲ့ပြီး တစ်ဖက်တွင်
လည်း အိန္ဒိယ၏စီးပွားရေးဖွံ့ဖြိုး မှုနှုန်းထားမှာ ဆယ်စုနှစ်တစ်စုအတွင်း အနှေး ကွေးဆုံး နှုန်းထား
ဖြင့်သာ ရှိနေသည်။
ယခုနှစ် အာရှဒေသ၏ အဆိုးရွားဆုံးငွေကြေးဖြစ်နေသော ရူပီးမှာ သောကြာနေ့မနက်ပိုင်းက
ဒေါ်လာလဲလှယ်နှုန်းအရ ၆၇ ဒသမ ၃၇ ဖြစ်ခဲ့သည်။ အိန္ဒိယစက်မှုနှင့် စီးပွားရေးလုပ်ငန်းရှင်
များအဖွဲ့ချုပ်က အဆိုပါမြေယာဥပဒေသစ်မှာ မြေယာဝယ်ယူခြင်းအတွက် ခေတ်နှင့်မလျော်
ညီတော့သည့် ယခင်စည်းမျဉ်းများကို မြန်ဆန် တိုးတက်မှုများ ပေးစွမ်းနိုင်ခြင်းမရှိသည့်အပြင်
မြေဝယ်ယူမှုလုပ်ငန်းစဉ်ကို လေးငါးနှစ်အထိ ပိုမိုကြန့်ကြာသွားစေနိုင်ကြောင်း ပြောကြားခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီး ပီချီဒန်ဘာရမ်က နောက် နှစ် ရွေးကောက်ပွဲများ မတိုင်မီ ၎င်း၏ အာဏာရ
ကွန်ဂရက်ပါတီအတွက် ကျေးလက် ဒေသများမှ မဲရရှိရန်အတွက် ရည်ရွယ်ပြီး ယင်းဥပဒေကြမ်း
ကို ရေးဆွဲခဲ့ခြင်းမဟုတ်ကြောင်း ကြာသပတေးနေ့နှောင်းပိုင်းက ပြော ကြားခဲ့သည်။
(အေအက်ဖ်ပီ)















