ခေတ်မီလှပတဲ့ ပြင်ဆင်မှုတွေရှိတဲ့ နတ်မောက်ကွန်ဒိုက ခေါင်မိုးအိမ်

ခေတ်မီလှပတဲ့ ပြင်ဆင်မှုတွေရှိတဲ့ နတ်မောက်ကွန်ဒိုက ခေါင်မိုးအိမ်

ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်ကလေးကိုတော့ ဗညားဒလလမ်းမှာရှိတဲ့ နတ်မောက်ကွန်ဒိုက အပေါ်ဆုံးထပ်မှာရှိတဲ့ ခေါင်မိုးအိမ်ကလေးကို ဖော်ပြပေးလိုက်ပါတယ်။

လေကောင်း လေသန့်ကောင်းကောင်း ရနိုင်တဲ့ နေရာလေးဖြစ်လို့ တိုက်ရဲ့ အမြင့်ဆုံး အထပ်မှာ
နေချင်ပြီးတော့ လွတ်လွတ် လပ်လပ်နေချင်တဲ့စာဖတ်သူတွေ စိတ်ကြိုက်တွေ့စေမယ့်နေရာ
တစ်ခုလို့ ထင်ပါတယ်။

ဒီကွန်ဒိုက မင်္ဂလာတောင်ညွန့် မြို့နယ်မှာရှိတဲ့အတွက် သွားရေးလာရေး လွယ်ကူတဲ့နေရာတစ်ခုပါ။
ပြီးတော့ ဒီကွန်ဒိုမှာ ရှစ်လွှာပါရှိပြီး ဓာတ်လှေကားက ဒီခေါင်မိုးထပ်ကလေးအထိရောက်ရှိပါတယ်။
ကွန်ဒိုတည်ရှိတဲ့နေရာက လူစည်ကားတဲ့နေရာမှာရှိတဲ့အတွက် ပတ်ဝန်းကျင်ကအနည်းငယ်ဆူညံ
ပေမယ့် ဈေးနဲ့လည်းနီးပြီး ကား မှတ်တိုင်တွေကလည်း အနီးအနားမှာရှိလို့ နေထိုင်သူတွေ အဆင်
သင့်ဖြစ်စေမယ့်နေရာလို့ ထင်ပါတယ်။

ခေါင်မိုးပေါ်က နေရာအကျယ် အဝန်းကတော့ စုစုပေါင်း စတုရန်းပေ ၄,၄၀၀ ကျယ်ဝန်းပြီးတော့
ဒီ ခေါင်မိုးပေါ်မှာမှ ခေတ်မီပုံစံ တစ်ထပ်အိမ်ကလေးကို ဆောက်ထား ပေးပါတယ်။ ဒီတစ်ထပ်
အိမ်ကလေး မှာ ၀င်ဝင်ချင်း ကျယ်ကျယ်ဝန်းဝန်း ရှိလှတဲ့ ဧည့်ခန်းကျယ်ကို အရင်ဆုံး တွေ့ရမှာ
ဖြစ်ပါတယ်။

အိမ်ရဲ့ အတွင်းပိုင်းမှာတော့ ရိုးရိုးတစ်ယောက်အိပ်ခန်း တစ်ခန်းနဲ့ ရေချိုးခန်းအိမ်သာတွဲလျက်ပါတဲ့
အိပ်ခန်းကျယ်တစ်ခန်းကို ဖွဲ့ပေးထား ပါတယ်။ ဒီအိမ်ကလေးရဲ့ နောက်ဆုံး ပိုင်းမှာတော့ အဆင့်
မြင့်ပြင်ပြီးသားဖြစ်တဲ့ မီးဖိုခန်းကိုတွေ့ခဲ့ရပါတယ်။ အိမ်ရဲ့အတွင်းပိုင်းကို တစ်ခန်းနဲ့ တစ်ခန်း မတူ
ညီတဲ့ အရောင်ကလေးတွေ သုတ်ထားပေးပြီး အောက် ကြမ်းခင်းတွေကို ကြွေပြားတွေ ခင်းပေး
ထားပါသေးတယ်။

အိမ်ရဲ့အပြင်ဘက်မှာလည်း ကိုယ်ပိုင် ခြံဝင်းကလေး တစ်ခုလိုမျိုး ရေတံခွန်ကလေးနဲ့ ပြုလုပ်ထား
တဲ့ပန်းခြံကလေးကိုလည်း သတိပြုမိခဲ့ပါတယ်။ ဒီအိမ်ကလေးရဲ့ အပြင်ဘက်မှာ နေရာလွတ်
အတော်ကျယ်ကျယ်ရှိသေးတဲ့အတွက် ကိုယ့်စိတ်ကြိုက် ပန်းပင်ကလေးတွေကို အလှ စိုက်
ပျိုးထားနိုင်ပြီး ညဘက် မိသားစု တွေ အပန်းဖြေအနားယူနိုင်ဖို့ သင့်တော်တဲ့နေရာကလေး
တစ်ခုလို့ ထင်မိ ပါတယ်။

အိမ်ရဲ့ အပြင်ဘက်ကို အပူအအေးထိန်းညှိပေးနိုင်တဲ့ အုတ်ကြွပ်ကြွေပြားလေးတွေကို အညိုနဲ့
အဝါရောင် ရောပြီး အလှဆင်ပေးထားပါတယ်။ ဒီအိမ်ကလေးကို အရောင်းသီးသန့် ဈေးဖွင့်လှစ်
ပေးထားပြီး အခန်းက အခုမှ ပြင်ဆင်ပြီးသားဖြစ်လို့ ၀ယ်ယူသူတွေအတွက် အခန်းပြင်ဆင်ဖို့
စိတ်ပူနေစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ ဒီအိမ်မှာ စုစုပေါင်း လေအေးပေးစက်သုံးလုံးပါ၀င်
ပြီးတော့ ရေမီးအပြည့်အစုံ ပါ၀င်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်