အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနနှင့် Global Enchanting Education
Centre တို့ပူးပေါင်းကျင်းပသည့် "လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ
စိန်ခေါ်မှုများ" ဆွေးနွေးပွဲကို စက်တင် ဘာ ၁၅ ရက်နေ့တွင် လှိုင်တက္ကသိုလ်နယ်မြေအတွင်းရှိ မြန်
မာနိုင်ငံ အင်ဂျင်နီယာအသင်းရုံးအဆောက်အအုံ၌ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးထင်အောင်၊ အလုပ်သမားဝန်
ကြီးဌာနလက်အောက်ရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေး
မှူးချုပ် ဦးဝင်းရှိန်၊ Enchanting Group of Companies ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ဒုတိယ အင်ဂျင်နီယာချုပ်
ဒေါက်တာကျော်ကျော်ထွန်း နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့
ကြသည်။
"Global Enchanting ကုမ္ပဏီက ပညာရေး ပိုင်းကို အဓိကလုပ်ဆောင်ပါတယ်၊ ဒါပေမဲ့ သာမန်
ပညာရေးလုပ်ငန်းတွေအပြင် ကံကောင်း တာတစ်ခုက အလုပ်သမားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး
တော့ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်၊ဒီလိုပူးပေါင်းဆောင်
ရွက်နိုင်ဖို့အတွက်လည်း အလုပ်သမားဝန်ကြီးဌာနရဲ့ အကူအညီမပါရင် မရနိုင်ပါဘူး၊ ဒါ့ပြင် အလုပ်
ရုံနှင့်အလုပ် သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနရဲ့ ပူးပေါင်း ဆောင်ရွက်မှုမပါဘဲနဲ့လည်း လုပ်ငန်း
တွေဆောင်ရွက်လို့မရနိုင်ပါဘူး၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်အနေနဲ့လည်း အဘက်ဘက်က
လမ်းညွှန်မှုတွေပေးခဲ့ပါတယ်၊ ဒါကြောင့်လည်း ၀န်ကြီးဌာနကို ကျေးဇူးတင်ပါတယ်"ဟု
Enchanting Group of Companies ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးသည် ယနေ့ခေတ်အချိန်တွင် အလွန်ပင်အရေးကြီး သည့်
အချက်တစ်ချက်ဖြစ်လာကြောင်းကို လည်း ဦးခင်မောင်ဝင်းက ဆက်လက် ရှင်းလင်းပြောကြား
ခဲ့သည်။
"Global Enchanting Education Centre မှာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး
လက်စွဲထားတဲ့ ဆောင်ပုဒ်နှစ်ခုရှိပါတယ်၊ နံပါတ်(၁)ကတော့ "Safety for the heart" ဖြစ်ပါ
တယ်၊ ဆိုလိုတာကတော့ လုပ်ငန်းခွင်မှာ အန္တရာယ်ကင်းရှင်းပါစေ၊ ကျန်းမာရေးနဲ့ ပြည့်စုံပါစေဆိုတဲ့
အဓိပ္ပာယ်ပေါ့၊ နံပါတ် (၂)ကတော့"We care for safety"ဆိုလိုတာက လုပ်ငန်းခွင်အန္တရာယ်
ကင်းရှင်းရေး အတွက် အမှန်တကယ်ပဲအလေးထားပါတယ်ဆိုတာကို ပြောချင်တာပါ၊
လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးက ကမ္ဘာ မှာ ဘာလို့ဒီလောက်တောင် ရေပန်း
စားနေသလဲဆိုရင် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ှုူဥ က ထုတ်ပြန်တဲ့ စာရင်းအရ အလုပ်သမား
ပေါင်း ၂.၃ သန်းလောက်လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး မတော်တဆဖြစ်မှုကြောင့် နှစ်စဉ် သေဆုံး
နေရပါတယ်၊ ဒဏ်ရာရတဲ့လူတွေက ဒီထက်ပိုများပါတယ်"ဟု ၎င်းကပြောသည်။ လုပ်ငန်းခွင်
ထိခိုက်သေဆုံးဒဏ်ရာရမှုများ ၏ အကျိုးဆက်ကြောင့် ကမ္ဘာ့ GDP ၏ ၄ ရာခိုင် နှုန်းဆုံးရှုံးနေ
ရကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
"လူမှုရေးကွင်းဆက်အနေနဲ့ သူတို့မိသားစုတွေမှာ ဘယ်လောက်ထိခိုက်မလဲ၊ ကိုယ့်မိသားစု
၀င်ငွေရအောင်လုပ်ပေးနေတဲ့ လူတစ်ယောက် ထိခိုက်သေဆုံးသွားရင် ဘယ်လောက်ထိခိုက်
ရမလဲ၊ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာလည်း ဒါနဲ့ပတ်သက်ပြီးတော့ awareness ရလာအောင်၊
အများသိလာအောင် လုပ်ပေးရတာ ဖြစ်ပါတယ်"ဟုလည်း ဦးခင်မောင်ဝင်းက ရှင်းလင်းပြောကြား
ခဲ့သည်။ ]
"လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေလုပ်တဲ့အခါမှာ
နိုင်ငံတော်ရဲ့ ဦးဆောင်မှု ူနေိနမျ့ငစ၊ နိုင်ငံတော်ရဲ့အားပေးမှု မပါဘဲနဲ့ လုပ်လို့မရပါဘူး၊ လုပ်ငန်း
ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး လုပ်ငန်းဟာ စီးပွားရေးအရ အရေးကြီးသလို မဖြစ်
မနေလုပ် ဆောင်ရမယ့်လုပ်ငန်းပါ၊ ကျွန်တော်တို့နိုင်ငံမှာ လွန်ခဲ့တဲ့လ ၃၀ အတွင်းမှာ အခြေခံကျ
တဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တယ်၊ဒီတော့ အက်ဖ်ဒီအိုင်ဝင်လာဖို့အတွက် အလားအလာကောင်းတယ်ဆိုတာ ပြည်တွင်း ရော နိုင်ငံခြားကလူတွေကပါ လက်ခံလာကြ တယ်။
ဒီတော့ awareness ကလည်းအရေးကြီးလာတယ်၊ ဒီအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ကိုင်
သွားကြရမှာ ဖြစ်ပါတယ်၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးအတွက် ဥပဒေတစ်ရပ်ကိုလည်း
ရေးဆွဲနေပြီး မကြာမီပဲ ထုတ်ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟုလည်း Enchanting Group of
Companies ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ဆွေးနွေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ ဒုတိယအင်ဂျင်နီယာချုပ်
ဒေါက်တာ ကျော်ကျော်ထွန်းကလည်း လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ ဆွေးနွေး
ပြောကြားခဲ့သည်။
"လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး ဒီနိုင်ငံမှာ အတွေ့အကြံု၊ ဗဟု သုတ နည်းပါး
တာကိုတွေ့ရပါတယ်၊ အရင် တုန်းကဆိုရင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်း ရေးနဲ့ ပတ်သက်ပြီး
အလေးထားပြောဆိုတာ အလွန်နည်းခဲ့ပါတယ်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာဆိုရင် လုပ်
ငန်းခွင် မတော်တဆထိခိုက်မှုတွေက ရာနှုန်းပြည့် ဖြစ်နိုင်ခြေရှိနေပါတယ်၊ ကျွန်တော့်အမြင်မှာ
တော့ အစိုးရကလုပ်ငန်းခွင်အန္တရာယ်ကင်းရှင်း ရေးအတွက် ဥပဒေလုပ်ထုံးလုပ်နည်းတွေကို
ထုတ်ပြန် ပြဋ္ဌာန်းပြီး တင်းတင်းကျပ်ကျပ်ဆောင်ရွက်နိုင်မှသာ ထိရောက်မှုရှိမှာပါ၊ ဒီလို မပြဋ္ဌာန်း
နိုင်သေးသရွေ့တော့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ထိထိရောက်ရောက်
ဆောင်ရွက်နိုင်မှုက အားနည်း နေဦးမှာပဲလို့ မြင်တယ်"ဟု ဒုတိယအင်ဂျင် နီယာချုပ် ဒေါက်တာ
ကျော်ကျော်ထွန်းက ရှင်းလင်းပြောကြားခဲ့သည်။
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးသည်လူတိုင်းတွင် တာဝန်ရှိပြီး အလုပ်ရှင်၊ စီမံကိန်း မန်နေဂျာ၊
အင်ဂျင်နီယာ၊ လက်ထောက်အင်ဂျင် နီယာ၊ ကြီးကြပ်ရေးမှူး၊ ဆပ်ကန်ထရိုက်တာ အစရှိသဖြင့်
စီမံကိန်းအတွက် တာဝန်ယူထားသော ရာထူးအဆင့်အသီးသီးတွင် အန္တရာယ်ကင်းရှင်းရေး
အတွက် ကြီးကြပ်တာဝန်ယူ ဆောင် ရွက်ရန် တာဝန်ရှိကြောင်းလည်း ၎င်းက ပြောသည်။
"လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အတွက် စီမံကိန်းနဲ့ သက်ဆိုင်တဲ့တာဝန်ရှိသူတိုင်းက အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ဖို့ လေ့လာနေရမယ်၊ နောက်ပြီး ဒီနိုင်ငံ အတွက်
စင်ကာပူနိုင်ငံရဲ့ ဆောက်လုပ် ရေး စီမံကိန်းတွေမှာ ဘယ်လိုလုပ်ကိုင် နေတယ်ဆိုတဲ့ code of
practice တွေကို လေ့လာရမယ်၊ သူတို့နိုင်ငံမှာ ဆိုရင် စီမံကိန်းမှာ ပါ၀င်ဆောင်ရွက် သူတွေအား
လုံး ဥပမာ lifting supervisor ကအစ certificate ရမှ လုပ်လို့ရတယ်၊ ဒီတော့ ဒီနိုင်ငံ မှာလည်း
အာဆီယံနိုင်ငံ အသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်တွေ ရထား ဖို့ လိုအပ်တယ်၊ safety နဲ့ ပတ်
သက် တဲ့သင်တန်းတွေ သေချာတက်ထားဖို့ လိုအပ်ပါတယ်"ဟု ဒေါက်တာ ကျော်ကျော်ထွန်းက
ရှင်းလင်း ပြောကြားခဲ့သည်။
"စီမံကိန်းတစ်ခု လုပ်တော့မယ်ဆို ရင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးမူဝါဒတွေ ချမှတ်ဖို့လိုပါ
တယ်၊ အန္တရာယ်ရှိနိုင်တဲ့အခြေအနေတွေကို ရှာဖွေဖော်ထုတ်ဖို့လိုတယ်၊ ပြီးရင်အန္တရာယ်ကင်းရှင်း
သွားအောင် လုပ်ရ မယ်၊ ဒီလိုမှမရဘူးဆိုရင် အစားထိုး နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေရမယ်၊
အင်ဂျင်နီယာနည်းလမ်းနဲ့ ထိန်းချုပ် တာ ဒါမှမနိုင်ဘူးဆိုရင် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေက
ထိန်းချုပ်ပေးတာမျိုးတွေထိ ဆောင်ရွက်ဖို့လို အပ်ပါတယ်"ဟု ၎င်းက ဆက်လက်ရှင်း လင်း ပြော
ကြားခဲ့သည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်များ တွင် Personal Protective Equipment-PPE များကို စနစ်
တကျ ၀တ်ဆင်၍ လုပ်ငန်းခွင်ဝင်ရောက်ကြရန် လိုအပ်ကြောင်းလည်း ဒေါက်တာ ကျော်ကျော်
ထွန်းက ပြောကြားခဲ့ သည်။
"လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်း စေဖို့ လုပ်ငန်းခွင်သုံးဦးထုပ်၊ မျက်မှန်၊ မျက်နှာကာ၊ လက်အိတ်၊
ear muff, body suite စတာတွေကို အပြည့်အစုံဝတ်ဆင်ထားဖို့လည်း လိုအပ်ပါတယ်၊ တခြား
နိုင်ငံတွေမှာဆိုရင် Standard ရှိတဲ့ safety equipment တွေသုံးနေကြပြီ၊ ဒီတော့ မြန်မာနိုင်ငံ
မှာလည်းကွာလတီပြည့်ဝတဲ့ safety equipment တွေသုံးဖို့ ပြဋ္ဌာန်းပေးဖို့ လိုတယ်"ဟု ပြောသည်။
"အခု ဒီနိုင်ငံမှာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက် ဥပဒေတွေရေးဆွဲပြဋ္ဌာန်းနေတယ်၊
Engineering Council Law ထွက်လာပြီဆိုရင်တော့ သတ်မှတ်အဖွဲ့အစည်းတစ်ခုကနေ
Certificate တွေထုတ်ပေးမယ်၊ အားလုံးပူးပေါင်းဆောင်ရွက် မှသာ လုပ်ငန်းခွင် အန္တရာယ်
ကင်းရှင်းရေးအတွက် အပြည့်အဝ အကောင်အထည် ဖော်သွားနိုင်မှာဖြစ်ပါတယ်"ဟုလည်း
ဒုတိယ အင်ဂျင်နီယာချုပ် ဒေါက်တာ ကျော်ကျော်ထွန်းက တက်ရောက် လာသူများအား
ရှင်းလင်းပြောကြား ခဲ့သည်။
















